သားသားမီးမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ မိဘတွေ ပြုလုပ်လေ့ရှိတဲ့အမှားများ

131

ကလေးဆိုတာ အနာဂတ်ရဲ့ အသီးအပွင့်တွေဖြစ်ပါတယ်။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ မိဘတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။ လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ-ဆိုသလိုပဲ မိဘတွေမှားရင် သားသမီးတွေ လူညွှန့်တုံးတတ်လို့ပါ။ အခု AlinnMyay(အလင်းမြေ) က ဖော်ပြမှာကတော့ ကလေးတွေနဲ့ ပတ်သက်ပြီး မိဘတွေ ကျူးလွန်လေ့ရှိတဲ့ အမှားတွေဖြစ်ပါတယ်။

(၁) အရွယ်မတိုင်ခင် ဖုန်းအလွန်အမင်း ပေးသုံးခြင်း

ယနေ့ခေတ် မိဘတိုင်း ကျူးလွန်လေ့ရှိတဲ့ အမှားပါ။ ဖုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်တယ်ဆိုတာ သူတို့ သိလင့်ကစား ဒီအမှားကို ဂရုမမူမိတတ်ကြပါဘူး။ အနည်းဆုံးတော့ ကလေးတွေအတွက် ဖုန်းက မျက်လုံး၊ ဦးနှောက်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်စေပါတယ်။ နောက် သူတို့ မမြင်သင့်တာတွေ မြင်သွားနိုင်ပြီး၊ မတတ်သင့်တာတွေ တတ်သွားနိုင်ပါတယ်။

(၂) ဂိမ်းနဲ့ပတ်သက်တဲ့ ပြဿနာများ

ကလေးတွေဟာ ဂိမ်းကို စွဲလွယ်ကြပါတယ်။ ဂိမ်းကစားတာ ဉာဏ်ကောင်းတယ်လို့ ထောက်ခံနေကြသူတွေလည်း ရှိပါတယ်။ ဒီအချက်ကို ကန့်ကွက်ဖို့ မရှိပါဘူး။ ဒါပေမယ့် ဘယ်အရာကမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ တရုတ်နိုင်ငံမှာဆို ကလေးတွေ ဂိမ်းအလွန်စွဲတဲ့ ပြဿနာတွေကြောင့် အာဏာပိုင်တွေ အတော်လေး စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ တစ်ချို့ဂိမ်းတွေက သတ်တဲ့ဖြတ်တဲ့ ဂိမ်းတွေဖြစ်ပြီး ကလေးတွေအတွက် မသင့်တော်ပါဘူး။

(၃) အလိုလိုက်ခြင်း

တချို့မိဘတွေက ကလေးကို အလွန်အလိုလိုက်ပါတယ်။ ဆိုးတယ်သွမ်းတယ်ဆိုတာ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်သေးချိန်မှာ ချစ်ဖို့ ကောင်းပါလိမ့်မယ်။ တစ်ယောက်ယောက်ကို ဒါမှမဟုတ် မိသားစုကို ဒုက္ခပေးနိုင်တဲ့ အဆိုးမျိုးကိုတော့ ငယ်ငယ်ကတည်းက လမ်းဖွင့်ပေးမထားသင့်ပါဘူး။ သင်တန်သင်၊ ခြောက်တန်ခြောက်၊ မြှောက်တန်မြှောက်၊ ငေါက်တန်ငေါက်ပြီး၊ ကလေးရဲ့ မူလအရည်အချင်းတွေ မထိခိုက်စေဘဲ မိဘက လမ်းကြောင်းရမှာပါ။

(၄) မကောင်းတဲ့အမူအကျင့်ကို ကိုယ်တိုင်သင်ပေးခြင်း

တော်တော်များများ မိဘတွေက ဒီအမှုကို ကျူးလွန်တတ်ပါတယ်။ တစ်ယောက်ယောက်ကို မြင်ရင် လှန်ပြလိုက်၊ ဆဲလိုက်ဆိုပြီး သင်ပေးတာပါ။ တစ်ခါတလေ ကလေးချင်းရန်ဖြစ်ရင်၊ သွားအရိုက်ခိုင်းတဲ့ မိဘတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ ကလေးကို ငယ်ငယ်ကတည်းက နုနယ်တဲ့ နှလုံးသားတွေထဲမှာ ရန်လိုမုန်းတီးစိတ်ကို သင်ပေးသလို ဖြစ်စေပါတယ်။

