ရန်ကုန်မြို့ကို အမှိုက်ကင်းကင်းနဲ့ သန့်ရှင်းအောင်ထားဖို့တိုက်တွန်းနေတဲ့ Sinon Loresca

85

King of catwalk လို့တင်စားခေါ်ဝေါ်ကြတဲ့ Sinon Lorescaတစ်ယောက်ကတော့ မြန်မာနိုင်ငံမှာ ပရိသတ်တွေ တနေ့နဲ့ တနေ့ပိုမိုများပြားလာနေပါတယ်။ ပထမအကြိမ် မြန်မာနိုင်ငံကိုလာရောက်ပြီး သူရဲ့အံ့သြမှင်သက်ဖို့ကောင်းတဲ့ catwalkတွေနဲ့အတူ လိုအပ်နေသူတွေကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့သူကို အပြုသဘောဆောင်ပြီး အားပေးခဲ့တဲ့ မြန်မာပရိသတ်တွေတော်တော်များများရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ သူရဲ့ဒုတိယအိမ်ပါပဲလို့တင်စားခဲ့ကာ နောက်တစ်ခေါက်ပြန်လာပြီး မြန်မာပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်နေတဲ့သူဟာ အခုတခေါက်မှာလည်း အံ့သြဖို့ကောင်းတဲ့လှုပ်ရှားမှုတစ်ခုက်ုပြုလုပ်ခဲ့ပါတယ်။ အဲ့တာကတော့ ရန်ကုန်မြို့တွင်းမှာ အမှိုက်တွေလိုက်ကောက်ပေးရင်းနဲ့ ရန်ကုန်မြို့မှာအရမ်းလှတဲ့ပန်းခြံတွေရှိတာမို့ မြို့တော်သန့်ရှင်းသပ်ရပ်ဖို့ အမှိုက်ကောက်တာတွေ စနစ်တကျစွန့်ပစ်တာတွေပြုလုပ်ဖို့ တိုက်တွန်းနေတာပါပဲ။

ဒီလိုမျိုး တိုက်တွန်းနေတဲ့သူ့ရဲ့ပုံစံကိုမြန်မာပရိသတ်တွေကတော့ သဘေညအကျကြီးကျလို့နေပါတယ်။ ဒီတခေါက်လည်း မြန်မာပရိသတ်တွေကို သူ့ကိုကြွေအောင်လုပ်လိုက်ပြန်ပါပြီ။

Yenin Phawah-#AlinnMyay(အလင်းမြေ)

(Zawgyi)


အောက်တိုဘာ(၁၄)AlinnMyay(အလင်းမြေ)



