ငွေဆောင်ကမ်းခြေ တစ်လျှောက်တွင် ရေညှိတုံးများဖြစ်ပေါ် ရောက်ရှိနေ၍ အရေးပေါ်သတိပေးချက်ထုတ်

331

ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ တစ်လျှောက်တွင် ရေဒန်း(ခ)ရေညှိတုံးများဖြစ်ပေါ် ရောက်ရှိနေသဖြင့် အဆိုပါ ရေညှိတုံးများသည် လူကို အန္တရာယ်ဖြစ်နိုင်သည့်အတွက် အထူးသတိထားရန် ယနေ့ အရေးပေါ်သတိပေးချက်ထုတ်ပြန်ထား ကြောင်းငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

အဆိုပါ ဒေသအခေါ် ရေဒန်း(ခ)ရေညှိတုံးများသည် အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ရောက်ရှိလာပြီး လူကိုထိမိပါက အရေပြားယားယံခြင်း၊နာကျင်ခြင်းဝေဒနများကို ခံစားရနိုင်သဖြင့် အထူးသတိပြုဖို့လိုအပ်သည့်အတွက် ရှောင်းရှားနိုင်ဖို့ သတိပေးရခြင်းဖြစ် ကြောင်းငွေဆောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ပြောသည်။

လက်ရှိတွင် ဒေသအခေါ် ရေဒန်း(ခ)ရေညှိတုံးများ အများအပြား ကျရောက်နေသဖြင့် ကမ်းခြလုံခြုံရေးနှင့် စည်းကမ်းထိန်းရေးအဖွဲ့များ၊ ၊ရဲတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့များမှ ှပူးပေါင်းကာ သတိပေးစာဆောင်များ ဖြန့်ဝေခြင်းနှင့် သတိပေးစကားများ လှုံဆော်ပြောကြားခြင်းများ အရေးပေါ်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ရေဒန်းများသည် ပင်လယ်ပြင်တွင် အမြဲရှိတတ်သော သတ္တာဝါဖြစ်ပြီးရာသီဥတုပြောင်း လဲသည့် ဖြစ်စဉ်များကြောင့် ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ငွေဆောင်ကမ်းခြေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သတင်းတာဝန်ခံ ကျော်ခေတ်လင်း #AlinnMyay(အလင်းမြေ)

(Zawgyi)


အောက်တိုဘာ(၁၄)AlinnMyay(အလင်းမြေ)



လက်ရှိတွင် ဒေသအခေါ် ရေဒန်း(ခ)ရေညှိတုံးများ အများအပြား ကျရောက်နေသဖြင့် ကမ်းခြလုံခြုံရေးနှင့် စည်းကမ်းထိန်းရေးအဖွဲ့များ၊ ၊ရဲတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့များမှပူးပေါင်းကာ သတိပေးစာဆောင်များ ဖြန့်ဝေခြင်းနှင့် သတိပေးစကားများ လှုံဆော်ပြောကြားခြင်းများ အရေးပေါ်လုပ်ဆောင်နေကြောင်း သိရသည်။

