(၁၉)နှစ် အမျိုးသား ပျောက်ဆုံးခဲ့ပြီး(၂)ရက်ခန့်ကြာမှ စိတ်မကောင်းဖွယ် တွေ့ရှိ

111

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မဲဇလီ ကျေးရွာတွင် အရက်သောက်သုံးသူ အသက် ၁၉ နှစ်အရွယ် အမျိုးသား လူငယ်ပျောက်ဆုံးခဲ့ပြီး ယနေ့တွင် သေဆုံးလျက် ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ ရှိရကြောင်း သေဆုံးသူ၏ မိသားစုများထံမှသိရသည်။

ပုသိမ်မြို့နယ် မဲဇလီကျေးရွာတွင် သီတင်းကျွတ်လပြည့်ညက ပြည့်ဖြိုးသူ သည် အရက်သောက်၍ ပူတယ်ဟု ဆိုကာ ရေဆင်းချိုးရင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ဖခင် ထံမှ သိရသည်။

ပြည့်ဖြိုးသူကို ၂၀၁၉ခုနှစ် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ကျေးရွာချောင်းအတွင်း ရေနစ်သေဆုံး လျှက် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရပဲ သေဆုံးရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိကာ သေဆုံးသူမှာ အသက်(၁၉)နှစ်ဖြစ်ကြောင်းမိသားစု များထံမှ သိရသည်။

သေဆုံးသူ ပြည့်ဖြိုးသူသည် အရက်ကို အလွန်အကျွံသောက်သူဖြစ်ပြီး အရက် သောက်ပြီးတော့ ပူဆယ်ရေချိုးအုန်မယ် လို ဆိုကာပျောက်သွားခြင်းဖြစ်ကြောင်း ချက်ချင်းရှာသော်လည်း ပြန်မတွေ့ပဲ ယနေ့မှသာတွေ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဖခင် ဦးသက်ဦးကပြော သည်။

အသက်(၁၉)နှစ်ရှိ ပြည့်ဖြိုးသူ ရေနစ်သေဆုံးခြင်းနှင့် ပတ်သက်ပြီး မြင့်ကာကွင်းနယ်မြေရဲ စခန်းတွင် သေမှု သေခင်းဖွင့်လှစ်ထား ကာ အလောင်းကို ရင်ခွဲရုံကို ပို့ဆောင် ထားကြောင်း သိရသည်။

သတင်း ဓာတ်ပုံ – ကျော်ခေတ်လင်း#AlinnMyay(အလင်းမြေ)

(Zawgyi)

အရက္ေသာက္သူ အသက္(၁၉)ႏွစ္ အမ်ဳိးသား ေပ်ာက္ဆုံးခဲ႔ၿပီး(၂)ရက္ ခန္႔ၾကာမွ ေရနစ္ေသဆုံး လ်က္႐ုပ္အေလာင္းေတြ႕

ေအာက္တိုဘာ(၁၅)ရက္၊ AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ မဲဇလီ ေက်း႐ြာတြင္ အရက္ေသာက္သုံးသူ အသက္ ၁၉ ႏွစ္အရြယ္ အမ်ဳိးသား လူငယ္ေပ်ာက္ဆုံးခဲ႔ၿပီး ယေန႔တြင္ ေသဆုံးလ်က္ ႐ုပ္အေလာင္းကိုသာ ျပန္လည္ေတြ႔ ႐ွိရေၾကာင္း ေသဆုံးသူ၏ မိသားစုမ်ားထံမွသိရသည္။

ပုသိမ္ၿမိဳ႕နယ္ မဲဇလီေက်း႐ြာတြင္ သီတင္းကြ်တ္လျပည့္ညက ျပည့္ၿဖိဳးသူ သည္ အရက္ေသာက္၍ ပူတယ္ဟု ဆိုကာ ေရဆင္းခ်ဳိးရင္း ေပ်ာက္ဆံုးခဲ႔ျခင္း ျဖစ္ေၾကာင္း ေသဆုံးသူ၏ ဖခင္ ထံမွ သိရသည္။

ျပည့္ၿဖိဳးသူကို ၂၀၁၉ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္ နံနက္ပိုင္းက ေက်းရြာေခ်ာင္းအတြင္း ေရနစ္ေသဆုံး လွ်က္ ျပင္ပဒဏ္ရာ တစ္စုံ တစ္ရာ မေတြ႕ရပဲ ေသဆုံး႐ုပ္အေလာင္းကိုသာ ျပန္လည္ေတြ႕ရွိကာ ေသဆုံးသူမွာ အသက္(၁၉)ႏွစ္ျဖစ္ေၾကာင္းမိသားစု မ်ားထံမွ သိရသည္။

ေသဆုံးသူ ျပည့္ၿဖိဳးသူသည္ အရက္ကို အလြန္အကြ်ံေသာက္သူျဖစ္ၿပီး အရက္ ေသာက္ၿပီးေတာ့ ပူဆယ္ေရခ်ဳိးအုန္မယ္ လို ဆိုကာေပ်ာက္သြားျခင္းျဖစ္ေၾကာင္း ခ်က္ခ်င္းရွာေသာ္လည္း ျပန္မေတြ႕ပဲ ယေန႔မွသာေတြ႕ျခင္းျဖစ္ေၾကာင္း ေသဆုံးသူ၏ ဖခင္ ဦးသက္ဦးကေျပာ သည္။

အသက္(၁၉)ႏွစ္ရွိ ျပည့္ၿဖိဳးသူ ေရနစ္ေသဆုံးျခင္းႏွင့္ ပတ္သက္ၿပီး ျမင့္ကာကြင္းနယ္ေျမရဲ စခန္းတြင္ ေသမႈ ေသခင္းဖြင့္လွစ္ထား ကာ အေလာင္းကို ရင္ခြဲ႐ုံကို ပို႔ေဆာင္ ထားေၾကာင္း သိရသည္။

သတင္း ဓာတ္ပံု – ေက်ာ္ေခတ္လင္း#AlinnMyay(အလင္းေျမ)