အျပင္သြားခါနီး အလွျပင္တာ ၾကာလို႔ဆိုၿပီး ဇနီးကို ခင္ပြန္းက ေသနတ္နဲ႔ပစ္သတ္

0
109

ဇနီးျဖစ္သူ အလွျပင္တာကို ၾကာလို ႔ဆိုၿပီး ေသနတ္နဲ႔ပစ္သတ္ လိုက္တဲ့ေယာက္က်ား

Mexican နိုင္ငံရဲ့ ဆိပ္ကမ္းၿမိဳ႕ေလးျဖစ္တဲ့ ဗရာခ႐ုဇ္ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ စိတ္မေကာင္းစရာကိစၥတစ္ခုျဖစ္ပါတယ္။

အသက္(၂၆)ႏွစ္အရြယ္ Gabriel ဆိုတဲ့ အမ်ိဳးသားတစ္ဦးဟာ (၉)လသားအရြယ္ကေလးကို နို႔တိုက္ေကၽြးေနတဲ့ ဇနီးသည္ Hortencia ကို အေၾကာင္းျပခ်က္ ခိုင္ခိုင္မာမာမရွိဘဲ ရက္ရက္စက္စက္ ေသနတ္နဲ႔ အေသပစ္သတ္ခဲ့ပါတယ္။

ေသနတ္နဲ႔ ပစ္သတ္ခံရတဲ့ Hortencia ဆိုတဲ့ အမ်ိဳးသမီးဟာ ကေလး(၄)ေယာက္မိခင္ျဖစ္တယ္လို႔သိရၿပီး သူမမွာ (၂)ႏွစ္၊ (၄)ႏွစ္၊ (၈)ႏွစ္နဲ႔ (၉)လသားအရြယ္ ကေလး(၄)ေယာက္ရွိပါတယ္။

သူမ အသတ္ခံရတဲ့အေၾကာင္းအရင္းကေတာ့ သူတို႔ လင္မယားႏွစ္ေယာက္ ညဘက္ အျပင္ထြက္လည္ဖို႔ စီစဥ္ထားရာမွ ဇနီးျဖစ္သူ Hortencia ဟာ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ အလွျပင္ဆင္ေနၿပီး အျပင္ထြက္ဖို႔ အသင့္မျဖစ္ေသးတာေၾကာင့္ ေဒါသထြက္ၿပီး ေသနတ္နဲ႔ ပစ္သတ္ခဲ့တာလို႔ သိရပါတယ္။

အိမ္နီးနားခ်င္းေတြရဲ့ ေျပာၾကားခ်က္ေတြအရေတာ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ Gabriel ဆိုတဲ့ အမ်ိဳးသားဟာ ေသနတ္နဲ႔ ပစ္သတ္ခံရတဲ့ ဇနီးသည္ Hortencia အျပင္ ေနာက္ထပ္ ကိုယ္ဝန္လြယ္ထားရတဲ့အျခားမိန္းမတစ္ေယာက္ရွိေၾကာင္း၊

အလွျပင္တာ ၾကာလို ႔ဆိုၿပီး ဇနီးသည္ ကို သတ္ပစ္ လိုက္တဲ့သူ

မိန္းမျဖစ္သူကိုလည္း နည္းမ်ိဳးစုံနဲ႔ စိတ္ဒုကၡေရာက္ေအာင္ ျပဳမွုဆက္ဆံေၾကာင္း၊ တစ္ခါတေလမွာ Hortencia ဟာ ေယာက်္ားျဖစ္သူရဲ့ ေကဘယ္လ္ႀကိဳးေတြနဲ႔ ႏွိပ္စက္ရိုက္ႏွက္တာကို ခံရေၾကာင္း၊ ေသနတ္နဲ႔ ပစ္သတ္မယ္လို႔ ၿခိမ္းေျခာက္ေၾကာင္းတို႔ကိုလည္း ၾကားရေၾကာင္း ေျပာၾကပါတယ္။

ေသဆုံးသြားတဲ့ Hortencia ရဲ့ ဖခင္ကေတာ့ “ သမီးျဖစ္သူရဲ့ ေယာကၡထီးနဲ႔ ေယာကၡမတို႔က Hortencia ကို အိမ္ရဲ့ အခိုင္းအေစနဲ႔ ထမင္းခ်က္အဆင့္သာ သေဘာထားၾကၿပီး သူတို႔ သားက ေခၽြးမျဖစ္သူကို ရိုက္ႏွက္တဲ့အခါ လူႀကီးအေနနဲ႔ ဝင္ေရာက္ေျဖရွင္းေပးျခင္းမ်ိဳး မရွိေၾကာင္း ” ေျပာျပပါတယ္။

က်ယ္ေလာင္လွတဲ့ ေသနတ္သံနဲ႔အတူ အိမ္နီးနားခ်င္းေတြ ေရာက္လာၿပီး ေျမျပင္မွာ ေသြးေတြနဲ႔ လဲက်ေနတဲ့ Hortencia အေလာင္းကို ေတြ႕ရွိခဲ့တဲ့အတြက္ ရဲကို ခ်က္ခ်င္းဖုန္းဆက္ၿပီး အေၾကာင္းၾကားခဲ့ပါတယ္။

