ဘယ်သူပဲဖြစ်ဖြစ် ချစ်သူစွန့်ပစ်ခံရပြီးနောက် လုံးဝမလုပ်သင့်တဲ့ အရာများ

144

ချစ်သူနဲ့ ပြတ်စဲတယ်ဆိုတာ လူတိုင်းနီးပါး ကြုံရနိုင်ပါတယ်။ ချစ်သူနဲ့ ပြတ်စဲတဲ့အခါ ခံစားရတဲ့ စိတ်ကျဝေဒနာဟာ တစ်ခြားစိတ်ဖိအားတွေထက် ကြီးမားပါတယ်။ ပညာဉာဏ်နဲ့ မကုစားနိုင်ဘူးဆိုရင် အဲဒီလူဟာ အသည်းကွဲတဲ့နွံထဲကနေ ရုန်းထွက်နိုင်ဖို့ မလွယ်ပါဘူး။ ချစ်သူက စွန့်ပစ်ခံလိုက်ရပြီဆိုရင် ဒီအချက်တွေ မလုပ်သင့်ကြောင်း AlinnMyay(အလင္းေျမ) က အကြံပေးပါရစေ။

(၁) အမူးသောက်ခြင်း

ယောက်ျားလေးတွေ တော်တော်များများကတော့ ချစ်သူစွန့်ပစ်ခံရပြီဆိုရင် အမူးသောက်တာပါဘဲ။ ဆိုရှယ်ကျတဲ့ မိန်းကလေးတွေလည်း ဒီလို လိုက်လုပ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူက စွန့်ပစ်ခံရရင် စိတ်ညစ်ညစ်နဲ့ အမူးသောက်တာမျိုး ရှောင်ရပါမယ်။ ရောဂါအခံရှိသူဆိုရင် သေသွားနိုင်ပါတယ်။ မဟုတ်လည်း ခေါင်းကိုက်တာကလွဲပြီး သင့်အတွက် ဘာမှ ကျန်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တာက ပြီးခဲ့ပြီပဲ။

(၂) အသည်းကွဲသီချင်းတွေ နားထောင်ခြင်း

အသည်းကွဲသီချင်းတွေ နားထောင်တာဟာ ချစ်သူစွန့်ပစ်ခံရချိန်မှာ အန္တရာယ်ရှိပါတယ်။ စိတ်ဓာတ်အလွန်ကျနေသူဆိုရင် တစ်ခြား မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဦးတည်စေပါတယ်။ အမျိုးသမီးတွေကတော့ ခေါင်းအုံးမှာ မျက်နှာအပ်ပြီး ငိုတတ်ကြပါတယ်။ ငိုတာကတော့ အကြောင်းမဟုတ်ပါဘူး။ တချို့စိတ်ဖိအားတွေက ငိုမှ ပျောက်တာပါ။

(၃) ပွဲကြမ်းခြင်း

ဟိုဘက်က မလိုအပ်လို့ စွန့်ပစ်သွားတာကို သင်က မကျေမနပ်နဲ့ ပွဲသွားကြမ်းရင် မလိုအပ်တဲ့ လူမှုရေးပြဿနာတွေ သင် ထပ်ရှင်းရနိုင်ပါတယ်။ အသည်းကွဲတယ်ဆိုတာ အဲဒီလိုမဟုတ်ဘဲ၊ တစ်ခြားနည်းနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံတွေ အများကြီးရှိပါတယ်။ ခရီးထွက်တာ၊ စာအုပ်တွေဖတ်တာ၊ ဟာသကားတွေ ကြည့်တာ၊ သူငယ်ချင်းတွေကို အချိန်ပိုပေးတာ၊ ကြိုက်ရာလုပ်လို့ရပါတယ်။

