ဆုတောင်းကြမ်းတဲ့ တရုတ်နိုင်ငံသားတွေရဲ့အားနည်းချက်ကို လိပ်ကြီးရဲ့အကူအညီနဲ့ ငွေရှာစားနေတဲ့ တိရစ္ဆာန်ရုံ

171

လိုချင်တာရှိရင် ဆုတောင်းကြတာမျိုးက လူသားတွေရဲ့ တားလို့မရတဲ့ အပြုအမူပါ။ ဒါက ယုံကြည်မှုနဲ့ဆိုင်တဲ့အတွက် ပိတ်ပင်လို့မရသလို တချို့ကတော့ တကယ်ကို လေးလေးနက်နက်နဲ့ အရာရာကို ဆုတောင်းကြတာမျိုးရှိပါတယ်။

ဒီတော့ စီးပွားရေးလုပ်စားမယ့်သူတွေက ယုံကြည်မှုကိုအလွဲသုံးစားလုပ်ဖို့ ခွင်ဖန်ပြီး၊ လူတွေရဲ့အားနည်းချက်ကိုအသုံးချကြပါတယ်။ အခု Apannpyay ပရိသတ်တွေအတွက်တင်ဆက်ပေးမယ့် လိပ်ကြီးရဲ့အဖြစ်ကလည်း လူသားတွေရဲ့အားနည်းချက်ကို အသုံးချဖို့ ခိုင်းစားခံနေရတဲ့ သနားစရာအဖြစ်ပါ။

တရုတ် Guangxi မှာရှိတဲ့ The Nanning Zoo ဆိုတဲ့ တိရစ္တာန်ရုံဟာ လူသွားလူလာများပါတယ်။ များတဲ့အတူတူ အာဖရိကလိပ်မျိုးကြီးတစ်ကောင်ကလည်း ကလေးတွေနဲ့ မိဘတွေရဲ့အကြိုက်ထဲဖြစ်နေပါတယ်။ လိပ်ကလူတွေအတွက် ချစ်ဖို့ကောင်းတဲ့တိရစ္တာန်ဖြစ်တဲ့အတွက် သူ့အစာဖိုးကို ကလေးတွေက

အကြွေ့စေ့လေးတွေ ချပေးခဲ့တာမျိုးရှိပါတယ်။ ဒီအချိန်မှာ စီးပွားရေးလုပ်ချင်တဲ့သူတွေက လိပ်ကြီးရဲ့ ကျောကုန်းမှာ ခွက်လိုပုံစံမျိုးကို ကော်နဲ့ကပ်ပြီး မြင်သာအောင်တရုတ်အလံလေးထည့်ထားပါတယ်။ ကလေးတွေက လိပ်ကြီးရဲ့ကျောပေါ်မှာရှိတဲ့ ခွက်ထဲကို အကြွေတွေ၊ပိုက်ဆံတွေ ဝင်အောင်ပစ်ရမှာဖြစ်သလို

ဝင်ခဲ့ရင် ကိုယ်တောင်းပြီးပစ်လိုက်တဲ့ဆုကပြည့်တယ်လို့ အယုံသွင်းထားပါတယ်။ ဥပမာ-စာမေးပွဲအောင်ရင်ခွက်ထဲဝင်ပါစေလုပ်လိုက်တာပါ။ စာမေးပွဲအောင်မအေင်တော့မသိပေမဲ့ လိပ်ကြီးကိုပစ်တဲ့ပိုက်ဆံကတော့ မနည်းပါဘူ။ တိရစ္ဆာန်ရုံအတွက် အပိုဝင်ငွေတစ်ခုဖြစ်နေတဲ့အပြင် ဒီကရတဲ့ပိုက်ဆံတွေက ဘယ်မှာပြန်သုံးလိုက်လည်းမသိရပါဘူး။

လိပ်စာကလည်း တစ်နေ့ကုန်မှ အကြွေဖိုးနည်းနည်းလောက်ပဲကုန်သလို ရလာတဲ့ငွေတွေကိုပြန်သုံးကြောင်းထုတ်ပြန်တာမျိုးလည်းမရှိပါဘူး။ ဒါပေမဲ့ တိရစ္တာန်ရုံကိုအလည်လာတဲ့ မိဘတွေနဲ့ကလေးတွေက အပျော်သဘောမျိုး၊ တချို့ကလည်း အတည်ဆုတောင်းတာမျိုးရဲ့ အားနည်းချက်ကို လိပ်ကြီးနဲ့ အသုံးချပြီး အခုထက်ထိစီးပွားရှာလို့ ကောင်းနေတုန်းပါပဲ။

သူရေး (ApannPyay)

ဆုေတာင္းၾကမ္းတဲ့ တရုတ္ႏုိင္ငံသားေတြရဲ႕အားနည္းခ်က္ကို လိပ္ၾကီးရဲ႕အကူအညီနဲ႔ ေငြရွာစားေနတဲ့ တိရစာၦန္ရံု