(၅) ကောင်းတဲ့အမူအကျင့်ကို သင်မပေးခြင်း

တစ်ချို့ကလေးတွေက မွေးရာပါ သန္ဓေကောင်းတတ်ပြီး၊ ငယ်ငယ်ကတည်းက ကြင်နာတတ်တယ်၊ ကူညီတတ်တယ်၊ သင်ရင် တတ်မြောက်လွယ်ကြပါတယ်။ မိဘဆိုတာ ကလေးရဲ့ ပင်ကိုယ်ဗီဇက ဘာဖြစ်တယ်ဆိုတာ သိအောင်လုပ်ထားရမှာဖြစ်ပြီး၊ ကောင်းတဲ့အမူအကျင့်လေးတွေတွေ့ရင် သင်ပေးတာ၊ ထူးခြားတဲ့ ပါရမီလေးတွေရှိရင် မြေတောင်မြှောက်ပေးတာ လုပ်ရမှာပါ။ ဒါကို ပျက်ကွက်တဲ့ မိဘတွေလည်း ရှိနေပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Zawgyi ျဖင့္ဖတ္ရန္-

ကေလးဆုိတာ အနာဂတ္ရဲ႕ အသီးအပြင့္ေတြျဖစ္ပါတယ္။ သူတုိ႔ကုိ ထိန္းသိမ္းေစာင့္ေရွာက္ရာမွာ မိဘေတြဟာ အလြန္အေရးပါတဲ့ အခန္းက႑က ရွိေနပါတယ္။ လက္ဦးဆရာမည္ထုိက္စြာ ပုပၺာစရိယ မိႏွင့္ဖ-ဆုိသလုိပဲ မိဘေတြမွားရင္ သားသမီးေတြ လူညႊန္႔တုံးတတ္လုိ႔ပါ။ အခု AlinnMyay(အလင္းေျမ) က ေဖာ္ျပမွာကေတာ့ ကေလးေတြနဲ႔ ပတ္သက္ၿပီး မိဘေတြ က်ဴးလြန္ေလ့ရွိတဲ့ အမွားေတြျဖစ္ပါတယ္။

(၁) အရြယ္မတုိင္ခင္ ဖုန္းအလြန္အမင္း ေပးသုံးျခင္း

ယေန႔ေခတ္ မိဘတုိင္း က်ဴးလြန္ေလ့ရွိတဲ့ အမွားပါ။ ဖုန္းရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြက ဘာေတြျဖစ္တယ္ဆုိတာ သူတုိ႔ သိလင့္ကစား ဒီအမွားကို ဂ႐ုမမူမိတတ္ၾကပါဘူး။ အနည္းဆုံးေတာ့ ကေလးေတြအတြက္ ဖုန္းက မ်က္လုံး၊ ဦးေႏွာက္စတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ထိခိုက္ေစပါတယ္။ ေနာက္ သူတုိ႔ မျမင္သင့္တာေတြ ျမင္သြားႏုိင္ၿပီး၊ မတတ္သင့္တာေတြ တတ္သြားႏုိင္ပါတယ္။

