ဖခင်အသက်ဆုံးပြီး မိသားစုမှာ ကူကယ်ရာမဲ့နေပါသဖြင့် မြန်မာပြည်ကို အမြန်ဆုံးပြန်လာပေးပါ

659

ဒဂုန်ရွှေမျှားရဲ့ မြေးဖြစ်သူ ကိုဝင်းဇော်တင်… ဖခင်မှာအသက်ဆုံးပြီး မိသားစုမှာ ကူကယ်ရာမဲ့နေပါသဖြင့် မြန်မာပြည်ကို အမြန်ဆုံးပြန်လာပေးပါ

#ဂျပန်မှာတွေ့ရှိခဲ့သူများရှိရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြပါ

ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါ။

ဖော်ပြပါပုံထဲက အမျိုးသားကို တွေ့ရှိခဲ့ရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ပါ ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။

“ကူညီရှယ်ပေးပြီး တွေ့ရင် ဆက်သွယ်ပေးကြပါ။ ကူညီပေးကြပါ။ တွေ့ရင်အကြောင်းပေးကြပါ။ ဖခင်မှာ အယ်ဇိုင်းမား ရောဂါဆိုးခံစားရလို့ အသက်ဆုံးသွားပြီဖြစ်ကာ မိသားစုမှာ ကူကယ်ရာမဲ့ ဒုက္ခတွေ့နေပါသဖြင့် ကိုယ်တိုင်ရှာဖွေနေပါသည်။ ဂျပန်မှာတွေ့ရှိခဲ့သူများရှိရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြပါ ” ဆိုတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဒီပို့စ်လေးကို Aye Aye Zaw Tin ဆိုတဲ့ အကောင့်ပိုင်ရှင်ဖြစ်သူ မအေးအေးဇော်တင်က သူတတ်နိုင်သမျှ သတင်းပေးမျှဝေထားတာ ဖြစ်ပါတယ်ခင်ဗျာ။ ဂျပန်ပြည်ကို ရောက်ရှိနေတဲ့ မောင်ဖြစ်သူ ကိုဝင်းဇော်တင်ရဲ့ ဓာတ်ပုံ သက်သေနဲ့ တကွ တင်ရှိပေးထားတာဖြစ်ပြီး မိသားစုရှိရာ မြန်မာပြည်ဆီ အမြန်ဆုံးပြန်လာစေနိုင်ဖို့ တွေ့ရှိသူများက ကူညီအကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

ကူကယ်ရာမဲ့ ဒုက္ခရောက်ပြီး ဖခင်က အယ်ဇိုင်းမား ရောဂါဝေဒနာဆိုးကြောင့် ကွယ်လွန်သွားခဲ့တာကြောင့် အကူအညီလိုအပ်နေတဲ့ မိသားစုအတွက် အစ်မဖြစ်သူ မအေးအေးဇော်တင်က ပူပင်ဒုက္ခရောက်နေပြီး မိသားစုအတွက် သောကကို​ခံစားနေရတာမို့ အဆက်အသွယ်ပြတ်တောက်နေတဲ့ မောင်ဖြစ်သူ ကိုဝင်းဇော်တင် ကို အမြန်ဆုံးပြန်လာပေးစေလိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကရုဏာသက်စရာ ဒီ မိသားစုလေးအတွက် ဒီပို့စ်လေးကို လူများများသိအောင် ရှဲပြီး အသိပေးမျှဝေပေးကြပါဦး ApannPyay ချစ်ပရိသတ်ကြီးတို့ရေ။

ကိုဝင်းဇော်တင်ဟာ နိုင်ငံကျော် စာရေးဆရာကြီး ဒဂုန် ရွှေမျှားရဲ့ မြေးဖြစ်သူ လို့ သိရပြီး သူဟာ ၁၉၈၈ ခုနှစ်က ဂျပန်ပြည် တိုကျိုမြို့ထွက်ခွားသွားခဲ့စဉ်မှာပဲ ကွမ်း ဆေးလိပ် အရက် လုံးဝမှီဝဲသုံးစွဲခြင်းမရှိတဲ့ သူ့ရဲ့ ဖခင်ဟာ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဖြစ်ကြောင်း၊ ၉၆ ခုနှစ်မှာ ဖခင်ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း၊ ဂျပန်သံရုံးသွားပြီး ကိုဝင်းဇော်တင် ကိုရှာဖွေဖို့ အကူအညီတောင်းခံခဲ့ပေမဲ့ မရခဲ့ကြောင်း၊ အဆက်သွယ်ရချင်ရင် ပုန်းရည်ကြီးလှူရမယ်ဆိုလို့ ဘုန်းကြီးကိုပုန်းရည်ကြီးတွေလှူတာလည်း မထူးခဲ့ကြောင်း၊

သူ့ကိုတွေ့ချင်လွန်းလို့ ဒီ ပို့စ်လေးကို တင်ချင်တာကြာပေမဲ့ အစ်မဖြစ်သူ ကိုယ်တိုင်ရှက်လို့မတင်ခဲ့ကြောင့်၊ ဒါပေမဲ့လည်း ဒီ ပို့စ် လေးဟာ ကူရာမဲ့ ရေနစ်နေသူ မိမိတို့မိသားစုအတွက် ကိုဝင်း​ဇော်တင် ကိုပြန်​တွေ့နိုင်မဲ့ ကောက်ရိုးလေး တစ်မျှင် ဖြစ်ကြောင်း၊ ဂျပန် မှာ သူ့ကို တွေ့ခဲ့သူများရှိရင် ကျေးဇူးပြုပြီး ဆက်သွယ် အကြောင်းကြားပေးစေလိုကြောင်း ရေးသားဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

