ကိုယ်အလေးချိန် အမြန်ကျလိုသူတွေ လိုက်နာသင့်တဲ့ နည်းလမ်း(၄)မျိုး

138

ကိုယ်အလေးချိန် တက်ခြင်းဟာ မကောင်းပါဘူး။ ဝမှ လှတာဆိုတဲ့ စကားကို မေ့ထားသင့်ပါတယ်။ တကယ်က ရှိသင့်တဲ့ ကိုယ်အလေးချိန် ကျော်လွန်နေရင်၊ မခေါ်ချင်တဲ့ တစ်ကိုယ်ရေ ရောဂါတွေ ရလာနိုင်ပါတယ်။ ကိုယ်အလေးချိန် အမြန်ကျဆင်းလိုသူတွေအတွက် နည်းလမ်း(၄)ခုကို AlinnMyay(အလင်းမြေ) ကနေ တင်ဆက်ပေးလိုက်ပါတယ်။

(၁) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

ကိုယ်အလေးချိန်ကျလိုရင် ပိန်ဆေး မစားပါနဲ့။ အန္တရာယ်များပါတယ်။ သင့်တော်တဲ့ … ဒါမှမဟုတ် နည်းပြတွေ အကြံပြုထားတဲ့ ကိုယ်ကာယ အားကစားတစ်မျိုးမျိုးကို ပုံမှန်လုပ်နေဖို့ လိုပါတယ်။ ဘယ်နည်းမှ မသိဘူးဆိုရင် မနက်စောစော အပြေးလေ့ကျင့်ခန်းမျိုး၊ ရေကူုးတာမျိုးက သင့်တော်ပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီတဲ့အစားအစာကို စားပါ

ဆီကြော်အစားအစာတွေကို ရှောင်ကြဉ်ပါ။ သင့်တင့်တဲ့အသား၊ ငါးနဲ့ သစ်သီးသစ်ရွက် အထူးပြုထားတဲ့ အစားအစာတွေကို စားပါ။ တစ်ခါတည်းမှာ အဝအပြဲစားတာမျိုးကို ရှောင်ပါ။ ခဏခဏနဲ့ နည်းနည်း နည်းနည်း စားတာမျိုးက ပိုသင့်တော်ပါတယ်။ အဆီအဆိမ့် အစားအစာတွေကိုတော့ ရှောင်ပါ။

(၃) အိပ်ရေးဝဝ အိပ်ပါ

အိပ်ရေးမဝရင် လူတစ်ယောက်ရဲ့ သွေးလည်ပတ်မှုစနစ်ကို ကမောက်ကမဖြစ်စေပြီး လူကို ဝစေပါတယ်။ မလိုအပ်ဘဲ အိပ်ရာထဲမှာ ခွေနေတာကလည်း မကောင်းပါဘူး။ လူတိုင်းမှာ အရွယ်အရ သင့်တော်တဲ့ အိပ်ချိန်ဆိုတာ လိုအပ်ပါတယ်။ ပိန်ချင်တဲ့သူတွေ မေ့နေတာက အိပ်ရေးဝဝ အိပ်ဖို့အချက် ဖြစ်တတ်ပါတယ်။

(၄) သံပုရာရည် နေ့စဉ်သောက်ပါ

သံပုရာရည်ဟာ လူကို ဘေးဥပါဒ်မပေးတဲ့ သဘာဝပိန်ဆေးဖြစ်ပါတယ်။ နေ့စဉ် သံပုရာရည်ကို ဖြစ်နိုင်ရင် အနည်းဆုံး နှစ်ကြိမ်တော့ သောက်ဖို့လိုပါတယ်။ သံပုရာရည်ဟာ လူကို သဘာဝကျကျ ပိန်စေရုံသာမက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတဲ့ရောဂါဆိုးတွေကိုလည်း တင်ကြိုကာကွယ်နိုင်ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Zawgyi ျဖင့္ဖတ္ရန္-

