အျမန္လမ်း အသက်တြေ ဆုံးရှုံးရျပန်ပြီ။ လူ(၁၁) ဦးပါတဲ့ ကား စိတ္မေကာင်းစရျာဖစ်ရပ်

62

စိတ်မကောင်းစရာ လူ (၁၁)ဦး ပါတဲ့ ကား အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲမှ သတင်းထုတ်ပြန်ထားကြောင်းတွေ့ရသည်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်(၀၆၃၀) နာရီအချိန် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ်-၂၀/၄ -၂၀/၅ ကြားတွင်နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုဖိုးခွား (စိစစ်ဆဲ) မောင်းနှင် လာသည့် ယာဉ်အမှတ်MDY-5D/—- Alphard အမျိုးအစားအဖြူရောင် ယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါယာဉ်သည် လမ်းအကွေ့တွင်အရှိန်မထိန်းနိုင်ပဲ လမ်းဘေး Guard rails တန်းအားဝင်ရောက် တိုက် မိတိမ်းမှောက်သွားခဲ့ရာ ယာဉ် ပေါ်ပါ ယာဉ်မောင်းအပါအဝင်ကျား(၃)ဦ မ(၄)ဦး ခလေး ကျား (၃)ဦး မ (၁)ဦး စုစုပေါင်း (၁၁)ဦးအနက် ကျား(၃)ဦး(ကလေးငယ်၂ ဦးအပါအဝင်) မ(၁)ဦး ပေါင်း(၄)ဦးသေဆုံးပြီးကျား(၂) ဦးမ((၂) ခလေး (၁) ဦး ပေါင်း(၅) ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်း မှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရပါသည်။

အမည်/နေရပ်များ စိစစ်အတည်ပြုနိုင်ရေး အတွက် သက်ဆိုင်သူများမှ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်ဖော်ပြအပ်ပါသည်။

သတင်း ဓာတ်ပုံ – (အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး)

#AlinnMyay(အလင်းမြေ)

(Zawgyi)






#AlinnMyay(အလင်းမြေ)