Myanmar Idol လက်ရွေးစင် ၁၁ ဦး ထွက်ပေါ်လာခဲ့ပြီ

368

Myanmae Idol ဟာ ဒီနှစ်မှာတော့ ယှဉ်ပြိုင်သူတွေ အားလုံးနီးပါးဟာ အရည်အချင်းရှိသူတွေများပြားတာကြောင့် ဆန်ခါတင် စာရင်း မထွက်ခင်ကတည်းက ပရိသတ်တွေ ရင်ခုန်စွာ အားပေးနေခဲ့ကြတာပါ ။ နောက်ဆုံးဆန်ခါတင်များအဖြစ် ကျန်ရှိနိုင်တယ်လို့ ပရိသတ်တွေအများအပြားသုံးသပ်နေကြတဲ့ ပြိုင်ပွဲဝင်တွေရှိနေခဲ့တာကို တွေ့ရတဲ့အတိုင်း အများစုက ပရိသတ်တွေရဲ့ မျှော်လင့်ချက် နဲ့ ကိုက်ညီစွာ ရွေးချယ်ခြင်းခံခဲ့ရသလို မာန်လင်းထွဋ်လို ပရိသတ်အချစ်တော် ရော့ခ်ကာအဆိုတော်ကြီးကလည်း အိမ်ပြန်ခဲ့ရတဲ့ ဖြစ်စဉ်မျိုးတွေ့ခဲ့ရပါတယ်။ Myanmar Idol လက်ရွေးစင် ၁၁ ဦး ထွက်ပေါ်လာခဲ့ပါပြီ။ ကဲ ဘယ်သူတွေဖြစ်မလဲ? တင်ဆက်ပေးလိုက်ပါပြီ။

အေးမြဖြူ

Winner ဖြစ်လာမယ်လို့ သဲသဲလှုပ် ထင်ကြေးပေးခံနေရပြီး Myanmar Idol Season-4 ရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လေး အေးမြဖြူကအေးမြဖြူဟာ ငယ်စဉ်ကတည်းက အဆိုပါရမီကြီးမားခဲ့သူဖြစ်ပြီး ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်နဲ့ Starlet’s Sky ကလေးသီချင်းဆို ပြိုင်ပွဲတွေမှာ အဆိုဆုပေါင်းများစွာကို သိမ်းပိုက်ရယူခဲ့တာဖြစ်ပါတယ်။ အဆိုပါရမီရှင်လေးပီပီ မြန်မာသံကိုပါ ပိုင်နိင်စွာသီဆိုတင်ဆက်နိုင်သူလေးလည်း ဖြစ်နေပြန်ပါတယ်။ ဂီတလောကအတွက် အင်မတန်အလားအလာကြီးမားကောင်းမွန်လှတဲ့ သမီးငယ်လေးလို့ ဆိုရမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကတော့ အေးမြဖြူလေးကို Myanmar Idol ဆက်လက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

နော်စေးစေးထူး

အသံ ပါဝါကောင်းကောင်းနဲ့ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ ဘားအံက ကရင်တိုင်းရင်းသူလေး နော်စေးစေးထူး ဟာလည်း Finalist ထဲ ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

တန်ခွန်ကျော်

နာဂမျိုးဆက်တွေအတွက် နာဂဂီတမျိုးဆက်သစ်လေး တန်ခွန်ကျော်ဟာ Myanmar Idol Season 4 ရဲ့ နာမည်ကြီး ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး သူကတော့ ဝေးလံခေါင်ဖျားအရပ်မှာ နေထိုင်တဲ့နာဂတိုင်းရင်သားလေးတစ်ယောက်ဖြစ်ပေမဲ့ ထူခြားလွန်းတဲ့အဆိုစွမ်းရည်ကြောင့် ပရိသတ်တွေရဲ့မျှော်လင့်ထားခဲ့တဲဲ့အတိုင်း Finalist ထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ယောကီး

နောက်တစ်ဆင့် ထိုက်ထိုက်တန်တန် တက်လှမ်းသွားနိုင်ခဲ့တဲ့ မင်းတပ်သား ယောကီး ကတော့ ဒိုင်တွေရဲ့ရင်ကိုထိအောင်သီဆိုယှဉ်ပြိုင်ခဲ့ပြီး Top 11 Finalist ဆယ်ဦးမှာ ရွေးချယ်ခံခဲ့ရပါပြီ။ သူ့ရဲ့ချစ်ပရိသတ်များအနေဖြင့် Voteပေးပြီး ဆက်လက်ဝန်းရံကြဖို့လိုအပ်လာပြီဖြစ်ပါတယ်နော်။

