ညသန်းခေါင် ကားလမ်းမပေါ် ပန်းရောင်းရင်း အိပ်ချင်လွန်းလို့ ငိုနေရှာတဲ့ ကလေး

249

#ဘဝတွေက မလွယ်ပါလား

အခုဖြစ်ရပ်ကို မြင်တွေ့ရတာဟာ စိတ်ထဲဆို့ဆို့နင့်နင့်ဖြစ်စေခဲ့ပြီး ဝမ်းနည်းဝမ်းသာလည်း ခံစားစေခဲ့ရတာ အမှန်ပါ AlinnMyay ချစ်ပရိသတ်ကြီးတို့ရေ။

ဒီဖြစ်ရပ်လေးကို Hnin Htet Htet Wai အကောင့်ပိုင်ရှင်ရဲ့ ပို့စ်လေးမှာ Video နဲ့တကွ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ မြင်တွေ့ရသူတိုင်းအတွက် ကြည်နူးနှစ်သိမ့်စရာ ဖြစ်စေခဲ့ပြီး မျက်ရည်လည်စေခဲ့တဲ့ စေတနာရှင်မလေးရဲ့ မွန်မြတ်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ မျှဝေမှုကို မြင်တွေ့ခဲ့ရလို့ AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ တစ်ဆင့် မျှဝေပေးလိုက်ပါရစေနော်။

ကားလမ်းမကြီး ပေါ် ညဘက်သန်းခေါင်လွန်ချိန် ၁ နာရီခွဲ ဝန်းကျင်ခန့်မှာ ပန်းရောင်းနေရတဲ့ ကလေးငယ်လေးဟာ စံပယ်ပန်းကို လက်ကကိုင်ဆောင်လို့ ငိုယိုအော်ဟစ်နေခဲ့တာဖြစ်ပါတယ်။ ဒါကို မ နှင်းထက်ထက်ဝေ (Hnin Htet Htet Eai အကောင့်ပိုင်ရှင်) က တွေ့မြင်သွားခဲ့ပြီး မေးမြန်းခဲ့ရာမှာတော့ သူဟာ အိပ်ချင်လွန်းလို့ပါ လို့ ဆိုခဲ့ပြီး ကလေးငယ်ဟာ ရောင်းဖို့ကျန်နေသေးတဲ့ ပန်းတွေ လက်ထဲမှာ တစ်ပွေ့တစ်ပိုက်နဲ့ ညသန်းခေါင်အချိန်ကြီး အလွန်အမင်း ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။

နားမကောင်း မျက်လုံးမကောင်းနဲ့ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်နေရတဲ့ ကလေးငယ်ဖြစ်တယ်လို့ Video ဖိူင်မှတ်တမ်းအရ သိရပြီး ကလေးငယ်ဟာ ဒီလောက်အန္တရာယ်များတဲ့ လမ်းမကြီးပေါ်မှာ နေ့တိုင်း ညတိုင်း အသက်နဲ့ရင်းပြီး ဘဝကိုရုန်းကန်နေရတဲ့ ကလေးလေးဖြစ်ကြောင်း ရင်နင့်ဖွယ်ရာ သိရှိခဲ့ရပြီး စိတ်ထိခိုက်ခဲ့ရတဲ့ မနှင်းထက်ထက်ဝေဟာ ကလေးငယ်လေးရဲ့ ပန်းဖိုး ၁၅၀၀၀ ကျပ် ကို ပေးပြီး ကလေးငယ်လေးကို အိမ်ပြန်စေလွှတ်ပြီး အိပ်စက်စေခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက် ပေါ် မှာ အလွန်အမင်းထင်ရှားသွားခဲ့ပြီး စေတနာရှင်မလေးနဲ့ သူ့ရဲ့လုပ်ရပ်ဟာ ပြောစမှတ်ပြုရလောက်အောင် ဝိူင်းဝန်းချီးမွမ်းဂုဏ်ပြု​​ ခြင်း ခံခဲ့ရတာကို ဝမ်းမြောက်ပီတိဖြစ်ဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။

ကလေးငယ်လေးဟာ သူ့အပေါ် ကျေးဇူးပြုခဲ့တဲ့ စေတနာရှင် မနှင်းထက်ထက်ဝေကို ခွဲခွာခါနီးမှာ ကျေးဇူးတင်ပါတယ် လို့ နှူတ်ဆက်သွားခဲ့တာကိုလည်း AlinnMyay(အလင်းမြေ) ချစ်ပရိသတ်ကြီးတို့ ချစ်စဖွယ်ရာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုကလေးငယ်လေးတွေ ဘယ်လောက်တောင်ရှိနေလိမ့််မလဲလို့ တွေးတောနေမိပါတယ်။

လောကကြီးမှာ လူသားချင်းအတူတူ မမျှတမှုတွေ ကင်းဝေးပါစေလို့ ဆုတောင်းပြုနေမိရင်း သနားစဖွယ်ရာ ကလေးငယ်လေးရဲ့ Video ဖိူင်လေးကို တင်ဆက်ပေးလိုက်ရတာမို့ ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာ။

EFIL#AlinnMyay(အလင်းမြေ)

(Zawgyi)

ညသန္းေခါင္ ကားလမ္းမေပၚ ပန္းေရာင္းရင္း အိပ္ခ်င္လြန္းလို႔ ငိုေနရွာတဲ့ ကေလး

#ဘဝေတြက မလြယ္ပါလား

အခုျဖစ္ရပ္ကို ျမင္ေတြ႕ရတာဟာ စိတ္ထဲဆို႔ဆို႔နင့္နင့္ျဖစ္ေစခဲ့ၿပီး ဝမ္းနည္းဝမ္းသာလည္း ခံစားေစခဲ့ရတာ အမွန္ပါ AlinnMyay ခ်စ္ပရိသတ္ႀကီးတို႔ေရ။

