၂၀၁၈ ခုနှစ်အတွက် အတိုးတက်ဆုံး အားကစားသမားဆုကို သက်ထားသူဇာရရှိ

130

ဒီနေ့ မြန်မာနိုင်ငံ အားကစား မီဒီယာများ အဖွဲ့ချုပ်မှ ၂၀၁၈ ခုနှစ်အတွက် အတိုးတက်ဆုံး အားကစားသမားဆုကို မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာရှိခဲ့ကြောင်းသိရသည်။

အတိုးတက်ဆုံး အားကစားသမားဆု အပြင် ဂုဏ်ပြုဆုငွေများအဖြစ် UAB Bank မှ 10 သိန်း ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ 5 သိန်း တို့ကို မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ အား ချီးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။

ကြီးမှူးစီစဉ်ကျင်းပပေးတဲ့ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချူပ်၊ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ပေးတဲ့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နှင့် UAB Bank တို့အား ကျေးဇူးအထူးတင်ပါကြောင်း မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ မှ ပြောကြားခဲ့ပါသည်။

အမြဲအားပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း ကျေဇူးတင်ကြောင်းနှင့် သူမ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ဓာတ်ပုံ – သက်ထားသူဇာ #AlinnMyay(အလင်းမြေ)

(Zawgyi)


အောက်တိုဘာ(၃၁)AlinnMyay(အလင်းမြေ)




