လူရော ဘုန်းကြီးရော ၂၆ ဦးပါတဲ့ ဘုရားဖူး Light Truck ချောက်ထဲကျ

275

မြို့ကြီး နှင့် ရွာငံကြား မိုင်တိုင်၂၈ မိုင် ၃ဖာလုံ တုတ်ထိုးရေရွာအုပ်စု ယုန်တောင်ကျေးရွာအပိုင် အတွင်း အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ ဘုန်းကြီးအားလုံး၂၆ယောက်ပါတဲ့ ဘုရားဖူး Light Truck ယာဉ်တစ်စီး ချောက်ထဲထိုးကျခဲ့ကြောင်း ကနဦး သတင်းအရသိရပါတယ်။

ချောက် က ပေပေါင်း (၂၀၀၀) ကျော်နက်ပြီး ညပိုင်းဆိုတော့ ရှာဖွေကယ်ဆယ် လုပ်ရတာ အခက်အခဲတွေအတော်များနေကြောင်း သိရပါတယ်။

လက်ရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေးပေါင်း ၁ဝယောက် အသက်ရှင်လျှက် ကယ်ဆယ်ပြီး၊ ကျန်တဲ့ deadbody ဆက်လက်သယ်ယူနေဆဲ လို့ သိရပါတယ်။

အဆိုပါ ဘုရားဖူးကားမှာ စစ်ကိုင်းတိုင်းရွှေဘိုမြို့ ခွန်တောင်းကြီးရွာမှကားဟုသိရ ကနဦး သတင်းအရသိရပါသည်။

#ကနဦး။ Arkar Gyi

(Zawgyi)






#ကနဦး။ Arkar Gyi