မိဘတွေ ဂရုစိုက်ကြပါ.. မြေပဲဆံလေးတစ်ခြမ်းက ကလေးတစ်ယောက်ရဲ့အသက်ကို နှုတ်ယူသွား

254

ဒီဓာတ်ပုံကတော့ အစာနင်ပြီး သေဆုံးထားတဲ့ ကလေးတစ်ယောက်ရဲ့ အသက်ရှုလမ်းကြောင်းပုံလေး ဖြစ်ပါတယ် … ထူးခြားချက်ကို တွေ့ကြလား

ကလေးငယ်တွေဟာ အစားအစာ ဘယ်လောက်စားရမယ်၊ ဘယ်လို အစားအစာတွေကို စားရမယ်ဆိုတာ သိနိုင်တဲ့ ဆင်ခြင်ဉာဏ် မရှိကြပါဘူး။ မိဘတွေက သတိထားပြီး ဂရုတစိုက် ကျွေးကြရပါတယ်။ မိဘတွေကျွေးတဲ့အစားအစာကို ကောင်းလည်းစားမယ်၊ မကောင်းလည်း စားမှာပါဘဲ။

ကျွေးတဲ့အစာက စပ်ရင်ငိုမယ်၊ ချဉ်ရင် မျက်နှာကြီး ရှုူံ့မဲ့ပြီး ငိုမယ်။ ဆာရင်အော်မယ်၊ ဝရင် ပါးစပ်ကို လွှဲပစ်မယ်။ ဒါလောက်ပဲ သိကြတာပါ။ ဒါတောင်မှ ဝတယ်မဝဘူး မသိတဲ့ကလေးတွေ အများကြီး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အစားအစာကို ကိုယ်တိုင် ကျကျနန မစားနိုင်သေးတဲ့ ကလေးတွေကို မိဘတွေက အထူးဂရုစိုက် ကျွေးရပါတယ်။

ကျွေးတိုင်းလည်း မကောင်းပါဘူး။ ကလေးကို ကျွေးတဲ့အစားအစာက အစားအစာအမည်တပ်ရုံနဲ့ ကျွေးလို့ရတာမဟုတ်ပါဘူး။ သူတို့ တကယ်စားနိုင်တဲ့ အစားအစာ ဖြစ်ဖို့ လိုပါတယ်။ အစားအစာ အမာတွေဟာ လူကြီးတွေတောင် အစာချေဖို့ ခက်ခဲတာ၊ အစားအစာအမာ ကျွေးခြင်းကို ရှောင်ရပါမယ်။

အခု ဒီဓာတ်ပုံကတော့ မိဘတွေ ဆင်ခြင်မှု အားနည်းရာက သေဆုံးခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ အစာပြွန်နဲ့ အသက်ရှုလမ်းကြောင်း အပိုင်းလေးကို ဆေးရုံက မပုပ်သိုးအောင်စီမံပြသထားတာပါ။ ထူးခြားချက်က ကလေးဟာ Respiratory Block ဖြစ်ပြီး သေခဲ့ရတာ ဖြစ်ပါတယ်။

Block ဖြစ်ရခြင်း အကြောင်းအရင်းကလည်း ကြီးကြီးမားမား မဟုတ်ပါဘူး။ သေးငယ်လှတဲ့ မြေပဲဆံလေးတစ်ခြမ်း ဖြစ်ပါတယ်။ မြေပဲဆံလေးဟာ သေးငယ်လွန်းပေမယ့် ကလေးတစ်ယောက်ရဲ့အသက်ကို အလွန်လွယ်ကူစွာနဲ့ နှုတ်ယူသွားခဲ့ပါတယ်။

ဆရာဝန်တွေက အခြားမိဘတွေ သတိပြုနိုင်စေဖို့ မြေပဲဆံလေးကို ဖယ်မထားဘဲ အရှိအတိုင်း ပြသထားတာပါ။ တကယ်လည်း ကလေးမိဘတွေ သံဝဂယူ သတိထားနိုင်ဖို့ လိုအပ်ပါတယ်။

