စာသင်စရာ ကျောင်းမရှိတော့လို့ ငိုကြွေးပြီး ဆုတောင်းနေကြရတဲ့ ကျောင်းသား ကလေးငယ်လေးများ

173

ချင်းပြည်နယ်တီးတိန်မြို့နယ် တုန်းဇံရွာရဲ့ အစိုးရအထက်တန်းကျောင်းခွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ရက်နေ့ ညပိုင်းအချိန်မှာ မီးဘေးဒဏ်ကြောင့် ကျောင်းဆောင်တွေ မီးသင့်ခဲ့ပြီး ဒိကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ်တွေဟာ လက်ရှိမှာစာသင်စရာနေရာ ကင်းမဲ့လို့နေပါတယ်။

ကျောင်းဆောင်တွေအပြင် ကျောက်သင်ပုန်းတွေ ထိုင်ခုံ၊စာရေးခုံတွေပါမီးလောင်ပြာကျသွားတဲ့အတွက် သူတို့အတွက်ပိုမိုပြီး စာလေ့လာသင်ဟူဖို့ခက်ခဲစေတဲ့အခြေအနေဖြစ်နေတာပါ။

ခရစ်ယာန်ဘာသာဝင်တွေများတဲ့ ချင်းပြည်နယ်မှာ ကလေးငယ်လေးတွေကောလူကြီးတွေပါ သူတို့ယုံကြည်သက်ဝင်တဲ့ဘာသာဓလေ့ထုံးစံအတိုင်း လက်ရှိသူတို့စာသင်ကြားနိုင်ဖို့အတွက် ကျောင်းဆောင်အသစ်တွေရဖို့အတွက် မျက်ရည်ကျပြီးဆုတောင်းနေကြတာကို တွေ့မြင်ရမှာပါပဲ။ တောင်တန်းဒေသက ပညာလိုချင်သူတွေရဲ့မျက်ရည်တွေကို ဘယ်သူတွေကအသိအမှတ်မပြုပဲ နေနိုင်မှာလဲ ကလေးငယ်တို့ရယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)

(Zawgyi)

မီးေဘးသင့္ၿပီး စာသင္စရာေက်ာင္းမရွိေတာ့လို႔ ငိုေႂကြးၿပီးဆုေတာင္းေနၾကရတဲ့ကေလးငယ္ေလးမ်ား

ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕နယ္ တုန္းဇံရြာရဲ့ အစိုးရအထက္တန္းေက်ာင္းခြဲဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၂ရက္ေန႔ ညပိုင္းအခ်ိန္မွာ မီးေဘးဒဏ္ေၾကာင့္ ေက်ာင္းေဆာင္ေတြ မီးသင့္ခဲ့ၿပီး ဒိေက်ာင္းမွာတက္ေရာက္ေနတဲ့ ေက်ာင္းသားေက်ာင္းသူ ကေလးငယ္ေတြဟာ လက္ရွိမွာစာသင္စရာေနရာ ကင္းမဲ့လို႔ေနပါတယ္။

ေက်ာင္းေဆာင္ေတြအျပင္ ေက်ာက္သင္ပုန္းေတြ ထိုင္ခုံ၊စာေရးခုံေတြပါမီးေလာင္ျပာက်သြားတဲ့အတြက္ သူတို႔အတြက္ပိုမိုၿပီး စာေလ့လာသင္ဟူဖို႔ခက္ခဲေစတဲ့အေျခအေနျဖစ္ေနတာပါ။

ခရစ္ယာန္ဘာသာဝင္ေတြမ်ားတဲ့ ခ်င္းျပည္နယ္မွာ ကေလးငယ္ေလးေတြေကာလူႀကီးေတြပါ သူတို႔ယုံၾကည္သက္ဝင္တဲ့ဘာသာဓေလ့ထုံးစံအတိုင္း လက္ရွိသူတို႔စာသင္ၾကားနိုင္ဖို႔အတြက္ ေက်ာင္းေဆာင္အသစ္ေတြရဖို႔အတြက္ မ်က္ရည္က်ၿပီးဆုေတာင္းေနၾကတာကို ေတြ႕ျမင္ရမွာပါပဲ။ ေတာင္တန္းေဒသက ပညာလိုခ်င္သူေတြရဲ့မ်က္ရည္ေတြကို ဘယ္သူေတြကအသိအမွတ္မျပဳပဲ ေနနိုင္မွာလဲ ကေလးငယ္တို႔ရယ္။

Yenin Phawah-AlinnMyay(အလင္းေျမ)

Video – Htetar KarKyaw