ပဲခူးတိုင်းက အသက် (၁၂၅)အရွယ် မြန်မာ့အသက်ကြီးဆုံး အဖွားအို

315




Credit-shwelight

Unicode ဖြင့်ဖတ်ရန်

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သရက်ပင်ကံကျေးရွာမှာနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အသက်အကြီးဆုံး အသက်(၁၂၅)နှစ်အရွယ် အဘွားဒေါ်ထွေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနက ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို စက်တင်ဘာ လ(၂၇)ရက် ညနေပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ကန့်တော့ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ အုတ်ဖိုမြို့နယ်နဲ့ အိုးသည်ကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက တာဝန်ရှိသူတွေက ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သတင်း – ဖြိုးကိုလင်း (ညောင်ဝိုင်း)(5 Plus News)