ဆူပူတဲ့ မိန်းမနဲ့မနေချင်လို့၊ ဓားပြမှုကျူးလွန်ပြီး ထောင်ကျအောင် ကြိုးစားခဲ့တဲ့အဖိုး

86

ကမ္ဘာသိအောင် လျှမ်းလျှမ်းတောက် အလွန်အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ သဘောထားခပ်ဆိုးဆိုးနဲ့ ဇနီးမိန်းမတွေ ရှိနေတတ်ကြတယ်လို့ ဆိုကြပါတယ်။ ဒါဟာ အပြည့်အဝ မှန်ချင်မှ မှန်နိုင်မှာပါ။ ကမ္ဘာက မသိတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ချို့မှာလည်း ဇနီးဆိုးကို ပိုင်ဆိုင်ထားရတာမျိုးူ ရှိတတ်လို့ပါ။

The Sun မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ချင်ပါတယ်။ ပူညံပူညံ အိညက်အိညက် လုပ်လွန်းတဲ့ မိန်းမကို စိတ်ကုန်လွန်းလို့ သူနဲ့ အတူတူနေရတာထက် စာရင်၊ ထောင်ထဲနေရတာကမှ နားအေးပါးအေး ရှိဦးမယ်လို့-

အသက် (၇၂)နှစ် အဖိုးအို Lawrence Ripple က တွေးဆခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကာလရှည် ပူညံပူညံလုပ်ခဲ့တဲ့ ဇနီးကို ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့တာနဲ့ အနီးစပ်ဆုံးဘဏ်ကို သွားပြီး သေနက်ပြကာ ဓားပြတိုက်ခဲ့ပြီး ပေါင် (၂၃၀၀) အထိ ရရှိခဲ့ပါတယ်။

အဲဒီနောက် ဘဏ်လုံခြုံရေးဝန်ထမ်းတွေကို ရဲကိုခေါ်စေပြီး ပိုက်ဆံ၊ အသုံးပြုခဲ့တဲ့ လက်နက်နဲ့အတူ စိတ်ရှည်လက်ရှည် ထိုင်စောင့်ပြီး အဖမ်းခံခဲ့ပါတယ်။ ဒီပြစ်မှုအတွက် Ripple ဟာ ထောင်ဒဏ် အနှစ် (20)အထိ ကျမယ့်အရေးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်-

နေအိမ်အကျယ်ချုပ် (၆)လသာ ချမှတ်ခံခဲ့ရလို့၊ အဖိုး Ripple ရဲ့ဆန္ဒကတော့ ပြည့်ဝမှာ မဟုတ်ပါဘူး။ အဖိုးဟာ ယခင်က ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတာတစ်ကြောင်းရယ်၊ သူကိုယ်တိုင်က စိတ်အခြေအနေ ပုံမှန်လို့ ပြောရခက်တဲ့ အခြေအနေရယ်ကြောင့် မြင့်မားတဲ့ထောင်ဒဏ်ကို ကင်းလွတ်ခဲ့တာပါ။

FBI က စုံစမ်းထောက်လှမ်းမှုမှာတော့ ဒီပြစ်မှုကျူးလွန်ခြင်းမတိုင်မီမှာ Ripple ဟာ ဇနီးဖြစ်သူနဲ့ အကြီးအကျယ် စကားများခဲ့တယ်လို့ သိရပါတယ်။ Ripple ရဲ့ ဇနီးဖြစ်သူ Endayon လည်း တရားရုံး ကြားနာမှုတွေကို တက်ရောက်ခဲ့ပြီး ဘာမှတ်ချက်မှ မပြုလိုကြောင်း ပြောခဲ့ပါတယ်။ Ripple ဟာ Ripple ဟာ Kansas City  မြို့ရှိ အမှတ် 756 Minnesota Ave လမ်းမှာ တည်ရှိတဲ့ Bank of Labor ဘဏ်မှာ အနုကြမ်းဝင်စီးခဲ့တာလို့ သိရပါတယ်။

နတ္သူႀကီး

Zawgyi ျဖင့္ဖတ္ရန္-

ကမာၻသိေအာင္ လွ်မ္းလွ်မ္းေတာက္ အလြန္ေအာင္ျမင္ေနတဲ့သူေတြရဲ႕ ေနာက္ကြယ္မွာ သေဘာထားခပ္ဆုိးဆုိးနဲ႔ ဇနီးမိန္းမေတြ ရွိေနတတ္ၾကတယ္လုိ႔ ဆုိၾကပါတယ္။ ဒါဟာ အျပည့္အဝ မွန္ခ်င္မွ မွန္ႏုိင္မွာပါ။ ကမာၻက မသိတဲ့ အိမ္ေထာင္သည္ အမ်ိဳးသားတစ္ခ်ိဳ႕မွာလည္း ဇနီးဆုိးကို ပုိင္ဆုိင္ထားရတာမ်ိဳးူ ရွိတတ္လုိ႔ပါ။

