စက်ရုပ်တွေမှာတပ်သုံးမယ့်မျက်နှာအတွက် ကိုယ့်ရဲ့ကိုယ်ပိုင်မျက်နှာကိုရောင်းလို့ရ

283

တိုးတက်လာတဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့ကိုယ်ပိုင်မျက်နှာကို ရောင်းစားမယ်ဆိုရင် ဝယ်မယ့်ကုမ္ပဏီတောင်ရှိနေပါပြီ။ မျက်နှာကိုရောင်းစားတယ်ဆိုတဲ့နေရာမှာလည်း မျက်နှာကြီးခွာပြီး ရောင်းစားတာမျိုးမဟုတ်ပါဘူး။ နဂိုပိုင်ဆိုင်ထားတဲ့ သဘာဝအတိုင်းရုပ်ရည်ရဲ့ ဟန်ကိုရောင်းစားတာမျိုးပါ။

ကုမ္ပဏီက အနာဂတ်မှာအလားအလာရှိတဲ့ စက်ရုပ်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီပါ။ Geomiq.com ဆိုတဲ့ သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီူ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အကယ်လို့ ကိုယ်က ကုမ္ပဏီကိုမျက်နှာပိုင်ဆိုင်မှုကိုရောင်းဖို့ စိတ်ဝင်စားမယ်ဆိုရင်ပေါ့။

သူတို့ထုတ်လုပ်လိုက်တဲ့ စက်ရုပ်မှာ တကယ့်လူနဲ့တူတဲ့ မျက်နှာအမျိုးအစာတွေလိုပါတယ်။ စက်မျက်နှာဖြစ်နေတာမျိုးထက် လူစစ်စစ်နဲ့တူတဲ့ မျက်နှာမျိုးကိုလိုချင်တာဖြစ်တဲ့အတွက် ကိုယ်ကသူတို့ဆီမှာ ဝင်လျှောက်လို့ရပါတယ်။ ကုမ္ပဏီကလိုချင်နေတဲ့ မျက်နှာဟာ ကိုယ့်ရဲ့မျက်နှာနဲ့ ကိုက်မကိုက်ကိုဖောင်တင်ပြီး၊

အစမ်းသပ်ခံရမှာပါ။ ကိုက်ညီတဲ့အပြင် သဘောကျတယ်ဆိုရင် တရားဝင်ဝယ်မှာဖြစ်ပြီး သူတို့ထုတ်လိုက်တဲ့ စက်ရုပ်မှာ တပ်ဆင်ပြီး ကိုယ်နဲ့ ချွတ်စွမ်စက်ရုပ်မျက်နှာထွက်လာမှာဖြစ်ပါတယ်။ စက်ရုပ်တွေက လူတစ်ယောက်အတွက် တကယ့်သူငယ်ချင်းတစ်ယောက်လို နေပေးမှာဖြစ်လို့ ကိုယ်က တခြားနေရာမှာ

လူအသစ်တွေနဲ့ တွေ့ဆုံပြီး နေနေရသလို ဖြစ်နေမှာပါ။ ဒါပေမဲ့ စက်ရုပ်ပိုင်ရှင်နဲ့ ကိုယ်ပဲသိသလို ကျန်တဲ့သူတွေက လူအစစ်လို့ပဲမြင်တဲ့အထိ တီထွင်သွားမှာပါ။အဝယ်ခံရတဲ့မျက်နှာပိုင်ရှင်ဟာ ပေါင် (၁)သိန်းရမှာဖြစ်သလို သဘာဝမျက်နှာဒီဇိုင်းကိုသုံးချင်တဲ့အတွက်ပဲဆိုတာကို စာချုပ်တွေ သေချာချုုပ်ပေးမှာပါ။

ဒီပေရောဂျက်ကို တီထွင်နေတာဖြစ်တဲံအတွက် (၅)နှစ်လောက်ဖြတ်သန်းလာပြီးချိန်မှာ မျက်နှာကို လက်လွတ်စပယ်မသုံးချင်တဲ့အတွက်အခုလိုစီစဉ်ရတာလို့ဆိုပါတယ်။ စိတ်ဝင်စားရင်တော့ Geomiq.com မှာ ကိုယ်က ဝင်အရွေးခံလိုက်ရုံပါပဲ။

သူရေး (ApannPyay)