ခြူးစစ်ဟန်

Myanmar Idol မှာ ဝင်ရောက်ယှဉ်ပြိုင်​နေတဲ့ ထူးခြားတဲ့ပြိုင်ပွဲဝင် ဥပါယ်တံမျဉ် မင်းသမီးချောလေး ခြူးစစ်ဟန် က
အဆိုပိုင်းမှာ သူ့ရဲ့အရည်အချင်းကို အဆင့်အတန်းမီမီ ထုတ်ပြသွားခဲ့တာကို တွေ့ခဲ့ရပြီ အနုပညာအရည်အသွေးအရ ဘက်စုံတော်လို့ စိတ်ဝင်စားခြင်းခံနေရတာလို့လည်း ဆိုရမှာပါ။ သူဟာ Green Mile အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒိုင်တွေရဲ့ ရွေးချယ်မှုနဲ့အတူ Finalist အဖြစ် နောက်တစ်ဆင့်ကိုထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စောခရစ်မူးလာ

ဘဝမှာဂီတတစ်ခုတည်းကိုပဲ ဇောက်ချင်လုပ်ကိုင်ချင်ပါတယ်ဆိုတဲ့အတွက် ကျောင်းပါထွက်ပြီး ဂီတ အပေါ် မြတ်နိုးလွန်းလှစွာ ခြေစုံပစ်ဝင်လာခဲ့သူ စောခရစ်ဟာလည်း ဂီတ အပေါ် အရမ်းရူးသွပ်သူတစ်ဦး ဖြစ်တဲ့အလျောက် သူ့ရဲ့ ကြိုးစားရင်းနှီးမှုနဲ့ထိုက်တန်စွာ လက်ရွေးစင်မှာ ရွေးချယ်ခံခဲ့ရပါပြီ။

စနေလင်းကျော်

အမိုက်စားစတိုင်လ်ကြောင့် အမျိုးသမီးထုကြီးရဲ့ သဲသဲလှုပ်​ဝန်းရံခြင်းခံနေရသူဖြစ်ပြီး Myanmar Idol Season 4 က အဆိုပြိုင်​ပွဲဝင်​ စနေလင်းကျော်ဆိုတာ အမျိုးသမီးထုပရိသတ်ကြီးအတွက်တော့ စိတ်နှလုံးသားထဲနေရာယူပြီးထားပြီးသူပေါ့လေ။ ဒီလိုဆိုရမှာပါ။ အသံရော လူပါ တည်​ငြိမ်သူလေးအဖြစ် နာမည်ကြီးတဲ့ သူဟာလည်း လက်ရွေးစင်မှာ ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။

နှင်းအိအိဝင်း

မြန်အောင်သူလေး နှင်းအိအိဝင်တော့ တစ်မြို့လုံးရဲ့ဂုဏ်ကိုဆောင်ကာ Myanmar Idol ရဲ့ Finalist တစ်ဦးဖြစ်လာခဲ့တာပါ။ မြန်အောင်တစ်မြို့လုံးက ဝန်းရံနေကြတာဟာ ကြက်သီးထဖွယ်ရာ ဖြစ်စေခဲ့ပါတယ်။

ထက်အဥ္ဇလီ

ခံစားသီဆိုမှုအားကောင်းပြီး အနုပညာတစ်ယောက်အလား ဖျော်ဖြေတင်ဆက်နိုင်သူ ထက်အဥ္ဇလီ ဟာလည်း နောက်တစ်ဆင့်ကို ခေါ်ယူရွေးချယ်ခြင်းခံရပြီး Finalist ထဲ ဝင်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်

နိုင်ငံကျော်အနုပညာရှင်တွေကပါ ဝန်းရံရတဲ့အထိ အဆိုစွမ်းရည်ကောင်းမွန်လှတဲ့ Myanmar Idol Season 4 ပြိုင်ပွဲဝင် အက်စသာဒေါ့သ်ချင်းဆုန်လည်း လက်ရွေးစင် ဆယ်ဦးမှာ ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ပါရမီရှင်ဆန်ဆန် ဖျော်ဖြေတင်ဆက်သွားတာကို တွေ့ခဲ့ရပြီး သူ့ရဲ့ အမာခံပရိသတ် ဖန်ဂရုပ်တောင် ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Benjamin Sum

