အမျိုးသားမရှိလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး မိသားစုကလည်း စိတ်ပူစိုးရိမ်နေလို့ အမြန်ဆက်သွယ်ပေးပါ

139

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ် ကျေးရွာအချို့မှ တောင်ကြီးမြို့သို့ အလုပ်သွားလုပ်သည့်သူများ အချို့ပြန်လည်ရောက်ရှိလာသော်လည်း အချို့အဆက်အသွယ်မရဘဲ ထူးဆန်းစွာ ပျောက်ဆုံးနေသဖြင့် မိသားစုများမှ စိုးရိမ်စိတ်ပူနေကြကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ကညင်ကူကျေးရွာအုပ်စု၊ပန်းဇံကွင်းကျေးရွာအုပ်စု နှစ်ခုတို့မှ စုစုပေါင်း အမျိုးသား (၂၅) ဦးကို ၂၀၁၉ခုနှစ် စက်တင်ဘာ (၁၄)ရက်က ဦးချစ်ကို(ခ)ဦးချစ်ကိုကိုဆိုသူမှ တောင်ကြီးမြို့တွင် လက်သမားပန်းရံလုပ်ရန်အတွက် ဦးစီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

”တောင်ကြီးမှာ လက်သမားပန်းရံအလုပ်လုပ်ရမယ် တစ်နေ့ကို (၇၅၀၀)ဝန်းကျင်လောက်ရမယ် စရံငွေ (၃၀၀၀၀)ပေးခဲ့မယ် လိုက်ချင်တဲ့အမျိုးသားတွေ လိုက်လို့ရတယ် ဆိုပြီး ဦးချစ်ကို (ခ)ဦးချစ်ကိိုကိုက ဦးဆောင်ခေါ်သွားတာပါ သူက ကညင်ကူကျေးရွာအုပ်စု ထမ်းပင်ကျိုးကျေးရွာမှာနေသူပါ တောင်သူကြီးမြို့ဘက်ကသူတွေနဲ့ အဆက်အသွယ်ရှိသူပါ လိုက်သွားတဲ့နေ့ကနေ ယနေ့အထိ ဘာအဆက်အသွယ်မှ မရပါဘူး ဒါကြောင့် ဘယ်လိုအခြေအနေ ဖြစ်နေလည်းဆိုတာကို စိုးရိမ်စိတ်ပူတာပါ” ဟု ပန်းဇံကွင်းကျေးရွာမှ အလုပ်သွားလုပ်ရာတွင်ပါဝင်သွားသူ အမျိုးသား၏ဇနီး မဖြူက ပြောသည်။

တောင်ကြီးမြို့တွင် လက်သမား၊ပန်းရံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဦးစီးခေါ်ဆောင်သွားသူမှာ ကညင်ကူကျေးရွာအုပ်စု ထမ်းပင်ကျိုးကျေးရွာတွင် နေထိုသူဦးချစ်ကို(ခ)ဦးချစ်ကိုကို ဖြစ်ပြီး တောင်ကြီးမြို့တွင် နေစရိတ်စားစရိတ်အငြိ်မ်း တစ်ရက်လုပ်လျှင် (၇၀၀၀)မှ(၇၅၀၀)အထိ ရရှိမယ်ဟုပြောဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့အထိ မိသားစုများနှင့် အဆက်အသွယ်မရဖြစ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“သွားတဲ့နေ့ကနေစလို့ ဒီကနေ့အထိ ပြန်မလာတော့ စိုးရိမ်စိတ်ပူရတာဖြစ်ပါတယ် ပြန်မလာရင်လည်း အလုပ်အဆင်ပြေတယ်ဆိုသိရမှာပေါ့ အခုတော့ဘာအဆက်အသွယ်မှ မရတာပါ တစ်ချို့ကလည်း ရောင်းစားဖို့ခေါ်သွားတာလို့ ပြောနေတော့ ပိုပြီးစိတ်ပူတာပေါ့ ခေါ်သွားတဲ့လူက ကိုယ့်ဒေသခံပါ ဒါပေမယ့် ဘယ်လိုအခြေအနေ ကြုံရသလဲဆိုတာမသိရတော့ တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ် အမျိုးသားမရှိတော့ အိမ်စားဝတ်နေရေးက အခက်အခဲတော်တော်လေးကို ဖြစ်နေတယ်”ဟုဒေါ်ဂျက်မ ကပြောသည်။

အလုပ်သွားလုပ်ရန် တောင်ကြီးမြို့သို့ ဦးချစ်ကိုကိုဦးဆောင်၍ ခေါ်သွားပြီး အဆက်အသွယ်မရတဲ့ကိစ္စနှင့်ပတ်သက်ပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မိသားစုများမှ အကြောင်းကြား တိုင်တန်းထားကြောင်း သိရသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း၊#AlinnMyay(အလင်းမြေ)

(Zawgyi)

အမ်ဳိးသားမရွိလို႔ စားဝတ္ေနေရးကအစ အခက္အခဲျဖစ္ေနၿပီး မိသားစုက စိတ္ပူစိုးရိမ္ေနလို႔ အဆက္အသြယ္လုပ္ ေပးပါတဲ႔