(၂) ဂိမ္းနဲ႔ပတ္သက္တဲ့ ျပႆနာမ်ား

ကေလးေတြဟာ ဂိမ္းကို စြဲလြယ္ၾကပါတယ္။ ဂိမ္းကစားတာ ဉာဏ္ေကာင္းတယ္လုိ႔ ေထာက္ခံေနၾကသူေတြလည္း ရွိပါတယ္။ ဒီအခ်က္ကို ကန္႔ကြက္ဖုိ႔ မရွိပါဘူး။ ဒါေပမယ့္ ဘယ္အရာကမွ အလြန္အကၽြံဆုိရင္ မေကာင္းပါဘူး။ တ႐ုတ္ႏုိင္ငံမွာဆုိ ကေလးေတြ ဂိမ္းအလြန္စြဲတဲ့ ျပႆနာေတြေၾကာင့္ အာဏာပုိင္ေတြ အေတာ္ေလး စုိးရိမ္ေနၾကတယ္လုိ႔ ဆုိပါတယ္။ တစ္ခ်ိဳ႕ဂိမ္းေတြက သတ္တဲ့ျဖတ္တဲ့ ဂိမ္းေတြျဖစ္ၿပီး ကေလးေတြအတြက္ မသင့္ေတာ္ပါဘူး။

(၃) အလုိလုိက္ျခင္း

တခ်ိဳ႕မိဘေတြက ကေလးကို အလြန္အလုိလုိက္ပါတယ္။ ဆုိးတယ္သြမ္းတယ္ဆုိတာ ဘယ္သူ႕ကိုမွ ဒုကၡမေပးႏုိင္ေသးခ်ိန္မွာ ခ်စ္ဖုိ႔ ေကာင္းပါလိမ့္မယ္။ တစ္ေယာက္ေယာက္ကုိ ဒါမွမဟုတ္ မိသားစုကုိ ဒုကၡေပးနုိင္တဲ့ အဆုိးမ်ိဳးကိုေတာ့ ငယ္ငယ္ကတည္းက လမ္းဖြင့္ေပးမထားသင့္ပါဘူး။ သင္တန္သင္၊ ေျခာက္တန္ေျခာက္၊ ေျမႇာက္တန္ေျမႇာက္၊ ေငါက္တန္ေငါက္ၿပီး၊ ကေလးရဲ႕ မူလအရည္အခ်င္းေတြ မထိခုိက္ေစဘဲ မိဘက လမ္းေၾကာင္းရမွာပါ။

(၄) မေကာင္းတဲ့အမူအက်င့္ကုိ ကိုယ္တုိင္သင္ေပးျခင္း

ေတာ္ေတာ္မ်ားမ်ား မိဘေတြက ဒီအမႈကို က်ဴးလြန္တတ္ပါတယ္။ တစ္ေယာက္ေယာက္ကုိ ျမင္ရင္ လွန္ျပလုိက္၊ ဆဲလုိက္ဆုိၿပီး သင္ေပးတာပါ။ တစ္ခါတေလ ကေလးခ်င္းရန္ျဖစ္ရင္၊ သြားအရုိက္ခုိင္းတဲ့ မိဘေတြလည္း ရွိတတ္ပါတယ္။ ဒါဟာ ကေလးကို ငယ္ငယ္ကတည္းက ႏုနယ္တဲ့ ႏွလုံးသားေတြထဲမွာ ရန္လုိမုန္းတီးစိတ္ကို သင္ေပးသလုိ ျဖစ္ေစပါတယ္။

(၅) ေကာင္းတဲ့အမူအက်င့္ကို သင္မေပးျခင္း

တစ္ခ်ိဳ႕ကေလးေတြက ေမြးရာပါ သေႏၶေကာင္းတတ္ၿပီး၊ ငယ္ငယ္ကတည္းက ၾကင္နာတတ္တယ္၊ ကူညီတတ္တယ္၊ သင္ရင္ တတ္ေျမာက္လြယ္ၾကပါတယ္။ မိဘဆုိတာ ကေလးရဲ႕ ပင္ကုိယ္ဗီဇက ဘာျဖစ္တယ္ဆုိတာ သိေအာင္လုပ္ထားရမွာျဖစ္ၿပီး၊ ေကာင္းတဲ့အမူအက်င့္ေလးေတြေတြ႕ရင္ သင္ေပးတာ၊ ထူးျခားတဲ့ ပါရမီေလးေတြရွိရင္ ေျမေတာင္ေျမႇာက္ေပးတာ လုပ္ရမွာပါ။ ဒါကို ပ်က္ကြက္တဲ့ မိဘေတြလည္း ရွိေနပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)