(၄) ကောက်ကာငင်ကာ အသစ်ရှာခြင်း

တစ်ခါတလေ မရင့်ကျက်သူ တော်တော်များများက အိုးရွဲ့ကို စလောင်းပဲ့နဲ့ ဖုံးချင်ကြပါတယ်။ ဒါဟာ ဘယ်လိုမှ ကောင်းနိုင်တဲ့ ဖြေရှင်းမှု မဟုတ်ပါဘူး။ တစ်ယောက်နဲ့ပြတ်ပြီး အခြားတစ်ယောက်ကို အမြန်ကောက်ကာ ငင်ကာရှာတာမျိုးဟာ ထင်မှတ်မထားဘဲ ဘဝနဲ့ချီပြီး ရေတိမ်နစ်သွားနိုင်ပါတယ်။ သင် နှစ်ခါ ရှုံးသွားနိုင်တဲ့သဘောပါ။

(၅) ငါမရှိရင် အေးမှာဆိုတဲ့အတွေး

လူငယ်တွေတော်တော်များများက အများကြီး မတွေးတတ်ကြပါဘူး။ ရည်းစားနဲ့ပြတ်သွားတဲ့အခါ ငါမရှိရင် အေးမှာပဲဆိုတဲ့ အတွေးမျိုး တွေးတတ်ကြပါတယ်။ ဒီအတွေးဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ကြောက်စရာအကောင်းဆုံး အတွေးပါ။ တစ်စုံတစ်ယောက်အတွက် မိုက်ရူးရဲဆန်ဆန် သေပြလိုက်ခြင်းအတွက် သင်ဟာ သူရဲကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အသည်းကွဲတာကနေ ဘယ်လို အောင်မြင်စွာရုန်းထွက်မလဲဆိုတဲ့ ရင့်ကျက်တဲ့ နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

နတ်သူကြီး-AlinnMyay(အလင္းေျမ)

Zawgyi ျဖင့္ဖတ္ရန္-

ခ်စ္သူနဲ႔ ျပတ္စဲတယ္ဆုိတာ လူတုိင္းနီးပါး ႀကဳံရႏုိင္ပါတယ္။ ခ်စ္သူနဲ႔ ျပတ္စဲတဲ့အခါ ခံစားရတဲ့ စိတ္က်ေဝဒနာဟာ တစ္ျခားစိတ္ဖိအားေတြထက္ ႀကီးမားပါတယ္။ ပညာဉာဏ္နဲ႔ မကုစားႏုိင္ဘူးဆုိရင္ အဲဒီလူဟာ အသည္းကြဲတဲ့ႏြံထဲကေန ႐ုန္းထြက္ႏုိင္ဖုိ႔ မလြယ္ပါဘူး။ ခ်စ္သူက စြန္႔ပစ္ခံလုိက္ရၿပီဆုိရင္ ဒီအခ်က္ေတြ မလုပ္သင့္ေၾကာင္း AlinnMyay(အလင္းေျမ) က အႀကံေပးပါရေစ။

(၁) အမူးေသာက္ျခင္း

ေယာက္်ားေလးေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ခ်စ္သူစြန္႔ပစ္ခံရၿပီဆုိရင္ အမူးေသာက္တာပါဘဲ။ ဆုိရွယ္က်တဲ့ မိန္းကေလးေတြလည္း ဒီလုိ လုိက္လုပ္တတ္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ခ်စ္သူက စြန္႔ပစ္ခံရရင္ စိတ္ညစ္ညစ္နဲ႔ အမူးေသာက္တာမ်ိဳး ေရွာင္ရပါမယ္။ ေရာဂါအခံရွိသူဆုိရင္ ေသသြားႏုိင္ပါတယ္။ မဟုတ္လည္း ေခါင္းကိုက္တာကလြဲၿပီး သင့္အတြက္ ဘာမွ က်န္မွာ မဟုတ္ပါဘူး။ ၿပီးခဲ့တာက ၿပီးခဲ့ၿပီပဲ။