Myanmar Idol Season 4 ရဲ့ နာမည်ကြီး ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ Benjamin Sum က သူရဲ့ သီချင်းတိုင်းကို ခံစားမှုအပြည့်ထည့်ကာ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ဆိုတတ်တာကြောင့် ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲက ပရိသတ်တွေအားပေးမှု အများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူကတော့ သေချာပေါက် Finalist ထဲဝင်မယ်လို့ ပရိသတ်တွေ တစ်ထစ်ချယုံကြည်ထားတဲ့အတိုင်း ဖြည့်ဆည်းပေးသွားနိုင်ခဲ့ပြီး Myanmar Idol လက်ရွေးစင် ဆယ်တစ်ဦးမှာ ရွေးချယ်ခြင်းခံခဲ့ရပါပြီ။

EFIL- #AlinnMyay(အလင်းမြေ)

(Zawgyi)

Myanmar Idol လက္ေရြးစင္ ၁၁ ဦး ထြက္ေပၚလာခဲ့ၿပီ

Myanmae Idol ဟာ ဒီႏွစ္မွာေတာ့ ယွဥ္ၿပိဳင္သူေတြ အားလုံးနီးပါးဟာ အရည္အခ်င္းရွိသူေတြမ်ားျပားတာေၾကာင့္ ဆန္ခါတင္ စာရင္း မထြက္ခင္ကတည္းက ပရိသတ္ေတြ ရင္ခုန္စြာ အားေပးေနခဲ့ၾကတာပါ ။ ေနာက္ဆုံးဆန္ခါတင္မ်ားအျဖစ္ က်န္ရွိနိုင္တယ္လို႔ ပရိသတ္ေတြအမ်ားအျပားသုံးသပ္ေနၾကတဲ့ ၿပိဳင္ပြဲဝင္ေတြရွိေနခဲ့တာကို ေတြ႕ရတဲ့အတိုင္း အမ်ားစုက ပရိသတ္ေတြရဲ့ ေမၽွာ္လင့္ခ်က္ နဲ႔ ကိုက္ညီစြာ ေရြးခ်ယ္ျခင္းခံခဲ့ရသလို မာန္လင္းထြဋ္လို ပရိသတ္အခ်စ္ေတာ္ ေရာ့ခ္ကာအဆိုေတာ္ႀကီးကလည္း အိမ္ျပန္ခဲ့ရတဲ့ ျဖစ္စဥ္မ်ိဳးေတြ႕ခဲ့ရပါတယ္။ Myanmar Idol လက္ေရြးစင္ ၁၁ ဦး ထြက္ေပၚလာခဲ့ပါၿပီ။ ကဲ ဘယ္သူေတြျဖစ္မလဲ? တင္ဆက္ေပးလိုက္ပါၿပီ။

ေအးျမျဖဴ

Winner ျဖစ္လာမယ္လို႔ သဲသဲလႈပ္ ထင္ေၾကးေပးခံေနရၿပီး Myanmar Idol Season-4 ရဲ့ အသက္အငယ္ဆုံး ၿပိဳင္ပြဲဝင္ေလး ေအးျမျဖဴကေအးျမျဖဴဟာ ငယ္စဥ္ကတည္းက အဆိုပါရမီႀကီးမားခဲ့သူျဖစ္ၿပီး ဂီတတံခါးေလးဖြင့္ပါဦး အစီအစဥ္နဲ႔ Starlet’s Sky ကေလးသီခ်င္းဆို ၿပိဳင္ပြဲေတြမွာ အဆိုဆုေပါင္းမ်ားစြာကို သိမ္းပိုက္ရယူခဲ့တာျဖစ္ပါတယ္။ အဆိုပါရမီရွင္ေလးပီပီ ျမန္မာသံကိုပါ ပိုင္နိင္စြာသီဆိုတင္ဆက္နိုင္သူေလးလည္း ျဖစ္ေနျပန္ပါတယ္။ ဂီတေလာကအတြက္ အင္မတန္အလားအလာႀကီးမားေကာင္းမြန္လွတဲ့ သမီးငယ္ေလးလို႔ ဆိုရမွာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ဝမ္းေျမာက္ဖြယ္ရာ သတင္းကေတာ့ ေအးျမျဖဴေလးကို Myanmar Idol ဆက္လက္ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

