ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်း ဝင်ရောက်သောင်းကျန်းသဖြင့် လူ(၂)ဦးဆေးရုံတင်ထားရ

138

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့နယ်၊သဇင်ကျေးရွာအုပ် တွင်တောဆင်ရိုင်း တစ်ကောင်ရောက်ရှိ ကာ နှာမောင်းဖြင့်အရိုက်ခံရကာ အမျိုးသား တစ်ဦးနှင့်အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိသွားသဖြင့်ဆေး ရုံတင်လိုက်ရကြောင်းသိရသည်။

”ဦးစိန်ဟန် နှင့် ဒေါ်လှလှထွေးတို့ ရေဒါတပ်အနီး ထင်းခုတ်နေတုန်း ဆင်ကရောက်လာပြီး နှာမောင်းနဲ့ အတင်းဝင်ရိုက်တာပါ သူတို့လည်း လွတ်ရာလွတ်ကြောင်းကိုပြေးရင်း ရှောင်ဖို့ကြိုးစားပေမယ့် နှာမောင်းနဲ့ရိုက်လို့ ဒဏ်ရာတွေရခဲ့ပါတယ် ကနဦး ငွေဆောင်ဆေးရုံမှာ ဆေးကုသနေရင်း နောက်တစ်ဆင့် ပုသိမ်ဆေးရုံမှာလွှဲပြောင်းပြီး ဆေးကုသမှုခံယူနေရပါတယ် ဒဏ်ရာတွေကတော့များပါတယ်”ဟု ဦးစိန်ဟန်၏ မိသားစုမှ ကိုကျော်လွင်ကပြောသည်။

ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု ကုန်းစခန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂၈)ရက်ညပိုင်းက ယင်းကျေးရွာနေ ဦးစိန်ဟန် နှင့်ဇနီး ဒေါ်လှလှထွေးတို့ နှစ်ဦးသည် ထင်းခုတ်နေချိန် တောဆင်ရိုင်းတစ်ကောင်မှ အနီးနားကို ရောက်လာသဖြင့် ထွက်ပြေးကာ ထွက်ပြေးတဲ့နောက်လိုက်ပြီး နှာမောင်းဖြင့်ရိုက်ကာ နင်းသတ်ဖို့ ကြိုးစားခြင်းဖြစ်ပြီး ရုန်းကန်၍ ထွက်ပြေးသဖြင့် ဒဏ်ရာများသာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆင်ရိုင်း နှာမောင်းဖြင့်ရိုက်ခြင်းကြောင့် ဦးစိန်ဟန်တွင် ယာဘက်တင်ပါး ပွန်းပဲ့ဒဏ်ရာ၊ဝဲဘက်ညှက်ရိုးကျိုးဒဏ်ရာ ဇနီးဖြစ်သူဒေါ်လှလှမှ ယာဘက်လက်မောင်း ဒဏ်ရာ၊ကျောကုန်းဒဏ်ရာ၊ရင်ဘက်ဒဏ်ရာ၊ဝဲဘက်ခြေထောက်တွင် ဒဏ်ရာ စသည့်ဒဏ်ရာများရရှိသဖြင့် ငွေဆောင်ဆေးရုံမှ ဆေးကုသမှုခံယူနေရာမှ ပုသိမ်ဆေးရုံသို့ ပြောင်းလွှဲဆေးကုသမှုခံယူနေရကြောင်း သိရသည်။

”ဒါကြောင့် ဆင်ရိုင်းအန္တရာယ်က စိုးရိမ်နေရတယ်လို့ ပြောတာပါ ကျန်ခဲ့တဲ့ရက်ကလည်း ရွာကို ဆင်ရိုင်း (၆) ကောင်လောက်ဝင်လာပြီး စပါးခင်းတွေကို နင်းချေ ဖျက်စီးခဲ့လို့ ဒေသခံတွေကို အန္တရာယ်ပေးမှာစိုးပြီး တာဝန်ရှိသူတွေနဲ့ ကျွန်မတို့ဒေသခံတွေပူးပေါင်းပြီး ဆင်တွေကို မောင်းထုတ်ခဲ့ရပါသေးတယ် ဒီလိုပုံစံအတိုင်းဆိုရင် ကျွန်မတို့ အနေဖြင့် လယ်ထဲယာထဲတောင် မဆင်းရဲဖြစ်နေပြီလို့ပြောရမယ် အခုဝင်လာတဲ့ဆင်ကလည်း ရွာရဲ့အစပ်မှာရှိနေတုံးပါ”ဟု သဇင်ကျေးရွာမှဒေသခံ ဒေါ်ညိုပု ကပြောသည်။