ဒီျဖစ္ရပ္ေလးကို Hnin Htet Htet Wai အေကာင့္ပိုင္ရွင္ရဲ့ ပို႔စ္ေလးမွာ Video နဲ႔တကြ ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ ျမင္ေတြ႕ရသူတိုင္းအတြက္ ၾကည္ႏူးႏွစ္သိမ့္စရာ ျဖစ္ေစခဲ့ၿပီး မ်က္ရည္လည္ေစခဲ့တဲ့ ေစတနာရွင္မေလးရဲ့ မြန္ျမတ္တဲ့လုပ္ရပ္ပဲ ျဖစ္ပါတယ္။

သူ႔ရဲ့ မၽွေဝမႈကို ျမင္ေတြ႕ခဲ့ရလို႔ AlinnMyay(အလင္းေျမ) ပရိသတ္ႀကီးအတြက္ ျပန္လည္တင္ဆက္လိုက္ရျခင္းျဖစ္ကာ တစ္ဆင့္ မၽွေဝေပးလိုက္ပါရေစေနာ္။

ကားလမ္းမႀကီး ေပၚ ညဘက္သန္းေခါင္လြန္ခ်ိန္ ၁ နာရီခြဲ ဝန္းက်င္ခန္႔မွာ ပန္းေရာင္းေနရတဲ့ ကေလးငယ္ေလးဟာ စံပယ္ပန္းကို လက္ကကိုင္ေဆာင္လို႔ ငိုယိုေအာ္ဟစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါကို မ ႏွင္းထက္ထက္ေဝ (Hnin Htet Htet Eai အေကာင့္ပိုင္ရွင္) က ေတြ႕ျမင္သြားခဲ့ၿပီး ေမးျမန္းခဲ့ရာမွာေတာ့ သူဟာ အိပ္ခ်င္လြန္းလို႔ပါ လို႔ ဆိုခဲ့ၿပီး ကေလးငယ္ဟာ ေရာင္းဖို႔က်န္ေနေသးတဲ့ ပန္းေတြ လက္ထဲမွာ တစ္ေပြ႕တစ္ပိုက္နဲ႔ ညသန္းေခါင္အခ်ိန္ႀကီး အလြန္အမင္း ဝမ္းနည္းေနခဲ့တာျဖစ္ပါတယ္။

နားမေကာင္း မ်က္လုံးမေကာင္းနဲ႔ မိခင္အိုႀကီးကို ျပဳစုေစာင့္ေရွာက္ေနရတဲ့ ကေလးငယ္ျဖစ္တယ္လို႔ Video ဖိူင္မွတ္တမ္းအရ သိရၿပီး ကေလးငယ္ဟာ ဒီေလာက္အႏၲရာယ္မ်ားတဲ့ လမ္းမႀကီးေပၚမွာ ေန႔တိုင္း ညတိုင္း အသက္နဲ႔ရင္းၿပီး ဘဝကို႐ုန္းကန္ေနရတဲ့ ကေလးေလးျဖစ္ေၾကာင္း ရင္နင့္ဖြယ္ရာ သိရွိခဲ့ရၿပီး စိတ္ထိခိုက္ခဲ့ရတဲ့ မႏွင္းထက္ထက္ေဝဟာ ကေလးငယ္ေလးရဲ့ ပန္းဖိုး ၁၅၀၀၀ က်ပ္ ကို ေပးၿပီး ကေလးငယ္ေလးကို အိမ္ျပန္ေစလႊတ္ၿပီး အိပ္စက္ေစခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္ရပ္ဟာ လူမႈကြန္ရက္ ေပၚ မွာ အလြန္အမင္းထင္ရွားသြားခဲ့ၿပီး ေစတနာရွင္မေလးနဲ႔ သူ႔ရဲ့လုပ္ရပ္ဟာ ေျပာစမွတ္ျပဳရေလာက္ေအာင္ ဝိူင္းဝန္းခ်ီးမြမ္းဂုဏ္ျပဳ​​ ျခင္း ခံခဲ့ရတာကို ဝမ္းေျမာက္ပီတိျဖစ္ဖြယ္ရာ ျမင္ေတြ႕ခဲ့ရပါတယ္။

ကေလးငယ္ေလးဟာ သူ႔အေပၚ ေက်းဇူးျပဳခဲ့တဲ့ ေစတနာရွင္ မႏွင္းထက္ထက္ေဝကို ခြဲခြာခါနီးမွာ ေက်းဇူးတင္ပါတယ္ လို႔ ႏႉတ္ဆက္သြားခဲ့တာကိုလည္း AlinnMyay(အလင္းေျမ) ခ်စ္ပရိသတ္ႀကီးတို႔ ခ်စ္စဖြယ္ရာ ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ ဒီလိုကေလးငယ္ေလးေတြ ဘယ္ေလာက္ေတာင္ရွိေနလိမ့္္မလဲလို႔ ေတြးေတာေနမိပါတယ္။

ေလာကႀကီးမွာ လူသားခ်င္းအတူတူ မမၽွတမႈေတြ ကင္းေဝးပါေစလို႔ ဆုေတာင္းျပဳေနမိရင္း သနားစဖြယ္ရာ ကေလးငယ္ေလးရဲ့ Video ဖိူင္ေလးကို တင္ဆက္ေပးလိုက္ရတာမို႔ ၾကည့္ရႈနိုင္ၾကပါတယ္ခင္ဗ်ာ။

EFIL#AlinnMyay(အလင္းေျမ)