စက္ရုပ္ေတြမွာတပ္သံုးမယ့္မ်က္ႏွာအတြက္ ကုိယ့္ရဲ႕ကိုယ္ပိုင္မ်က္ႏွာကိုေရာင္းလို႔ရ
တိုးတက္လာတဲ့ေခတ္ၾကီးမွာ ကိုယ့္ရဲ႕ကိုယ္ပိုင္မ်က္ႏွာကို ေရာင္းစားမယ္ဆိုရင္ ၀ယ္မယ့္ကုမၸဏီေတာင္ရွိေနပါျပီ။ မ်က္ႏွာကိုေရာင္းစားတယ္ဆိုတဲ့ေနရာမွာလည္း မ်က္ႏွာၾကီးခြာျပီး ေရာင္းစားတာမ်ိဳးမဟုတ္ပါဘူး။ နဂိုပိုင္ဆိုင္ထားတဲ့ သဘာ၀အတိုင္းရုပ္ရည္ရဲ႕ ဟန္ကိုေရာင္းစားတာမ်ိဳးပါ။

ကုမၸဏီက အနာဂတ္မွာအလားအလာရွိတဲ့ စက္ရုပ္ေတြကို ထုတ္လုပ္ေနတဲ့ ကုမၸဏီပါ။ Geomiq.com ဆိုတဲ့ သူတို႔ရဲ႕ တရား၀င္၀က္ဘ္ဆိုက္မွာ ဒီအေၾကာင္းနဲ႔ ပတ္သက္ျပီူ ျပည္႔ျပည္႔စံုစံုေဖာ္ျပထားပါတယ္။ အကယ္လို႔ ကိုယ္က ကုမၸဏီကိုမ်က္ႏွာပိုင္ဆိုင္မႈကိုေရာင္းဖို႔ စိတ္၀င္စားမယ္ဆိုရင္ေပါ့။

သူတို႔ထုတ္လုပ္လိုက္တဲ့ စက္ရုပ္မွာ တကယ့္လူနဲ႔တူတဲ့ မ်က္ႏွာအမ်ိဳးအစာေတြလိုပါတယ္။ စက္မ်က္ႏွာျဖစ္ေနတာမ်ိဳးထက္ လူစစ္စစ္နဲ႔တူတဲ့ မ်က္ႏွာမ်ိဳးကိုလိုခ်င္တာျဖစ္တဲ့အတြက္ ကိုယ္ကသူတို႔ဆီမွာ ၀င္ေလွ်ာက္လို႔ရပါတယ္။ ကုမၸဏီကလိုခ်င္ေနတဲ့ မ်က္ႏွာဟာ ကိုယ့္ရဲ႕မ်က္ႏွာနဲ႔ ကိုက္မကိုက္ကိုေဖာင္တင္ျပီး၊

အစမ္းသပ္ခံရမွာပါ။ ကိုက္ညီတဲ့အျပင္ သေဘာက်တယ္ဆိုရင္ တရား၀င္၀ယ္မွာျဖစ္ျပီး သူတို႔ထုတ္လိုက္တဲ့ စက္ရုပ္မွာ တပ္ဆင္ျပီး ကိုယ္နဲ႔ ခၽြတ္စြမ္စက္ရုပ္မ်က္ႏွာထြက္လာမွာျဖစ္ပါတယ္။ စက္ရုပ္ေတြက လူတစ္ေယာက္အတြက္ တကယ့္သူငယ္ခ်င္းတစ္ေယာက္လို ေနေပးမွာျဖစ္လို႔ ကိုယ္က တျခားေနရာမွာ

လူအသစ္ေတြနဲ႔ ေတြ႔ဆံုျပီး ေနေနရသလို ျဖစ္ေနမွာပါ။ ဒါေပမဲ့ စက္ရုပ္ပိုင္ရွင္နဲ႔ ကိုယ္ပဲသိသလို က်န္တဲ့သူေတြက လူအစစ္လို႔ပဲျမင္တဲ့အထိ တီထြင္သြားမွာပါ။အ၀ယ္ခံရတဲ့မ်က္ႏွာပိုင္ရွင္ဟာ ေပါင္ (၁)သိန္းရမွာျဖစ္သလို သဘာ၀မ်က္ႏွာဒီဇိုင္းကိုသံုးခ်င္တဲ့အတြက္ပဲဆိုတာကို စာခ်ဳပ္ေတြ ေသခ်ာခ်ုဳပ္ေပးမွာပါ။

ဒီေပေရာဂ်က္ကို တီထြင္ေနတာျဖစ္တဲံအတြက္ (၅)ႏွစ္ေလာက္ျဖတ္သန္းလာျပီးခ်ိန္မွာ မ်က္ႏွာကို လက္လြတ္စပယ္မသံုးခ်င္တဲ့အတြက္အခုလိုစီစဥ္ရတာလို႔ဆိုပါတယ္။ စိတ္၀င္စားရင္ေတာ့ Geomiq.com မွာ ကုိယ္က ၀င္အေရြးခံလိုက္ရံုပါပဲ။

သူေရး (ApannPyay)