ငွေဆောင်မြို့နယ် သဇင်ကျေးရွာအုပ်စုကိုရောက်ရှိပြီး ဦးစိန်ဟန် တို့ ဇနီးမောင်နှံအား နှာမောင်းဖြင့်ရိုက်ခဲ့သည့် ဆင်ရိုင်းသည် ရွာ၏တောစပ်တွင် ရှိနေဆဲဖြစ်ပြီး ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက် ရွာသစ်ကျေးရွာကို အောက်တိုဘာ(၂၂)ရက်က တောဆင်ရိုင်း(၆)ကောင်ဝင်ရောက်လာပြီး စပါးခင်းများကိုနင်းချေ ဖျက်စီးခဲ့သေးသဖြင့် သစ်တောတာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းကာ မောင်းထုတ်ခဲ့ကြကြောင်း သိရသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း#AlinnMyay(အလင်းမြေ)

(Zawgyi)

ေတာဆင္႐ိုင္း တစ္ေကာင္ ေရာက္လာၿပီး ႏွာေမာင္းျဖင့္႐ိုက္သျဖင့္ လူ(၂)ဦးေဆး႐ုံတင္ထားရ

ေက်ာ္ေခတ္လင္း၊ ေအာက္တိုဘာ(၂၉)#AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး၊ ေငြေဆာင္ၿမိဳ႕နယ္၊သဇင္ေက်းရြာအုပ္ တြင္ေတာဆင္႐ိုင္း တစ္ေကာင္ေရာက္႐ွိ ကာ ႏွာေမာင္းျဖင့္အ႐ိုက္ခံရကာ အမ်ဳိးသား တစ္ဦးႏွင့္အမ်ဳိးသမီးတစ္ဦး ဒဏ္ရာမ်ားရရွိသြားသျဖင့္ေဆး ရုံတင္လိုက္ရေၾကာင္းသိရသည္။

”ဦးစိန္ဟန္ ႏွင့္ ေဒၚလွလွေထြးတို႔ ေရဒါတပ္အနီး ထင္းခုတ္ေနတုန္း ဆင္ကေရာက္လာၿပီး ႏွာေမာင္းနဲ႔ အတင္းဝင္႐ိုက္တာပါ သူတို႔လည္း လြတ္ရာလြတ္ေၾကာင္းကိုေျပးရင္း ေ႐ွာင္ဖို႔ႀကိဳးစားေပမယ့္ ႏွာေမာင္းနဲ႔႐ိုက္လို႕ ဒဏ္ရာေတြရခဲ႔ပါတယ္ ကနဦး ေငြေဆာင္ေဆး႐ံုမွာ ေဆးကုသေနရင္း ေနာက္တစ္ဆင့္ ပုသိမ္ေဆး႐ံုမွာလႊဲေျပာင္းၿပီး ေဆးကုသမႈခံယူေနရပါတယ္ ဒဏ္ရာေတြကေတာ့မ်ားပါတယ္”ဟု ဦးစိန္ဟန္၏ မိသားစုမွ ကိုေက်ာ္လြင္ကေျပာသည္။

ေငြေဆာင္ၿမိဳ႕ သဇင္ေက်း႐ြာအုပ္စု ကုန္းစခန္းေက်း႐ြာတြင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၂၈)ရက္ညပိုင္းက ယင္းေက်း႐ြာေန ဦးစိန္ဟန္ ႏွင့္ဇနီး ေဒၚလွလွေထြးတို႕ ႏွစ္ဦးသည္ ထင္းခုတ္ေနခ်ိန္ ေတာဆင္ရိုင္းတစ္ေကာင္မွ အနီးနားကို ေရာက္လာသျဖင့္ ထြက္ေျပးကာ ထြက္ေျပးတဲ႔ေနာက္လိုက္ၿပီး ႏွာေမာင္းျဖင့္႐ိုက္ကာ နင္းသတ္ဖို႔ ႀကိဳးစားျခင္းျဖစ္ၿပီး ႐ုန္းကန္၍ ထြက္ေျပးသျဖင့္ ဒဏ္ရာမ်ားသာရ႐ွိခဲ့ေၾကာင္း သိရသည္။

