(၅)နှစ်အရွယ် ကျောင်းသူလေးနှစ်ဦးကို လူမဆန်စွာ ဆုံးမအပြစ်ပေးခဲ့တဲ့ ဆရာများ

112

ဆရာဆိုတာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ သူတို့ဟာ တပည့်တွေအတွက် ဘဝမှာ မရှိမဖြစ် လိုအပ်ကြသူတွေဖြစ်ပြီး၊ ဒုတိယမိဘတွေဆိုရင်လည်း မမှားပါဘူး။ ဆရာကောင်းရင် တပည့်ပေါင်း ထောင်သောင်းချီ တိုးတက်ရာလမ်း ရှာတွေ့နိုင်သလို၊ ဆရာညံ့ရင် တပည့်တွေ ခါးစည်းခံကြရတတ်ပါတယ်။

အခုလည်း Metro ကနေ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို AlinnMyay(အလင္းေျမ) ကနေ ဘာသာပြန်ပေးလိုက်ချင်ပါတယ်။ ထိုင်းနိုင်ငံ ဆူရင်မြို့မှာတည်ရှိတဲ့ မူလတန်းကျောင်းတစ်ခုမှာ စာရွက်တွေ ဖြဲတယ်ဆိုတဲ့ပြစ်မှုနဲ့ လူမမယ်ကျောင်းသူလေး နှစ်ယောက်ကို ကျောင်းဆရာနှစ်ယောက် ပူးပေါင်းပြီး လူမဆန်စွာ အပြစ်ပေးခဲ့ပါတယ်။

အသက် (၅)နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေး နှစ်ယောက်ဟာ ပြစ်မှုအတွက် မျက်နှာကို ပုဝါနဲ့အစည်းခံထားရပြီး၊ လက်ကိုလည်း တိတ်နဲ့ ချည်ခံထားရပါတယ်။ ဒီအဖြစ်အပျက်ကို အခြားဆရာတစ်ယောက်က ဓာတ်ပုံသက်သေယူကာ ကျောင်းသူလေးနှစ်ယောက်ရဲ့ မိဘတွေဆီကို ပေးပို့တိုင်ကြားခဲ့ပါတယ်။

ကာယကံရှင်ကျောင်းသူလေးတွေရဲ့ မိဘတွေဟာ ကျောင်းအုပ်ကြီးကို သွားရောက်တွေ့ဆုံကာ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုတော့ ကျောင်းအုပ်ကြီးက အာရုံစိုက်မှုပိုကောင်းအောင် သင်ပေးတာဖြစ်ကြောင်း ဆရာတွေဘက်က အကာအကွယ်ပေးခဲ့ပါတယ်။

ဒါပေမယ့် မိဘတွေက ကျေနပ်မှုမရှိဘဲ၊ ဓာတ်ပုံသက်သေနဲ့တကွ ရဲစခန်းနဲ့ အထက်ပညာရေးရုံးကို ဆက်လက်တိုင်ကြားခဲ့ပါတယ်။ အဆိုပါ ကျောင်းဆရာနှစ်ယောက်ကို သူတို့ရဲ့ လူမဆန်တဲ့ အပြုအမူအတွက် လျှော်ကြေးပေးဆောင်စေဖို့ အထက်က အမိန့်ချထားပါတယ်။

ကလေးမလေးနှစ်ယောက်ရဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး၊ အချို့မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို အခြားကျောင်းမှာ ပြောင်းထားဖို့ လာရောက်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအထဲမှာ အပြစ်ပေးခဲ့ရတဲ့ ကောင်မလေး နှစ်ယောက်လည်း ပါ၀င်ပါတယ်။ ကျောင်းဆရာနှစ်ယောက်ဟာ ကာယကံရှင်ကျောင်းသူလေးတွေကို နစ်နာကြေးအဖြစ် ပေါင် (၉၂၅)နဲ့ ညီမျှတဲ့ ထိုင်းဘက် ပေးရမှာလို့ သိရပါတယ်။

နတ်သူကြီး-AlinnMyay(အလင္းေျမ)