The Sun မွာ ေဖာ္ျပထားတဲ့ သတင္းတစ္ပုဒ္ကို ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္တင္ဆက္ေပးလုိက္ခ်င္ပါတယ္။ ပူညံပူညံ အိညက္အိညက္ လုပ္လြန္းတဲ့ မိန္းမကုိ စိတ္ကုန္လြန္းလုိ႔ သူနဲ႔ အတူတူေနရတာထက္ စာရင္၊ ေထာင္ထဲေနရတာကမွ နားေအးပါးေအး ရွိဦးမယ္လုိ႔-

အသက္ (၇၂)ႏွစ္ အဖုိးအို Lawrence Ripple က ေတြးဆခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ ကာလရွည္ ပူညံပူညံလုပ္ခဲ့တဲ့ ဇနီးကို ဘယ္လုိမွ ဆက္ၿပီး သည္းမခံႏုိင္ေတာ့တာနဲ႔ အနီးစပ္ဆုံးဘဏ္ကို သြားၿပီး ေသနက္ျပကာ ဓားျပတုိက္ခဲ့ၿပီး ေပါင္ (၂၃၀၀) အထိ ရရွိခဲ့ပါတယ္။

အဲဒီေနာက္ ဘဏ္လုံၿခဳံေရးဝန္ထမ္းေတြကုိ ရဲကိုေခၚေစၿပီး ပုိက္ဆံ၊ အသုံးျပဳခဲ့တဲ့ လက္နက္နဲ႔အတူ စိတ္ရွည္လက္ရွည္ ထုိင္ေစာင့္ၿပီး အဖမ္းခံခဲ့ပါတယ္။ ဒီျပစ္မႈအတြက္ Ripple ဟာ ေထာင္ဒဏ္ အႏွစ္ (20)အထိ က်မယ့္အေရးနဲ႔ ရင္ဆုိင္ခဲ့ရေပမယ့္-

ေနအိမ္အက်ယ္ခ်ဳပ္ (၆)လသာ ခ်မွတ္ခံခဲ့ရလုိ႔၊ အဖုိး Ripple ရဲ႕ဆႏၵကေတာ့ ျပည့္ဝမွာ မဟုတ္ပါဘူး။ အဖုိးဟာ ယခင္က ျပစ္မႈက်ဴးလြန္ခဲ့ျခင္း မရွိတာတစ္ေၾကာင္းရယ္၊ သူကိုယ္တုိင္က စိတ္အေျခအေန ပုံမွန္လုိ႔ ေျပာရခက္တဲ့ အေျခအေနရယ္ေၾကာင့္ ျမင့္မားတဲ့ေထာင္ဒဏ္ကို ကင္းလြတ္ခဲ့တာပါ။

FBI က စုံစမ္းေထာက္လွမ္းမႈမွာေတာ့ ဒီျပစ္မႈက်ဴးလြန္ျခင္းမတုိင္မီမွာ Ripple ဟာ ဇနီးျဖစ္သူနဲ႔ အႀကီးအက်ယ္ စကားမ်ားခဲ့တယ္လုိ႔ သိရပါတယ္။ Ripple ရဲ႕ ဇနီးျဖစ္သူ Endayon လည္း တရား႐ုံး ၾကားနာမႈေတြကို တက္ေရာက္ခဲ့ၿပီး ဘာမွတ္ခ်က္မွ မျပဳလုိေၾကာင္း ေျပာခဲ့ပါတယ္။ Ripple ဟာ Ripple ဟာ Kansas City  ၿမိဳ႕ရွိ အမွတ္ 756 Minnesota Ave လမ္းမွာ တည္ရွိတဲ့ Bank of Labor ဘဏ္မွာ အႏုၾကမ္း၀င္စီးခဲ့တာလုိ႔ သိရပါတယ္။

နတ္သူႀကီး

https://www.thesun.co.uk/news/2703059/miserable-husband-commits-armed-robbery-then-waits-for-cops-to-arrive-because-hed-rather-be-in-jail-than-at-home-with-his-wife/