ေနာ္ေစးေစးထူး

အသံ ပါဝါေကာင္းေကာင္းနဲ႔ ပါဝင္ယွဥ္ၿပိဳင္ ခဲ့တဲ့ ဘားအံက ကရင္တိုင္းရင္းသူေလး ေနာ္ေစးေစးထူး ဟာလည္း Finalist ထဲ ဝင္ေရာက္လာနိုင္ခဲ့တာျဖစ္ပါတယ္။

တန္ခြန္ေက်ာ္

နာဂမ်ိဳးဆက္ေတြအတြက္ နာဂဂီတမ်ိဳးဆက္သစ္ေလး တန္ခြန္ေက်ာ္ဟာ Myanmar Idol Season 4 ရဲ့ နာမည္ႀကီး ၿပိဳင္ပြဲဝင္ တစ္ဦးျဖစ္ၿပီး သူကေတာ့ ေဝးလံေခါင္ဖ်ားအရပ္မွာ ေနထိုင္တဲ့နာဂတိုင္းရင္သားေလးတစ္ေယာက္ျဖစ္ေပမဲ့ ထူျခားလြန္းတဲ့အဆိုစြမ္းရည္ေၾကာင့္ ပရိသတ္ေတြရဲ့ေမၽွာ္လင့္ထားခဲ့တဲဲ့အတိုင္း Finalist ထဲ ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ေယာကီး

ေနာက္တစ္ဆင့္ ထိုက္ထိုက္တန္တန္ တက္လွမ္းသြားနိုင္ခဲ့တဲ့ မင္းတပ္သား ေယာကီး ကေတာ့ ဒိုင္ေတြရဲ့ရင္ကိုထိေအာင္သီဆိုယွဥ္ၿပိဳင္ခဲ့ၿပီး Top 11 Finalist ဆယ္ဦးမွာ ေရြးခ်ယ္ခံခဲ့ရပါၿပီ။ သူ႔ရဲ့ခ်စ္ပရိသတ္မ်ားအေနျဖင့္ Voteေပးၿပီး ဆက္လက္ဝန္းရံၾကဖို႔လိုအပ္လာၿပီျဖစ္ပါတယ္ေနာ္။

ျခဴးစစ္ဟန္

Myanmar Idol မွာ ဝင္ေရာက္ယွဥ္ၿပိဳင္​ေနတဲ့ ထူးျခားတဲ့ၿပိဳင္ပြဲဝင္ ဥပါယ္တံမ်ဥ္ မင္းသမီးေခ်ာေလး ျခဴးစစ္ဟန္ က
အဆိုပိုင္းမွာ သူ႔ရဲ့အရည္အခ်င္းကို အဆင့္အတန္းမီမီ ထုတ္ျပသြားခဲ့တာကို ေတြ႕ခဲ့ရၿပီ အႏုပညာအရည္အေသြးအရ ဘက္စုံေတာ္လို႔ စိတ္ဝင္စားျခင္းခံေနရတာလို႔လည္း ဆိုရမွာပါ။ သူဟာ Green Mile အဆင့္ကို ေက်ာ္ျဖတ္နိုင္ခဲ့ၿပီျဖစ္ၿပီး ဒိုင္ေတြရဲ့ ေရြးခ်ယ္မႈနဲ႔အတူ Finalist အျဖစ္ ေနာက္တစ္ဆင့္ကိုထိုက္ထိုက္တန္တန္ တက္ေရာက္သြားနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ေစာခရစ္မူးလာ

ဘဝမွာဂီတတစ္ခုတည္းကိုပဲ ေဇာက္ခ်င္လုပ္ကိုင္ခ်င္ပါတယ္ဆိုတဲ့အတြက္ ေက်ာင္းပါထြက္ၿပီး ဂီတ အေပၚ ျမတ္နိုးလြန္းလွစြာ ေျခစုံပစ္ဝင္လာခဲ့သူ ေစာခရစ္ဟာလည္း ဂီတ အေပၚ အရမ္း႐ူးသြပ္သူတစ္ဦး ျဖစ္တဲ့အေလ်ာက္ သူ႔ရဲ့ ႀကိဳးစားရင္းႏွီးမႈနဲ႔ထိုက္တန္စြာ လက္ေရြးစင္မွာ ေရြးခ်ယ္ခံခဲ့ရပါၿပီ။

