တစ်လကို မြန်မာငွေသိန်း(၄၀)နဲ့ စင်ကာပူရဲ့အကောင်းဆုံးအလုပ်အကိုင်ထဲပါလာတဲ့ ဘတ်စ်ဒရိုင်ဘာအလုပ်

587

ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို တတ်မြောက်ထားတဲ့ သူတွေအတွက် စင်ကာပူက ဘတ်စ်ဒရိုင်ဘာအလုပ်က ဝမ်းသာစရာပါ။ လူသားအရင်းအမြစ်ကိုတန်ဖိုးထားတဲ့အနေနဲ့ ဘတ်စ်ကုမ္ပဏီကနေ ဒရိုင်ဘာတွေကို တကယ့်ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့လစာနှုန်းထားနဲ့ စာချုပ်တွေ ချုပ်ပေးတော့မှာဖြစ်ပါတယ်။

သူက ကုမ္ပဏီသုံးခုပေါင်းပြီး ဒရိုင်ဘာတွေကို တကယ့်အလုပ်အကိုင်ကြီးတစ်ခုလို သတ်မှတ်ပေးထာပါ။ SBS ပို့ဆောင်ရေး ကုမ္ပဏီ၊ SMRT ကော်ပိုရေးရှင်းနဲ့ စင်ကာပူ Go-Ahead ကုမ္ပဏီတို့ကနေ သူတို့ရဲ့ ဘတ်စ်ကားမောင်းတဲ့သူတွေကို သာမန်ဝန်ထမ်းအလုပ်တစ်ခုကနေ ပရော်ဖက်ရှင်နယ်ဝန်ထမ်းအဖြစ် အဆင့်မြင့်ပေးလိုက်တာပါ။

ဘတ်ကပ္ပတိန်၊ ဘတ်ဒရိုင်ဘာ တစ်ယောက်ကို တစ်လကို စင်ကာပူဒေါ်လာ (၃၅၀၀)၊ မြန်မာငွေ (၃၉)သိန်းကျော်၊ တစ်နှစ်ကို ဆေးခွင့် (၂၁)ရက်နဲ့ အထက်၊ စာချုပ်ချုပ်ဆိုတဲ့အတွက် တစ်လစာဘောနပ်နဲ့ တကယ့်ကို အဆင့်မြင့်တဲ့အလုပ်အကိုင်တစ်ခုအဖြစ် ပြောင်းပေးလိုက်ပါတယ်။ ဒါ့အပြင် ကားမောင်းသူတွေအတွက်တခြားဝန်ထမ်းခံစားခွင့်ကို အလုပ်သမားဥပဒေတွေနဲ့အညီ ပေးဦးမှာပါ။

ဥပမာ အများပြည်သူရုံးပိတ်ရက်မှာ မောင်းရတာမျိုးတွေအတွက် သီးသန့်သတ်မှတ်ချက်တွေရှိဦးမှာဖြစ်ပြီး လုပ်ငန်းခွင်လေ့ကျင့်ရေးသင်တန်းတွေကို အခမဲ့ပေးဦးမှာပါ။ အလုပ်လျှောက်ဖို့အတွက်လိုအပ်တာက စင်ကာပူမှာကား (၁)နှစ်မောင်းဖူးတာရယ်၊ လိုင်စင်သတ်မှတ်ချက် စင်ကာပူလိုင်စင် အဆင့်(၃)ရယ်ကိုပဲ လိုအပ်ပါတယ်။ ဆိုလိုတာက စင်ကာပူရွှေ့ပြောင်းအလုပ်သမားတွေလည်း အချက်နဲ့

ကိုက်ညီရင်အလုပ်လျှောက်လို့ရတာပါ။ ဘတ်စ်ဒရိုင်ဘာတွေအတွက် ကတယ့်ကို ကောင်းမွန်တဲ့ အလုပ်အကိုင်မျိုးဖြစ်ပြီး အာမခံချက်အပြည်နဲ့အလုပ်မျိုးဖြစ်ပါတယ်။ ကျား၊ မလည်း မခွဲခြားထားတဲ့အပေါ်မှာ ဘတ်စ်စကားမောင်းတာကို ပရော်ဖက်ရှင်နယ်လုပ်ခြင်သူတွေအတွက် အိပ်မက်အလုပ်အကိုင်မျိုးပါပဲ။

သူရေး (ApannPyay)

တစ္လကို ျမန္မာေငြသိန္း(၄၀)နဲ႔ စင္ကာပူရဲ႕အေကာင္းဆံုးအလုပ္အကိုင္ထဲပါလာတဲ့ ဘတ္စ္ဒရိုင္ဘာအလုပ္