(၂) အသည္းကြဲသီခ်င္းေတြ နားေထာင္ျခင္း

အသည္းကြဲသီခ်င္းေတြ နားေထာင္တာဟာ ခ်စ္သူစြန္႔ပစ္ခံရခ်ိန္မွာ အႏၱရာယ္ရွိပါတယ္။ စိတ္ဓာတ္အလြန္က်ေနသူဆုိရင္ တစ္ျခား မလုိလားအပ္တဲ့ ဆုိးက်ိဳးေတြကို ဦးတည္ေစပါတယ္။ အမ်ိဳးသမီးေတြကေတာ့ ေခါင္းအုံးမွာ မ်က္ႏွာအပ္ၿပီး ငုိတတ္ၾကပါတယ္။ ငုိတာကေတာ့ အေၾကာင္းမဟုတ္ပါဘူး။ တခ်ိဳ႕စိတ္ဖိအားေတြက ငုိမွ ေပ်ာက္တာပါ။

(၃) ပြဲၾကမ္းျခင္း

ဟုိဘက္က မလုိအပ္လုိ႔ စြန္႔ပစ္သြားတာကို သင္က မေက်မနပ္နဲ႔ ပြဲသြားၾကမ္းရင္ မလုိအပ္တဲ့ လူမႈေရးျပႆနာေတြ သင္ ထပ္ရွင္းရႏုိင္ပါတယ္။ အသည္းကြဲတယ္ဆုိတာ အဲဒီလုိမဟုတ္ဘဲ၊ တစ္ျခားနည္းနဲ႔ ေျဖရွင္းလုိ႔ရတဲ့ ပုံစံေတြ အမ်ားႀကီးရွိပါတယ္။ ခရီးထြက္တာ၊ စာအုပ္ေတြဖတ္တာ၊ ဟာသကားေတြ ၾကည့္တာ၊ သူငယ္ခ်င္းေတြကို အခ်ိန္ပုိေပးတာ၊ ႀကိဳက္ရာလုပ္လုိ႔ရပါတယ္။

(၄) ေကာက္ကာငင္ကာ အသစ္ရွာျခင္း

တစ္ခါတေလ မရင့္က်က္သူ ေတာ္ေတာ္မ်ားမ်ားက အုိးရြဲ႕ကုိ စေလာင္းပဲ့နဲ႔ ဖုံးခ်င္ၾကပါတယ္။ ဒါဟာ ဘယ္လုိမွ ေကာင္းႏုိင္တဲ့ ေျဖရွင္းမႈ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ျပတ္ၿပီး အျခားတစ္ေယာက္ကို အျမန္ေကာက္ကာ ငင္ကာရွာတာမ်ိဳးဟာ ထင္မွတ္မထားဘဲ ဘဝနဲ႔ခ်ီၿပီး ေရတိမ္နစ္သြားႏုိင္ပါတယ္။ သင္ ႏွစ္ခါ ႐ႈံးသြားႏုိင္တဲ့သေဘာပါ။

(၅) ငါမရွိရင္ ေအးမွာဆုိတဲ့အေတြး

လူငယ္ေတြေတာ္ေတာ္မ်ားမ်ားက အမ်ားႀကီး မေတြးတတ္ၾကပါဘူး။ ရည္းစားနဲ႔ျပတ္သြားတဲ့အခါ ငါမရွိရင္ ေအးမွာပဲဆုိတဲ့ အေတြးမ်ိဳး ေတြးတတ္ၾကပါတယ္။ ဒီအေတြးဟာ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ေၾကာက္စရာအေကာင္းဆုံး အေတြးပါ။ တစ္စုံတစ္ေယာက္အတြက္ မုိက္႐ူးရဲဆန္ဆန္ ေသျပလုိက္ျခင္းအတြက္ သင္ဟာ သူရဲေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူး။ အသည္းကြဲတာကေန ဘယ္လုိ ေအာင္ျမင္စြာ႐ုန္းထြက္မလဲဆုိတဲ့ ရင့္က်က္တဲ့ နည္းလမ္းကုိ ေရြးခ်ယ္သင့္ပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)