ေမြးရပ္ေျမမွ ရြာဦးေက်ာင္း ဆရာေတာ္အတြက္ သိန္းတစ္ေသာင္းခြဲကံထူးရွင္ ကိုဝင္းေက်ာ္ ကားဝယ္ထြက္

0
147

(၃.၆.၂၀၁၉) ApannPyay

ေမြးရပ္ေျမမွ ရြာဦးေက်ာင္း ဆရာေတာ္အတြက္ ကားဝယ္ေနတဲ့ သိန္းတစ္ေသာင္းခြဲကံထူးရွင္

၁.၆.၂၀၁၉ မွာ ထြက္ရွိတဲ့ (၄) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲႀကီးမွ သိန္းတစ္ေသာင္းခြဲကံထူးရွင္ မႏၱေလးတုိင္းေဒသႀကီး ခ်မ္းျမသာစည္ျမိဳ႕နယ္ ျမရည္နႏၵာျမိဳ႕သစ္ ဗ၂၃ ရပ္ကြက္မွ “ပြင့္သစ္” ကြမ္းယာဆိုင္ ပိုင္ရွင္ျဖစ္တဲ့ ကိုဝင္းေက်ာ္ မွ ဆြတ္ခူးရရွိသြားတာပဲျဖစ္ပါတယ္..။

ကိုဝင္းေက်ာ္ ရဲ႕ ေမြးဖြားရာ ဇာတိေျမသည္ စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕နယ္ ထိန္ကန္ေက်းရြာျဖစ္ၿပီး လက္ရွိတြင္ ကိုဝင္းေက်ာ္ရဲ႕ မိခင္ႀကီးသည္လည္း ကိုဝင္းေက်ာ္ရဲ႕ ေမြးရပ္ေျမ ထိန္ကန္ေက်းရြာတြင္ ေနထိုင္လွ်က္ရွိပါသည္။

ကိုဝင္းေက်ာ္သည္ ေအာင္ဘာေလထီ မေပါက္ခင္ အခ်ိန္ကတည္းက ေမြးရပ္ေျမမွ ရြာဦးေက်ာင္းထိုင္ဆရာေတာ္ထံ ကားလူရန္ဆႏၵရွိေနခဲ့ေသာ္လည္း မိမိရဲ႕ စီးပြားေရး အေျခအေနေၾကာင့္ ကားတစ္စီးလံုးကို ဝယ္လွဴရန္ မတတ္ႏုိင္သျဖင့္ မိမိတတ္ႏုိင္သေလာက္ ဆရာေတာ္ဘုရား ကားဝယ္ပါက ေငြ ၅ သိန္း ထည့္ဝင္ လွဴဒါန္းႏုိင္ေၾကာင္း ေလွ်ာက္ထားခဲ့ေၾကာင္းသိထားရပါသည္။

ယခုတြင္မူ ကိုဝင္ေက်ာ္ရဲ႕ ဆႏၵေတြ ျပည့္ဝခဲ့ပါၿပီ။ ယူတြင္ သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ျဖစ္တဲ့ ကိုဝင္းေက်ာ္ကိုယ္တုိင္ ေမြးရပ္ေျမ ရြာဦးေက်ာင္း ဆရာေတာ္အတြက္ ရန္ကုန္သို႔ ေရာက္ရွိကာ ကားဝယ္ေနေၾကာင္း သိရပါသည္။

ApannPyay

Unicode

(၃.၆.၂၀၁၉) ApannPyay

မွေးရပ်မြေမှ ရွာဦးကျောင်း ဆရာတော်အတွက် ကားဝယ်နေတဲ့ သိန်းတစ်သောင်းခွဲကံထူးရှင်

၁.၆.၂၀၁၉ မှာ ထွက်ရှိတဲ့ (၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကြီးမှ သိန်းတစ်သောင်းခွဲကံထူးရှင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ဗ၂၃ ရပ်ကွက်မှ “ပွင့်သစ်” ကွမ်းယာဆိုင် ပိုင်ရှင်ဖြစ်တဲ့ ကိုဝင်းကျော် မှ ဆွတ်ခူးရရှိသွားတာပဲဖြစ်ပါတယ်..။

ကိုဝင်းကျော် ရဲ့ မွေးဖွားရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဖြစ်ပြီး လက်ရှိတွင် ကိုဝင်းကျော်ရဲ့ မိခင်ကြီးသည်လည်း ကိုဝင်းကျော်ရဲ့ မွေးရပ်မြေ ထိန်ကန်ကျေးရွာတွင် နေထိုင်လျှက်ရှိပါသည်။

ကိုဝင်းကျော်သည် အောင်ဘာလေထီ မပေါက်ခင် အချိန်ကတည်းက မွေးရပ်မြေမှ ရွာဦးကျောင်းထိုင်ဆရာတော်ထံ ကားလူရန်ဆန္ဒရှိနေခဲ့သော်လည်း မိမိရဲ့ စီးပွားရေး အခြေအနေကြောင့် ကားတစ်စီးလုံးကို ဝယ်လှူရန် မတတ်နိုင်သဖြင့် မိမိတတ်နိုင်သလောက် ဆရာတော်ဘုရား ကားဝယ်ပါက ငွေ ၅ သိန်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်း လျှောက်ထားခဲ့ကြောင်းသိထားရပါသည်။

ယခုတွင်မူ ကိုဝင်ကျော်ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ယူတွင် သိန်းတစ်သောင်းခွဲ ကံထူးရှင် ဖြစ်တဲ့ ကိုဝင်းကျော်ကိုယ်တိုင် မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်အတွက် ရန်ကုန်သို့ ရောက်ရှိကာ ကားဝယ်နေကြောင်း သိရပါသည်။

ApannPyay