စေနလင္းေက်ာ္

အမိုက္စားစတိုင္လ္ေၾကာင့္ အမ်ိဳးသမီးထုႀကီးရဲ့ သဲသဲလႈပ္​ဝန္းရံျခင္းခံေနရသူျဖစ္ၿပီး Myanmar Idol Season 4 က အဆိုၿပိဳင္​ပြဲဝင္​ စေနလင္းေက်ာ္ဆိုတာ အမ်ိဳးသမီးထုပရိသတ္ႀကီးအတြက္ေတာ့ စိတ္ႏွလုံးသားထဲေနရာယူၿပီးထားၿပီးသူေပါ့ေလ။ ဒီလိုဆိုရမွာပါ။ အသံေရာ လူပါ တည္​ၿငိမ္သူေလးအျဖစ္ နာမည္ႀကီးတဲ့ သူဟာလည္း လက္ေရြးစင္မွာ ေရြးခ်ယ္ခံခဲ့ရၿပီျဖစ္ပါတယ္။

ႏွင္းအိအိဝင္း

ျမန္ေအာင္သူေလး ႏွင္းအိအိဝင္ေတာ့ တစ္ၿမိဳ႕လုံးရဲ့ဂုဏ္ကိုေဆာင္ကာ Myanmar Idol ရဲ့ Finalist တစ္ဦးျဖစ္လာခဲ့တာပါ။ ျမန္ေအာင္တစ္ၿမိဳ႕လုံးက ဝန္းရံေနၾကတာဟာ ၾကက္သီးထဖြယ္ရာ ျဖစ္ေစခဲ့ပါတယ္။

ထက္အဥၨလီ

ခံစားသီဆိုမႈအားေကာင္းၿပီး အႏုပညာတစ္ေယာက္အလား ေဖ်ာ္ေျဖတင္ဆက္နိုင္သူ ထက္အဥၨလီ ဟာလည္း ေနာက္တစ္ဆင့္ကို ေခၚယူေရြးခ်ယ္ျခင္းခံရၿပီး Finalist ထဲ ဝင္ေရာက္သြားနိုင္ခဲ့တာျဖစ္ပါတယ္။

အက္စတာေဒါ့သ္ခ်င္းဆုန္

နိုင္ငံေက်ာ္အႏုပညာရွင္ေတြကပါ ဝန္းရံရတဲ့အထိ အဆိုစြမ္းရည္ေကာင္းမြန္လွတဲ့ Myanmar Idol Season 4 ၿပိဳင္ပြဲဝင္ အက္စသာေဒါ့သ္ခ်င္းဆုန္လည္း လက္ေရြးစင္ ဆယ္ဦးမွာ ေရြးခ်ယ္ခံခဲ့ရၿပီျဖစ္ပါတယ္။ ပါရမီရွင္ဆန္ဆန္ ေဖ်ာ္ေျဖတင္ဆက္သြားတာကို ေတြ႕ခဲ့ရၿပီး သူ႔ရဲ့ အမာခံပရိသတ္ ဖန္ဂ႐ုပ္ေတာင္ ထြက္ေပၚေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

Benjamin Sum

Myanmar Idol Season 4 ရဲ့ နာမည္ႀကီး ၿပိဳင္ပြဲဝင္ တစ္ဦးျဖစ္တဲ့ Benjamin Sum က သူရဲ့ သီခ်င္းတိုင္းကို ခံစားမႈအျပည့္ထည့္ကာ ကိုယ္ပိုင္စတိုင္လ္ေလးနဲ႔ ဆိုတတ္တာေၾကာင့္ ေယာက္်ားေလးၿပိဳင္ပြဲဝင္ေတြထဲက ပရိသတ္ေတြအားေပးမႈ အမ်ားဆုံးရရွိထားတဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူကေတာ့ ေသခ်ာေပါက္ Finalist ထဲဝင္မယ္လို႔ ပရိသတ္ေတြ တစ္ထစ္ခ်ယုံၾကည္ထားတဲ့အတိုင္း ျဖည့္ဆည္းေပးသြားနိုင္ခဲ့ၿပီး Myanmar Idol လက္ေရြးစင္ ဆယ္တစ္ဦးမွာ ေရြးခ်ယ္ျခင္းခံခဲ့ရပါၿပီ။

EFIL- #AlinnMyay(အလင္းေျမ)