သိပ္မၾကာခင္မွာ ရဲေတြေရာက္လာၿပီး စစ္ေဆးမွုေတြလုပ္ခဲ့ေပမယ့္ လူသတ္တရားခံ Gabriel ကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။

လတ္တေလာအေျခအေနမွာေတာ့ Gabriel ကို ရဲတပ္ဖြဲ႕မ်ားက လိုက္လံရွာေဖြေနၿပီး စြဲခ်က္(၄)ခုေလာက္နဲ႔ တရားစြဲဆိုထားေၾကာင္း သိရပါတယ္။

ဇနီးဖြစ်သူ အလှပြင်တာကို ကြာလို ့ဆိုပြီး သေနတ်နဲ့ပစ်သတ် လိုက်တဲ့ယောက်ကျား

Mexican နိုင်ငံရဲ့ ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ ဗရာခရုဇ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာကိစ္စတစ်ခုဖြစ်ပါတယ်။

အသက်(၂၆)နှစ်အရွယ် Gabriel ဆိုတဲ့ အမျိုးသားတစ်ဦးဟာ (၉)လသားအရွယ်ကလေးကို နို့တိုက်ကျွေးနေတဲ့ ဇနီးသည် Hortencia ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ရက်ရက်စက်စက် သေနတ်နဲ့ အသေပစ်သတ်ခဲ့ပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ Hortencia ဆိုတဲ့ အမျိုးသမီးဟာ ကလေး(၄)ယောက်မိခင်ဖြစ်တယ်လို့သိရပြီး သူမမှာ (၂)နှစ်၊ (၄)နှစ်၊ (၈)နှစ်နဲ့ (၉)လသားအရွယ် ကလေး(၄)ယောက်ရှိပါတယ်။

သူမ အသတ်ခံရတဲ့အကြောင်းအရင်းကတော့ သူတို့ လင်မယားနှစ်ယောက် ညဘက် အပြင်ထွက်လည်ဖို့ စီစဉ်ထားရာမှ ဇနီးဖြစ်သူ Hortencia ဟာ အချိန်တော်တော်ကြာတဲ့အထိ အလှပြင်ဆင်နေပြီး အပြင်ထွက်ဖို့ အသင့်မဖြစ်သေးတာကြောင့် ဒေါသထွက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

အိမ်နီးနားချင်းတွေရဲ့ ပြောကြားချက်တွေအရတော့ ရက်စက်ကြမ်းကြုတ်တဲ့ Gabriel ဆိုတဲ့ အမျိုးသားဟာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဇနီးသည် Hortencia အပြင် နောက်ထပ် ကိုယ်ဝန်လွယ်ထားရတဲ့အခြားမိန်းမတစ်ယောက်ရှိကြောင်း၊

အလှပြင်တာ ကြာလို ့ဆိုပြီး ဇနီးသည် ကို သတ်ပစ် လိုက်တဲ့သူ

မိန်းမဖြစ်သူကိုလည်း နည်းမျိုးစုံနဲ့ စိတ်ဒုက္ခရောက်အောင် ပြုမှုဆက်ဆံကြောင်း၊ တစ်ခါတလေမှာ Hortencia ဟာ ယောကျ်ားဖြစ်သူရဲ့ ကေဘယ်လ်ကြိုးတွေနဲ့ နှိပ်စက်ရိုက်နှက်တာကို ခံရကြောင်း၊ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ကြောင်းတို့ကိုလည်း ကြားရကြောင်း ပြောကြပါတယ်။

သေဆုံးသွားတဲ့ Hortencia ရဲ့ ဖခင်ကတော့ “ သမီးဖြစ်သူရဲ့ ယောက္ခထီးနဲ့ ယောက္ခမတို့က Hortencia ကို အိမ်ရဲ့ အခိုင်းအစေနဲ့ ထမင်းချက်အဆင့်သာ သဘောထားကြပြီး သူတို့ သားက ချွေးမဖြစ်သူကို ရိုက်နှက်တဲ့အခါ လူကြီးအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးခြင်းမျိုး မရှိကြောင်း ” ပြောပြပါတယ်။

ကျယ်လောင်လှတဲ့ သေနတ်သံနဲ့အတူ အိမ်နီးနားချင်းတွေ ရောက်လာပြီး မြေပြင်မှာ သွေးတွေနဲ့ လဲကျနေတဲ့ Hortencia အလောင်းကို တွေ့ရှိခဲ့တဲ့အတွက် ရဲကို ချက်ချင်းဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။

သိပ်မကြာခင်မှာ ရဲတွေရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် လူသတ်တရားခံ Gabriel ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

လတ်တလောအခြေအနေမှာတော့ Gabriel ကို ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေနေပြီး စွဲချက်(၄)ခုလောက်နဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။