မအေးအေးဇော်တင်၏အကောင့်

“(27.3.88)နေ့ကTokyo သို့ထွက်ခွါသွားသောမောင်လေးဝင်းဇော်တင်ရေ (jpn နာမည် win-san)

နင်jpnသွားတဲ့အချိန်ကကွမ်း ဆေးလိပ်အရက်လုံး

ဝမသောက်တဲ့ဖေဖေကLဇိုင်းမားစဖြစ်နေပြီ။Jpn မှာကုရင်သိန်း ၂၀ ကျော်ကုန်မယ် but အသက် ၆၀ နီးပါးမို့ အာမ မခံဘူးတဲ့။၈၅ ခုနှစ်က အိမ်မှာ အဲ့လောက်ငွေမရှိခဲ့ဘူး။မမရဲ့မူပြဆရာမလခ ၂၂၅ ကျပ်ရယ်ကလေးတစ်ယောက် ကို ၄၀ နဲ့ ကျူရှင်ပြတဲ့ဝင်ငွေဘဲရှိတာလေ။အငယ်ကောင် ၁၀ တန်းက ကုန်သေး။နင်မသွားခင် ဖေဖေ့ကိုdr စိုးလင်းဆီ သွားစိုက်ဖို့ ခေါ်သွားတော့ dr ကဖေဖေ့ကို ဟ လို့ပြောတာ ဖေဖေကပါးစပ်ဟမပေးဘဲသူက dr့ကို ဟ လို့ပြန်ပြောတယ်။နောက်ဆုံး dr က ဟ ဖေဖေက ဟနဲ့ ပါးစပ်ဟခိုင်းလို့မရ နင်စိတ်ညစ်ပြီးဖေဖေ့လက်ဆွဲပြန်လာတာတွေ။နင်နဲ့ငါ က ၉ နှစ်ကွာတဲ့အထက်အောက်ဆိုတော့အငယ်ကောင်ဆိုးတဲ့ဒဏ်ကိုငါတို့ ၂ ယောက်အတူခံခဲ့ရတာတွေမေ့မရခဲ့ဘူး။ နင့်ဓါတ်ပုံဖေဖေ့ပြပြီးဝင်းဇော်ဘယ်သွားလဲမေးရင်သူ့လက်ကို လေယာဉ်ပျံပုံလုပ်ပြီး ဝူး ဝ ူးဆို ပြောတယ်။သိပေမဲ့ပါးစပ်ကမပြောနိုင်ရှာတော့ဘူး။

၂၉ ့ ၃့ ၉၆ မှာ ငါတို့ဖေဖေ ဆုံးသွားတယ်။နင်ရော အငယ်ကောင်ပါအိမ်မှာမရှိဘူး။နင်မသွားခင်ညကနင်ရောငါပါ မအိပ်နိုင်ဘဲ မမရေ သားတော့အဆင်မပြေရင် BKK လမ်းဘေးမှာပဲကြီးလှော်ဝါး ရေသောက်နေရမလားမသိဘူးပြောခဲ့တာတွေ။နင်ဝယ်လာတဲ့ ၁ ကျပ်တန် ဝက်ပေါင်ခြောက်ကြော်လေးကို ငါကကောင်းလိုက်တာပေးပါဦးဆိုတော့ မမရေဒါအကုန်ဘဲဆိုပြီး ၂ ထပ်ကုတင် အပေါ််ကနေ အောက်ကုတင်ကငါ့ကိုလှမ်းပေး မေ့မရသေး မောင်လေးရေ။နင် jp ရောက်စက လိုတဲ့ဒေါ်လာကို ပုလင်းလို့စကားဝှက်သုံးပြီး တောင်းသလောက်ပို့့့့ပေးခဲ့တယ်။နင့်ကံကြောင့့်နောက်ဆုံးအဆင်ပြေပါတယ်။ငါတို့အဖိုးကစာရေးဆရာကြီး ဒဂုန်ရွှေမျှားဆိုတော့နင်ရောက်စကအိမ်ကိုစာရေးရင် အောက်မှာ နှစ်ဂုန်ရွှေမျှားလို့ လက်မှတ်ထိုးတယ်။

jp သံရုံးသွားပြီးနင့်ကိုရှာဖို့အကူညီတောင်းခဲ့သေးတယ်။မရခဲံ့ပါ။ဗေဒင်ဆရာပြောတဲ့အတ်ိုင်း နင့်အကျီ င်္လေးနေလှမ်းပေးရမယ်ဆိုလို့နင့်စပို့့ရှပ်အပြာလေးတောင်နေလှမ်းခံရလွန်းလို့ အရောင်တွေလွင့်ကုန်ပါပေါ့။အဆက်သွယ်ချင် ပုန်းရည်ကြီးလှုရမယ်ဆိုလို့ ဘုန်းကြီးကိုပုန်းရည်ကြီးတွေလူုတာလည်း မထူးပါဘူး။နင့်ကိုတွေ့ချင်လွန်းလို့ ဒီpost ကိုတင်ချင်တာကြာပြီ ငါကိုယ်တိုင်ရှက်လို့မတင်ခဲ့ဘူး။ဒါပေမဲ့လည်း ဒီ post လေးဟာ ကူရာမဲ့ ရေနစ်နေသူ မမတို့မိသားစုအတွက်နင့်ကိုပြန်တွ့နိုင်မဲ့ ကောက်ရိုးလေး တစ်မျှင် ဖြစ်ခဲ့မယ်ဆိုရင်တော့ ့့့့ . jpn မှာ သူ့ကို့့တွေ့ခဲ့သူမျာjpn မှာ သူ့ကို့့တွေ့ခဲ့သူများရှိရင် ကျေးဇူးပြုပြီး ကျွန်မရဲ့ chatbox မှာအကြောင်းကြားပေးပါရှင့်။”

EFIL- ApannPyay