လင်းဇော်ကို – D Nae Khit Media

ဒီဓာတ္ပုံကေတာ့ အစာနင္ၿပီး ေသဆုံးထားတဲ့ ကေလးတစ္ေယာက္ရဲ႕ အသက္႐ႈလမ္းေၾကာင္းပုံေလး ျဖစ္ပါတယ္ … ထူးျခားခ်က္ကုိ ေတြ႔ၾကလား

ကေလးငယ္ေတြဟာ အစားအစာ ဘယ္ေလာက္စားရမယ္၊ ဘယ္လုိ အစားအစာေတြကို စားရမယ္ဆုိတာ သိႏုိင္တဲ့ ဆင္ျခင္ဉာဏ္ မရွိၾကပါဘူး။ မိဘေတြက သတိထားၿပီး ဂ႐ုတစိုက္ ေကၽြးၾကရပါတယ္။ မိဘေတြေကၽြးတဲ့အစားအစာကုိ ေကာင္းလည္းစားမယ္၊ မေကာင္းလည္း စားမွာပါဘဲ။

ေကၽြးတဲ့အစာက စပ္ရင္ငုိမယ္၊ ခ်ဥ္ရင္ မ်က္ႏွာႀကီး ႐ႈံူ႕မဲ့ၿပီး ငုိမယ္။ ဆာရင္ေအာ္မယ္၊ ဝရင္ ပါးစပ္ကုိ လႊဲပစ္မယ္။ ဒါေလာက္ပဲ သိၾကတာပါ။ ဒါေတာင္မွ ဝတယ္မဝဘူး မသိတဲ့ကေလးေတြ အမ်ားႀကီး ရွိပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ကုိယ့္အစားအစာကို ကုိယ္တုိင္ က်က်နန မစားႏုိင္ေသးတဲ့ ကေလးေတြကုိ မိဘေတြက အထူးဂ႐ုစုိက္ ေကၽြးရပါတယ္။

ေကၽြးတုိင္းလည္း မေကာင္းပါဘူး။ ကေလးကို ေကၽြးတဲ့အစားအစာက အစားအစာအမည္တပ္႐ုံနဲ႔ ေကၽြးလုိ႔ရတာမဟုတ္ပါဘူး။ သူတုိ႔ တကယ္စားႏုိင္တဲ့ အစားအစာ ျဖစ္ဖုိ႔ လုိပါတယ္။ အစားအစာ အမာေတြဟာ လူႀကီးေတြေတာင္ အစာေခ်ဖုိ႔ ခက္ခဲတာ၊ အစားအစာအမာ ေကၽြးျခင္းကို ေရွာင္ရပါမယ္။

အခု ဒီဓာတ္ပုံကေတာ့ မိဘေတြ ဆင္ျခင္မႈ အားနည္းရာက ေသဆုံးခဲ့ရတဲ့ ကေလးတစ္ေယာက္ရဲ႕ အစာျပြန္နဲ႔ အသက္႐ႈလမ္းေၾကာင္း အပုိင္းေလးကုိ ေဆး႐ုံက မပုပ္သုိးေအာင္စီမံျပသထားတာပါ။ ထူးျခားခ်က္က ကေလးဟာ Respiratory Block ျဖစ္ၿပီး ေသခဲ့ရတာ ျဖစ္ပါတယ္။

Block ျဖစ္ရျခင္း အေၾကာင္းအရင္းကလည္း ႀကီးႀကီးမားမား မဟုတ္ပါဘူး။ ေသးငယ္လွတဲ့ ေျမပဲဆံေလးတစ္ျခမ္း ျဖစ္ပါတယ္။ ေျမပဲဆံေလးဟာ ေသးငယ္လြန္းေပမယ့္ ကေလးတစ္ေယာက္ရဲ႕အသက္ကို အလြန္လြယ္ကူစြာနဲ႔ ႏႈတ္ယူသြားခဲ့ပါတယ္။

ဆရာဝန္ေတြက အျခားမိဘေတြ သတိျပဳႏုိင္ေစဖုိ႔ ေျမပဲဆံေလးကို ဖယ္မထားဘဲ အရွိအတုိင္း ျပသထားတာပါ။ တကယ္လည္း ကေလးမိဘေတြ သံဝဂယူ သတိထားႏုိင္ဖုိ႔ လုိအပ္ပါတယ္။

လင္းေဇာ္ကုိ – D Nae Khit Media