
0
79


နေပြည်တော်၊ ဇွန် ၎




ရဲဇာနည်

Unicode

ကလေးမြို့နယ်တွင် တစ်ဦးတည်း အရက်သေစာသောက်စားမူးယစ်ပြီး နေအိမ်အား မီးရှို့မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မြလင်းရွာသစ်ကျေးရွာနေ ဦးဝင်းခိုင်(၃၇)နှစ်သည် ဇွန်၂ ရက်နေ့ ည ၁၀ နာရီအချိန် နေအိမ်၌အိပ်ပျော်နေစဉ် မီးလောင်နေကြောင်း အသံကြားသဖြင့် ကျေးရွာအနောက်ပိုင်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ မြင်းရွာသစ်ကျေးရွာနေ

ငမဲ(ခ) တင်မောင်ထွန်း (၃၅)နှစ်၏ နေအိမ်မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/ သားများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး မေးမြန်းစုံစမ်းခဲ့ရာ ငမဲ(ခ)တင်မောင်ထွန်းသည် နေအိမ်တွင် တစ်ဦးတည်း အရက်သေစာသောက်စားမူးယစ်ပြီး နေအိမ်အား မီးရှို့ခဲ့ရာမှ

မီးလောင်ကျွမ်းခြင်း ဖြစ် ကြောင်း သိရှိရသဖြင့်အရေးယူပေးပါရန်တိုင်တန်းချက်အရ ငမဲ(ခ)တင်မောင်ထွန်းအား ကလေးမြို့မ ရဲစခန်း (ပ)၁၀၁၉/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ ဖြင့် အရေးယူထားကြောင်း သတင်းရရှိ သည်။

ရဲဇာနည်