ကိုယ္အေလးခ်ိန္ တက္ျခင္းဟာ မေကာင္းပါဘူး။ ဝမွ လွတာဆုိတဲ့ စကားကို ေမ့ထားသင့္ပါတယ္။ တကယ္က ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ ေက်ာ္လြန္ေနရင္၊ မေခၚခ်င္တဲ့ တစ္ကိုယ္ေရ ေရာဂါေတြ ရလာႏုိင္ပါတယ္။ ကိုယ္အေလးခ်ိန္ အျမန္က်ဆင္းလုိသူေတြအတြက္ နည္းလမ္း(၄)ခုကို AlinnMyay(အလင္းေျမ)ကေန တင္ဆက္ေပးလုိက္ပါတယ္။

(၁) ပုံမွန္ေလ့က်င့္ခန္းလုပ္ပါ

ကုိယ္အေလးခ်ိန္က်လုိရင္ ပိန္ေဆး မစားပါနဲ႔။ အႏၱရာယ္မ်ားပါတယ္။ သင့္ေတာ္တဲ့ … ဒါမွမဟုတ္ နည္းျပေတြ အႀကံျပဳထားတဲ့ ကိုယ္ကာယ အားကစားတစ္မ်ိဳးမ်ိဳးကို ပုံမွန္လုပ္ေနဖုိ႔ လုိပါတယ္။ ဘယ္နည္းမွ မသိဘူးဆုိရင္ မနက္ေစာေစာ အေျပးေလ့က်င့္ခန္းမ်ိဳး၊ ေရကူုးတာမ်ိဳးက သင့္ေတာ္ပါတယ္။

(၂) က်န္းမာေရးနဲ႔ ညီတဲ့အစားအစာကို စားပါ

ဆီေၾကာ္အစားအစာေတြကုိ ေရွာင္ၾကဥ္ပါ။ သင့္တင့္တဲ့အသား၊ ငါးနဲ႔ သစ္သီးသစ္ရြက္ အထူးျပဳထားတဲ့ အစားအစာေတြကို စားပါ။ တစ္ခါတည္းမွာ အဝအၿပဲစားတာမ်ိဳးကို ေရွာင္ပါ။ ခဏခဏနဲ႔ နည္းနည္း နည္းနည္း စားတာမ်ိဳးက ပုိသင့္ေတာ္ပါတယ္။ အဆီအဆိမ့္ အစားအစာေတြကုိေတာ့ ေရွာင္ပါ။

(၃) အိပ္ေရးဝဝ အိပ္ပါ

အိပ္ေရးမဝရင္ လူတစ္ေယာက္ရဲ႕ ေသြးလည္ပတ္မႈစနစ္ကုိ ကေမာက္ကမျဖစ္ေစၿပီး လူကို ဝေစပါတယ္။ မလုိအပ္ဘဲ အိပ္ရာထဲမွာ ေခြေနတာကလည္း မေကာင္းပါဘူး။ လူတုိင္းမွာ အရြယ္အရ သင့္ေတာ္တဲ့ အိပ္ခ်ိန္ဆုိတာ လုိအပ္ပါတယ္။ ပိန္ခ်င္တဲ့သူေတြ ေမ့ေနတာက အိပ္ေရးဝဝ အိပ္ဖုိ႔အခ်က္ ျဖစ္တတ္ပါတယ္။

(၄) သံပုရာရည္ ေန႔စဥ္ေသာက္ပါ

သံပုရာရည္ဟာ လူကို ေဘးဥပါဒ္မေပးတဲ့ သဘာဝပိန္ေဆးျဖစ္ပါတယ္။ ေန႔စဥ္ သံပုရာရည္ကုိ ျဖစ္ႏုိင္ရင္ အနည္းဆုံး ႏွစ္ႀကိမ္ေတာ့ ေသာက္ဖုိ႔လုိပါတယ္။ သံပုရာရည္ဟာ လူကုိ သဘာဝက်က် ပိန္ေစ႐ုံသာမက ႏွလုံးေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ိဳေရာဂါ စတဲ့ေရာဂါဆုိးေတြကုိလည္း တင္ႀကိဳကာကြယ္ႏုိင္ပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)