အဆိုပါဆင္႐ိုင္း ႏွာေမာင္းျဖင့္႐ိုက္ျခင္းေၾကာင့္ ဦးစိန္ဟန္တြင္ ယာဘက္တင္ပါး ပြန္းပဲ႔ဒဏ္ရာ၊ဝဲဘက္ညွက္႐ိုးက်ဳိးဒဏ္ရာ ဇနီးျဖစ္သူေဒၚလွလွမွ ယာဘက္လက္ေမာင္း ဒဏ္ရာ၊ေက်ာကုန္းဒဏ္ရာ၊ရင္ဘက္ဒဏ္ရာ၊ဝဲဘက္ေျခေထာက္တြင္ ဒဏ္ရာ စသည့္ဒဏ္ရာမ်ားရ႐ွိသျဖင့္ ေငြေဆာင္ေဆး႐ံုမွ ေဆးကုသမႈခံယူေနရာမွ ပုသိမ္ေဆး႐ံုသို႔ ေျပာင္းလႊဲေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

”ဒါေၾကာင့္ ဆင္႐ိုင္းအႏၲရာယ္က စိုးရိမ္ေနရတယ္လို႔ ေျပာတာပါ က်န္ခဲ႔တဲ႔ရက္ကလည္း ႐ြာကို ဆင္႐ိုင္း (၆) ေကာင္ေလာက္ဝင္လာၿပီး စပါးခင္းေတြကို နင္းေခ် ဖ်က္စီးခဲ႔လို႔ ေဒသခံေတြကို အႏၲရာယ္ေပးမွာစိုးၿပီး တာဝန္႐ွိသူေတြနဲ႕ ကြ်န္မတို႕ေဒသခံေတြပူးေပါင္းၿပီး ဆင္ေတြကို ေမာင္းထုတ္ခဲ႔ရပါေသးတယ္ ဒီလိုပံုစံအတိုင္းဆိုရင္ ကြ်န္မတို႔ အေနျဖင့္ လယ္ထဲယာထဲေတာင္ မဆင္းရဲျဖစ္ေနၿပီလို႔ေျပာရမယ္ အခုဝင္လာတဲ႔ဆင္ကလည္း ႐ြာရဲ႕အစပ္မွာ႐ွိေနတံုးပါ”ဟု သဇင္ေက်းရြာမွေဒသခံ ေဒၚညိဳပု ကေျပာသည္။

ေငြေဆာင္ၿမိဳ႕နယ္ သဇင္ေက်း႐ြာအုပ္စုကိုေရာက္႐ွိၿပီး ဦးစိန္ဟန္ တို႕ ဇနီးေမာင္ႏွံအား ႏွာေမာင္းျဖင့္႐ိုက္ခဲ႔သည့္ ဆင္႐ိုင္းသည္ ႐ြာ၏ေတာစပ္တြင္ ႐ွိေနဆဲျဖစ္ၿပီး ေငြေဆာင္ၿမိဳ႕နယ္ အမွတ္ (၄) ရပ္ကြက္ ႐ြာသစ္ေက်း႐ြာကို ေအာက္တိုဘာ(၂၂)ရက္က ေတာဆင္႐ိုင္း(၆)ေကာင္ဝင္ေရာက္လာၿပီး စပါးခင္းမ်ားကိုနင္းေခ် ဖ်က္စီးခဲ႔ေသးသျဖင့္ သစ္ေတာတာဝန္႐ွိသူမ်ားႏွင့္ ျပည္သူမ်ား ပူးေပါင္းကာ ေမာင္းထုတ္ခဲ႔ၾကေၾကာင္း သိရသည္။

သတင္းတာဝန္ခံ-ေက်ာ္ေခတ္လင္း#AlinnMyay(အလင္းေျမ)