လိုခ်င္တာရွိရင္ ဆုေတာင္းၾကတာမ်ိုးက လူသားေတြရဲ႕ တားလို႔မရတဲ့ အျပဳအမူပါ။ ဒါက ယံုၾကည္မႈနဲ႔ဆိုင္တဲ့အတြက္ ပိတ္ပင္လို႔မရသလို တခ်ိဳ႕ကေတာ့ တကယ္ကို ေလးေလးနက္နက္နဲ႔ အရာရာကုိ ဆုေတာင္းၾကတာမ်ိဳးရွိပါတယ္။

ဒီေတာ့ စီးပြားေရးလုပ္စားမယ့္သူေတြက ယံုၾကည္မႈကိုအလြဲသံုးစားလုပ္ဖို႔ ခြင္ဖန္ျပီး၊ လူေတြရဲ႕အားနည္းခ်က္ကိုအသံုးခ်ၾကပါတယ္။ အခု Apannpyay ပရိသတ္ေတြအတြက္တင္ဆက္ေပးမယ့္ လိပ္ၾကီးရဲ႕အျဖစ္ကလည္း လူသားေတြရဲ႕အားနည္းခ်က္ကို အသံုးခ်ဖို႔ ခိုင္းစားခံေနရတဲ့ သနားစရာအျဖစ္ပါ။

တရုတ္ Guangxi မွာရွိတဲ့ The Nanning Zoo ဆိုတဲ့ တိရစာၱန္ရံုဟာ လူသြားလူလာမ်ားပါတယ္။ မ်ားတဲ့အတူတူ အာဖရိကလိပ္မ်ိုးၾကီးတစ္ေကာင္ကလည္း ကေလးေတြနဲ႔ မိဘေတြရဲ႕အၾကိဳက္ထဲျဖစ္ေနပါတယ္။ လိပ္ကလူေတြအတြက္ ခ်စ္ဖို႔ေကာင္းတဲ့တိရစာၱန္ျဖစ္တဲ့အတြက္ သူ႔အစာဖိုးကို ကေလးေတြက

အေၾကြ႔ေစ့ေလးေတြ ခ်ေပးခဲ့တာမ်ိုးရွိပါတယ္။ ဒီအခ်ိန္မွာ စီးပြားေရးလုပ္ခ်င္တဲ့သူေတြက လိပ္ၾကီးရဲ႕ ေက်ာကုန္းမွာ ခြက္လိုပံုစံမ်ိုးကို ေကာ္နဲ႔ကပ္ျပီး ျမင္သာေအာင္တရုတ္အလံေလးထည္႔ထားပါတယ္။ ကေလးေတြက လိပ္ၾကီးရဲ႕ေက်ာေပၚမွာရွိတဲ့ ခြက္ထဲကို အေၾကြေတြ၊ပိုက္ဆံေတြ ၀င္ေအာင္ပစ္ရမွာျဖစ္သလို

၀င္ခဲ့ရင္ ကိုယ္ေတာင္းျပီးပစ္လိုက္တဲ့ဆုကျပည္႔တယ္လို႔ အယံုသြင္းထားပါတယ္။ ဥပမာ-စာေမးပြဲေအာင္ရင္ခြက္ထဲ၀င္ပါေစလုပ္လိုက္တာပါ။ စာေမးပြဲေအာင္မေအင္ေတာ့မသိေပမဲ့ လိပ္ၾကီးကိုပစ္တဲ့ပိုက္ဆံကေတာ့ မနည္းပါဘူ။ တိရစာၦန္ရံုအတြက္ အပို၀င္ေငြတစ္ခုျဖစ္ေနတဲ့အျပင္ ဒီကရတဲ့ပိုက္ဆံေတြက ဘယ္မွာျပန္သံုးလိုက္လည္းမသိရပါဘူး။

လိ္ပ္စာကလည္း တစ္ေန႔ကုန္မွ အေၾကြဖိုုးနည္းနည္းေလာက္ပဲကုန္သလို ရလာတဲ့ေငြေတြကိုျပန္သံုးေၾကာင္းထုတ္ျပန္တာမ်ိဳးလည္းမရွိပါဘူး။ ဒါေပမဲ့ တိရစာၱန္ရံုကိုအလည္လာတဲ့ မိဘေတြနဲ႔ကေလးေတြက အပေ်ာ္သေဘာမ်ိဳး၊ တခ်ို႕ကလည္း အတည္ဆုေတာင္းတာမ်ိုးရဲ႕ အားနည္းခ်က္ကို လိပ္ၾကီးနဲ႔ အသံုးခ်ျပီး အခုထက္ထိစီးပြားရွာလို႔ ေကာင္းေနတုန္းပါပဲ။

သူေရး (ApannPyay)