သောက်ရေအိုးအတွင်း အဆိပ်ခပ်ခံရ သည့် ကျောင်းမှကလေးများ နောက်ဆက်တွဲအန္တရာယ် ကြုံရမှာ စိုးရိမ်နေ

145









သောက်ရေအိုးအတွင်း အဆိပ်ခပ်ခံရ သည့် ကျောင်းမှကလေးများကြောက်စိတ်များဖြစ်ကာ နောက်ဆက်တွဲအန္တရာယ် ကြုံရမှာ စိုးရိမ်နေ

ကျော်ခေတ်လင်း၊ အောက်တိုဘာ(၃၁)၊AlinnMyay (အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လင်းဒိုင်းလက်ပံကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင်ဖြစ်ပွားခဲ့ သည့် သောက်ရေအိုးအတွင်း ဖြူရာတန် အမည်ရှိ(3G)တံဆိပ်ပါ အဆိပ်ခပ်ခံရမှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများမှ ထိရောက်စ္စာ အရေးယူပေးစေလိုကြောင်းသိရသည်။

”မင်းမဲ့ စရိုက်ဆန်ဆန် လုပ်ရပ်ဖြစ်ပါတယ် လူသေစေနိုင်တဲ့ ကိစ္စမို့ သက်ဆိုင်ရာက ထိရောက်တဲ့ အရေးယူခြင်းကို စုံစမ်းလုပ်ကိုင်စေခြင်း ပါတယ် အခုတော့ ကလေးတွေက သက် သာပေမယ့် ကြောက်စိတ်တွေတောင် ဝင်နေပါတယ်”ဟု လင်းဒိုင်းလက်ပံ ကျေးရွာမှ ဒေသခံ ဒေါ်အေးအေးက ပြောသည်။

မြောင်းမြမြို့ လင်းဒိုင်းလက်ပံကျေးရွာ အ.ထ.ကတွင် ၂၀၁၉ခုနှစ် အောက်တို ဘာ ၂၄ ရက်က ဖြူရာဒန်အမည်ရှိ 3G တံဆိပ်ပါ အဆိပ်ရည်များ အခပ်ခံရခြင်း ဖြစ်ကာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၀ ကျော်ခန့် အော၊အန် မူးဝေ၊သတိလစ်သဖြင့် ဆေးရုံတင်ခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။

”လူသေရင် ကလေးတွေသေရင် ဘယ်သူက တာဝန်ယူမှာလဲ အခုတော့ အေးရောရောပုံစံဖြစ်နေပါတယ် တာဝန် ရှိသူတွေအနေဖြင့် လုပ်ရပ်ကျူးလွန်သူ ကို စနစ်တကျစစ်ဆေးအရေးယူတာ လုပ်ရပါလိမ့်မယ် မလုပ်ဖူးဆိုရင် ကလေးတွေရဲ့ဘဝက လုံခြုံမှုမရှိဘူးလို့ ပြောနိုင်တယ် ကျွန်တော်တို့ မိဘတွေ အနေနဲ့လည်း စိတ်မအေးနိုင်ဘူး”ဟု ကျောင်းသား မိခင် ကိုဝင်းကိုက ပြောသည်။

အဆိုပါ အစာ အဆိပ်သင့် ဝေဒနာခံစားရသဖြင့် ဆေးရုံတင်ထား ကျောင်းသား ကျောင်း များမှ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး မိဘများမှ ကလေးများ နောက်ဆက်တွဲအန္တရာယ် ကြုံရမှာ စိုးရိမ်နေရကြောင်းသိရသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း-#AlinnMyay(အလင်းမြေ)