ေက်ာ္ေခတ္လင္း၊ ေအာက္တိုဘာ(၂၈)၊#AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး၊ေရၾကည္ၿမိဳ႕နယ္ ေက်း႐ြာအခ်ဳိ႕မွ ေတာင္ႀကီးၿမိဳ႕သို႔ အလုပ္သြားလုပ္သည့္သူမ်ား အခ်ဳိ႕ျပန္လည္ေရာက္႐ွိလာေသာ္လည္း အခ်ဳိ႕အဆက္အသြယ္မရဘဲ ထူးဆန္းစြာ ေပ်ာက္ဆံုးေနသျဖင့္ မိသားစုမ်ားမွ စိုးရိမ္စိတ္ပူေနၾကေၾကာင္း သိရသည္။

ေရၾကည္ၿမိဳ႕နယ္၊ကညင္ကူေက်း႐ြာအုပ္စု၊ပန္းဇံကြင္းေက်း႐ြာအုပ္စု ႏွစ္ခုတို႔မွ စုစုေပါင္း အမ်ဳိးသား (၂၅) ဦးကို ၂၀၁၉ခုႏွစ္ စက္တင္ဘာ (၁၄)ရက္က ဦးခ်စ္ကို(ခ)ဦးခ်စ္ကိုကိုဆိုသူမွ ေတာင္ႀကီးၿမိဳ႕တြင္ လက္သမားပန္းရံလုပ္ရန္အတြက္ ဦးစီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

”ေတာင္ႀကီးမွာ လက္သမားပန္းရံအလုပ္လုပ္ရမယ္ တစ္ေန႔ကို (၇၅၀၀)ဝန္းက်င္ေလာက္ရမယ္ စရံေငြ (၃၀၀၀၀)ေပးခဲ႔မယ္ လိုက္ခ်င္တဲ့အမ်ဳိးသားေတြ လိုက္လို႔ရတယ္ ဆိုၿပီး ဦးခ်စ္ကို (ခ)ဦးခ်စ္ကိုိကုိက ဦးေဆာင္ေခၚသြားတာပါ သူက ကညင္ကူေက်း႐ြာအုပ္စု ထမ္းပင္က်ဳိးေက်း႐ြာမွာေနသူပါ ေတာင္သူႀကီးၿမိဳ႕ဘက္ကသူေတြနဲ႔ အဆက္အသြယ္႐ွိသူပါ လိုက္သြားတဲ႔ေန႔ကေန ယေန႔အထိ ဘာအဆက္အသြယ္မွ မရပါဘူး ဒါေၾကာင့္ ဘယ္လိုအေျခအေန ျဖစ္ေနလည္းဆိုတာကို စိုးရိမ္စိတ္ပူတာပါ” ဟု ပန္းဇံကြင္းေက်း႐ြာမွ အလုပ္သြားလုပ္ရာတြင္ပါဝင္သြားသူ အမ်ဳိးသား၏ဇနီး မျဖဴက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ လက္သမား၊ပန္းရံလုပ္ငန္း လုပ္ကိုင္ရန္အတြက္ ဦးစီးေခၚေဆာင္သြားသူမွာ ကညင္ကူေက်း႐ြာအုပ္စု ထမ္းပင္က်ဳိးေက်း႐ြာတြင္ ေနထိုသူဦးခ်စ္ကို(ခ)ဦးခ်စ္ကိုကို ျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ ေနစရိတ္စားစရိတ္အၿငိ္မ္း တစ္ရက္လုပ္လွ်င္ (၇၀၀၀)မွ(၇၅၀၀)အထိ ရ႐ွိမယ္ဟုေျပာဆိုကာ ေခၚေဆာင္သြားျခင္းျဖစ္ၿပီး ယေန႔အထိ မိသားစုမ်ားႏွင့္ အဆက္အသြယ္မရျဖစ္ေနျခင္း ျဖစ္ေၾကာင္းသိရသည္။

“သြားတဲ႔ေန႔ကေနစလို႕ ဒီကေန႔အထိ ျပန္မလာေတာ့ စိုးရိမ္စိတ္ပူရတာျဖစ္ပါတယ္ ျပန္မလာရင္လည္း အလုပ္အဆင္ေျပတယ္ဆိုသိရမွာေပါ့ အခုေတာ့ဘာအဆက္အသြယ္မွ မရတာပါ တစ္ခ်ဳိ႕ကလည္း ေရာင္းစားဖို႔ေခၚသြားတာလို႔ ေျပာေနေတာ့ ပိုၿပီးစိတ္ပူတာေပါ့ ေခၚသြားတဲ႔လူက ကိုယ့္ေဒသခံပါ ဒါေပမယ့္ ဘယ္လိုအေျခအေန ႀကံဳရသလဲဆိုတာမသိရေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲျဖစ္ေနပါတယ္ အမ်ဳိးသားမ႐ွိေတာ့ အိမ္စားဝတ္ေနေရးက အခက္အခဲေတာ္ေတာ္ေလးကို ျဖစ္ေနတယ္”ဟုေဒၚဂ်က္မ ကေျပာသည္။

အလုပ္သြားလုပ္ရန္ ေတာင္ႀကီးၿမိဳ႕သို႔ ဦးခ်စ္ကိုကိုဦးေဆာင္၍ ေခၚသြားၿပီး အဆက္အသြယ္မရတဲ႔ကိစၥႏွင့္ပတ္သက္ၿပီး ရပ္ကြက္ႏွင့္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုးကို မိသားစုမ်ားမွ အေၾကာင္းၾကား တိုင္တန္းထားေၾကာင္း သိရသည္။

သတင္းတာဝန္ခံ-ေက်ာ္ေခတ္လင္း၊#AlinnMyay(အလင္းေျမ)