Zawgyi ျဖင့္ဖတ္ရန္-

ဆရာဆုိတာ အနႏၱဂုိဏ္းဝင္ ေက်းဇူးရွင္မ်ား ျဖစ္ၾကပါတယ္။ သူတုိ႔ဟာ တပည့္ေတြအတြက္ ဘဝမွာ မရွိမျဖစ္ လုိအပ္ၾကသူေတြျဖစ္ၿပီး၊ ဒုတိယမိဘေတြဆုိရင္လည္း မမွားပါဘူး။ ဆရာေကာင္းရင္ တပည့္ေပါင္း ေထာင္ေသာင္းခ်ီ တုိးတက္ရာလမ္း ရွာေတြ႕ႏုိင္သလုိ၊ ဆရာညံ့ရင္ တပည့္ေတြ ခါးစည္းခံၾကရတတ္ပါတယ္။

အခုလည္း Metro ကေန ေဖာ္ျပထားတဲ့ သတင္းတစ္ပုဒ္ကို AlinnMyay(အလင္းေျမ)ကေန ဘာသာျပန္ေပးလုိက္ခ်င္ပါတယ္။ ထုိင္းႏုိင္ငံ ဆူရင္ၿမိဳ႕မွာတည္ရွိတဲ့ မူလတန္းေက်ာင္းတစ္ခုမွာ စာရြက္ေတြ ၿဖဲတယ္ဆိုတဲ့ျပစ္မႈနဲ႔ လူမမယ္ေက်ာင္းသူေလး ႏွစ္ေယာက္ကုိ ေက်ာင္းဆရာႏွစ္ေယာက္ ပူးေပါင္းၿပီး လူမဆန္စြာ အျပစ္ေပးခဲ့ပါတယ္။

အသက္ (၅)ႏွစ္သာ ရွိေသးတဲ့ ေက်ာင္းသူေလး ႏွစ္ေယာက္ဟာ ျပစ္မႈအတြက္ မ်က္ႏွာကို ပု၀ါနဲ႔အစည္းခံထားရၿပီး၊ လက္ကုိလည္း တိတ္နဲ႔ ခ်ည္ခံထားရပါတယ္။ ဒီအျဖစ္အပ်က္ကုိ အျခားဆရာတစ္ေယာက္က ဓာတ္ပုံသက္ေသယူကာ ေက်ာင္းသူေလးႏွစ္ေယာက္ရဲ႕ မိဘေတြဆီကုိ ေပးပုိ႔တုိင္ၾကားခဲ့ပါတယ္။

ကာယကံရွင္ေက်ာင္းသူေလးေတြရဲ႕ မိဘေတြဟာ ေက်ာင္းအုပ္ႀကီးကို သြားေရာက္ေတြ႕ဆုံကာ ေျဖရွင္းခ်က္ေပးဖုိ႔ ေတာင္းဆုိေတာ့ ေက်ာင္းအုပ္ႀကီးက အာ႐ုံစုိက္မႈပုိေကာင္းေအာင္ သင္ေပးတာျဖစ္ေၾကာင္း ဆရာေတြဘက္က အကာအကြယ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ မိဘေတြက ေက်နပ္မႈမရွိဘဲ၊ ဓာတ္ပုံသက္ေသနဲ႔တကြ ရဲစခန္းနဲ႔ အထက္ပညာေရး႐ုံးကို ဆက္လက္တုိင္ၾကားခဲ့ပါတယ္။ အဆုိပါ ေက်ာင္းဆရာႏွစ္ေယာက္ကို သူတုိ႕ရဲ႕ လူမဆန္တဲ့ အျပဳအမူအတြက္ ေလွ်ာ္ေၾကးေပးေဆာင္ေစဖုိ႔ အထက္က အမိန္႔ခ်ထားပါတယ္။

ကေလးမေလးႏွစ္ေယာက္ရဲ႕ ဓာတ္ပုံဟာ အင္တာနက္မွာ ပ်ံ႕ႏွံ႕သြားခဲ့ၿပီး၊ အခ်ိဳ႕မိဘေတြဟာ သူတုိ႔ရဲ႕သားသမီးေတြကို အျခားေက်ာင္းမွာ ေျပာင္းထားဖုိ႔ လာေရာက္ေခၚခဲ့တယ္လုိ႔လည္း သိရပါတယ္။ ဒီအထဲမွာ အျပစ္ေပးခဲ့ရတဲ့ ေကာင္မေလး ႏွစ္ေယာက္လည္း ပါ၀င္ပါတယ္။ ေက်ာင္းဆရာႏွစ္ေယာက္ဟာ ကာယကံရွင္ေက်ာင္းသူေလးေတြကို နစ္နာေၾကးအျဖစ္ ေပါင္ (၉၂၅)နဲ႔ ညီမွ်တဲ့ ထုိင္းဘက္ ေပးရမွာလုိ႔ သိရပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)