ပေရာ္ဖက္ရွင္နယ္အသက္ေမြး၀မ္းေၾကာင္းအလုပ္တစ္ခုကို တတ္ေျမာက္ထားတဲ့ သူေတြအတြက္ စင္ကာပူက ဘတ္စ္ဒရိုင္ဘာအလုပ္က ၀မ္းသာစရာပါ။ လူသားအရင္းအျမစ္ကိုတန္ဖိုးထားတဲ့အေနနဲ႔ ဘတ္စ္ကုမၸဏီကေန ဒရိုင္ဘာေတြကို တကယ့္ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ရဲ႕လစာႏႈန္းထားနဲ႔ စာခ်ဳပ္ေတြ ခ်ဳပ္ေပးေတာ့မွာျဖစ္ပါတယ္။

သူက ကုမၸဏီသံုးခုေပါင္းျပီး ဒရိုင္ဘာေတြကို တကယ့္အလုပ္အကိုင္ၾကီးတစ္ခုလို သတ္မွတ္ေပးထာပါ။ SBS ပို႔ေဆာင္ေရး ကုမၸဏီ၊ SMRT ေကာ္ပိုေရးရွင္းနဲ႔ စင္ကာပူ Go-Ahead ကုမၸဏီတို႔ကေန သူတို႔ရဲ႕ ဘတ္စ္ကားေမာင္းတဲ့သူေတြကို သာမန္၀န္ထမ္းအလုပ္တစ္ခုကေန ပေရာ္ဖက္ရွင္နယ္၀န္ထမ္းအျဖစ္ အဆင့္ျမင့္ေပးလိုက္တာပါ။

ဘတ္ကပၸတိန္၊ ဘတ္ဒရိုင္ဘာ တစ္ေယာက္ကို တစ္လကို စင္ကာပူေဒၚလာ (၃၅၀၀)၊ ျမန္မာေငြ (၃၉)သိန္းေက်ာ္၊ တစ္ႏွစ္ကို ေဆးခြင့္ (၂၁)ရက္နဲ႔ အထက္၊ စာခ်ဳပ္ခ်ဳပ္ဆိုတဲ့အတြက္ တစ္လစာေဘာနပ္နဲ႔ တကယ့္ကို အဆင့္ျမင့္တဲ့အလုပ္အကိုင္တစ္ခုအျဖစ္ ေျပာင္းေပးလိုက္ပါတယ္။ ဒါ့အျပင္ ကားေမာင္းသူေတြအတြက္တျခား၀န္ထမ္းခံစားခြင့္ကို အလုပ္သမားဥပေဒေတြနဲ႔အညီ ေပးဦးမွာပါ။

ဥပမာ အမ်ားျပည္သူရံုးပိတ္ရက္မွာ ေမာင္းရတာမ်ိဳးေတြအတြက္ သီးသန္႔သတ္မွတ္ခ်က္ေတြရွိဦးမွာျဖစ္ျပီး လုပ္ငန္းခြင္ေလ့က်င့္ေရးသင္တန္းေတြကို အခမဲ့ေပးဦးမွာပါ။ အလုပ္ေလွ်ာက္ဖို႔အတြက္လိုအပ္တာက စင္ကာပူမွာကား (၁)ႏွစ္ေမာင္းဖူးတာရယ္၊ လိုင္စင္သတ္မွတ္ခ်က္ စင္ကာပူလိုင္စင္ အဆင့္(၃)ရယ္ကိုပဲ လိုအပ္ပါတယ္။ ဆိုလိုတာက စင္ကာပူေရႊ႕ေျပာင္းအလုပ္သမားေတြလည္း အခ်က္နဲ႔

ကိုက္ညီရင္အလုပ္ေလွ်ာက္လို႔ရတာပါ။ ဘတ္စ္ဒရိုင္ဘာေတြအတြက္ ကတယ့္ကို ေကာင္းမြန္တဲ့ အလုပ္အကိုင္မ်ိဳးျဖစ္ျပီး အာမခံခ်က္အျပည္န႔ဲ႔အလုပ္မ်ိဳးျဖစ္ပါတယ္။ က်ား၊ မလည္း မခြဲျခားထားတဲ့အေပၚမွာ ဘတ္စ္စကားေမာင္းတာကို ပေရာ္ဖက္ရွင္နယ္လုပ္ျခင္သူေတြအတြက္ အိပ္မက္အလုပ္အကိုင္မ်ိဳးပါပဲ။

သူေရး (ApannPyay)