မန္တလေး-ပုဂံ အမြန်ရထားစက်ခေါင်းတွဲချော်တိမ်းမှောက်မှုကြီးဖြစ်

83

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်ရှိ နွားထိုးကြီးမြို့နယ်နှင့် ၅ မိုင်ခန့်အကွာတွင် အမြန်ရထားစက်ခေါင်းတွဲလမ်းချော်မှု ကြောင့် လက်ထောက်စက်ခေါင်းမောင်း တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၂၀ရက်)၊နံနက် ၃ နာရီခန့်အချိန်က စက်ခေါင်းမောင်းဖြစ်သူ ဦးအောင်နိုင် မောင်းနှင်လာသည့် စက် ခေါင်းအမှတ် DD1214 ၊ မန္တလေး – ပုဂံအမြန်ရထားသည် နွားထိုးကြီးမြို့နယ်နှင့် ၅ မိုင်ခန့်အကွာ ငှက်ပျောအိုင်ရွာအနီး ရထားလမ်းမိုင်တိုင်အမှတ်(၃၉၈-၂၀ နင့် ၂၂)ကြားအရောက်တွင် စက်ခေါင်းတွဲမှာ လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ယင်းစက်ခေါင်း တွဲလမ်းချောမှုကြောင့် လက်ထောက်စက်ခေါင်းမောင်း(၁)တာဝန်ထမ်းဆောင်သူမှာ စက်ခေါင်းပေါ်မှ လွင့်စင်ကျကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်တွင် မန္တလေး-ပုဂံရထားသည် ခေါင်းတွဲတစ်ခုသာတွဲချော်ခဲ့ပြီး ကျန်ရထားတွဲများမှာ အထူးတန်း ၄ တွဲ၊ရိုးရိုး တန်း ၂ တွဲ၊အိပ်စင်တွဲ တစ်တွဲနှင့်ဘရိတ်တွဲ တစ်တွဲတို့မှာတွဲချော်ခြင်း၊တိမ်းမှောက်ခြင်းမရှိကြောင်းနှင့် ဖြစ်ပွားရာသို့ နွားထိုးကြီးမြို့၊ လူမှုရေးအသင်းများနှင့် မြို့ခံများက အကူအညီပေးခဲ့ကြကြောင်းသိရသည်။

ကျော်ထက် – Isee Media ရဲ့ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

<Zawgyi>

မႏၱေလး-ပုဂံ အျမန္ရထားစက္ေခါင္းတြဲေခ်ာ္ရာမွ လက္ေထာက္စက္ေခါင္းေမာင္းတစ္ဦး ေသဆံုး

မႏၱေလး၊ေအာက္တိုဘာ ၂၀

မႏၱေလးတိုင္းေဒသႀကီး၊ျမင္းၿခံခရိုင္ရွိ ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ ၅ မိုင္ခန္႔အကြာတြင္ အျမန္ရထားစက္ေခါင္းတြဲလမ္းေခ်ာ္မႈ ေၾကာင့္ လက္ေထာက္စက္ေခါင္းေမာင္း တစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ယေန႔(ေအာက္တိုဘာ ၂၀ရက္)၊နံနက္ ၃ နာရီခန္႔အခ်ိန္က စက္ေခါင္းေမာင္းျဖစ္သူ ဦးေအာင္ႏိုင္ ေမာင္းႏွင္လာသည့္ စက္ ေခါင္းအမွတ္ DD1214 ၊ မႏၱေလး – ပုဂံအျမန္ရထားသည္ ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ ၅ မိုင္ခန္႔အကြာ ငွက္ေပ်ာအိုင္ရြာအနီး ရထားလမ္းမိုင္တိုင္အမွတ္(၃၉၈-၂၀ နင့္ ၂၂)ၾကားအေရာက္တြင္ စက္ေခါင္းတြဲမွာ လမ္းေခ်ာ္မႈျဖစ္ပြားခဲ့ၿပီး ယင္းစက္ေခါင္း တြဲလမ္းေခ်ာမႈေၾကာင့္ လက္ေထာက္စက္ေခါင္းေမာင္း(၁)တာ၀န္ထမ္းေဆာင္သူမွာ စက္ေခါင္းေပၚမွ လြင့္စင္က်ကာ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏မွတ္တမ္းမ်ားအရ သိရသည္။

ယင္းျဖစ္စဥ္တြင္ မႏၱေလး-ပုဂံရထားသည္ ေခါင္းတြဲတစ္ခုသာတြဲေခ်ာ္ခဲ့ၿပီး က်န္ရထားတြဲမ်ားမွာ အထူးတန္း ၄ တြဲ၊ရိုးရိုး တန္း ၂ တြဲ၊အိပ္စင္တြဲ တစ္တြဲႏွင့္ဘရိတ္တြဲ တစ္တြဲတို႔မွာတြဲေခ်ာ္ျခင္း၊တိမ္းေမွာက္ျခင္းမရွိေၾကာင္းႏွင့္ ျဖစ္ပြားရာသို႔ ႏြားထိုးႀကီးၿမိဳ႕၊ လူမႈေရးအသင္းမ်ားႏွင့္ ၿမိဳ႕ခံမ်ားက အကူအညီေပးခဲ့ၾကေၾကာင္းသိရသည္။

ေက်ာ္ထက္ – Isee Media ရဲ႕ ခြင့္ျပဳခ်က္ျဖင့္ ApannPyay မွ တဆင့္ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါသည္။