ဒေါ်လာ(၁၁)ဘီလီယံ ချမ်းသာပေမယ့် တစ်လမှာ ဒေါ်လာ(၅၇၀)ထက် ပိုမသုံးတဲ့သူဌေးကြီး

144

တ႐ုတ္ႏုိင္ငံရဲ႕အခ်မ္းသာဆုံးသူေဌးႀကီး Zong Qinghou ဟာ ကမာၻ႕အခ်မ္းသာဆုံးစာရင္းမွာလည္း ဝင္ေရာက္ႏုိင္ေနသူ ျဖစ္ေပမယ့္ သူဟာ တစ္လကုိ ေဒၚလာ (၅၇၀)ထက္ ပိုမသုံးပါဘူးတဲ့။ သူဟာ တ႐ုတ္ယြမ္အားျဖင့္ တစ္လကုိ ယြမ္(၄၀၀၀)ေလာက္သာ သုံးပါတယ္။

သူေဌးႀကီး Zong ဟာ မိမိကိုယ္ပိုင္အစြမ္းနဲ႔ ခ်မ္းသာလာတဲ့ ဘီလွ်ံနာႀကီးျဖစ္ၿပီး၊ ေဒၚလာ (၁၁.၄)သန္းအထိ ခ်မ္းသာၾကြယ္ဝသူျဖစ္ပါတယ္။ သူဟာ (၂၀၁၀)(၂၀၁၂)(၂၀၁၃)မွာ တ႐ုတ္ႏုိင္ငံရဲ႕ နံပတ္(၁)အခ်မ္းသာဆုံးသူေဌးႀကီးအျဖစ္ ရပ္တည္ႏုိင္ခဲ့သူပါ။

Zong ဟာ အလွဴအတန္းပုိင္းနဲ႔ ပရဟိတပုိင္းမွာ အလြန္ရက္ေရာသေလာက္၊ သူကိုယ္ပုိင္သုံးတဲ့ ေငြကိုေတာ့ ယြမ္(၄၀၀၀)အတိအက် သုံးတယ္လုိ႔ သိရပါတယ္။ သူကေတာ့ ဒါကုိ ကပ္ေစးနည္းတာလုိ႔ မျမင္ေၾကာင္း၊ ေငြဆုိတာ လူက စည္းကမ္းမရွိရင္ စုထားတဲ့ပုိက္ဆံကို မနက္ျပန္မွာ ေျပာင္ေအာင္သုံးမယ္ဆုိလည္းရေၾကာင္း ေထာက္ျပပါတယ္။

Zong ဟာ Hangzhou Wahaha Group ကုမၸဏီႀကီးကို တည္ေထာင္သူျဖစ္ၿပီး၊ အဲဒီကုမၸဏီကေန အေဖ်ာ္ယမကာမ်ိဳးစုံထုတ္လုပ္ေၾကာင္း သိရပါတယ္။ သူဟာ လက္ရွိအခ်ိန္မွာ (၇၄)ႏွစ္ရွိၿပီျဖစ္ၿပီး ဒီကုမၸဏီကို (၁၉၈၇)ခုႏွစ္ သူ႕အသက္ (၄၂)အရြယ္မွာ ေအာင္ျမင္စြာစတင္လည္ပတ္ခဲ့တာပါ။

Zong ဟာ အလြန္ဆင္းရဲတဲ့ မိသားစုက ေပါက္ဖြားလာသူပါ။ သူရဲ႕မိခင္ဟာ မိသားစုတာဝန္ကို မႏုိင္မနင္းထမ္းခဲ့ရၿပီး၊ ေက်ာင္းဆရာမ ဝင္ေငြနဲ႔ မေလာက္ငခဲ့ပါဘူး။ ဒီအတြက္ သားႀကီးျဖစ္တဲ့ Zong က အသက္(၁၇)ႏွစ္အရြယ္မွာ ေက်ာင္းဆက္မတက္ေတာ့ဘဲ ဆားခ်က္လုပ္ငန္းမွာ ဝင္လုပ္ပါတယ္။

ပညာေရး ဆုံးခန္းမတုိင္ခဲ့လုိ႔ Zong ဟာ အလြန္ၾကမ္းတမ္းတဲ့ အလုပ္ခြင္မွာ က်င္လည္ခဲ့ရပါတယ္။ သူဟာ ပန္းရံလက္သမားလည္း လုပ္ဖူးၿပီး၊ ႏြားႏုိ႔လည္း ပုိ႔ဖူးပါတယ္။ (၃)ႏွစ္အၾကာမွာ မိခင္ရြာကိုျပန္လာခဲ့ၿပီး စတုိးဆုိင္မွာ တစ္လ ယြမ္(၃၀)နဲ႔ အလုပ္လုပ္ပါတယ္။

သူေဌးျဖစ္ခ်င္ေတာ့ အသက္(၄၂)ႏွစ္မွာ သူ စုေဆာင္းထားတဲ့ ေငြေလးနဲ႔ အေသးစားစက္႐ုံတစ္ခုကို လက္ေျပာင္းရယူခဲ့ပါတယ္။ အခ်ိဳရည္ထုတ္လုပ္တဲ့ လုပ္ငန္းပါ။ အဲဒီေနာက္မွာေတာ့ လုပ္ငန္းက ရလာတဲ့အျမတ္ေတြကို လုပ္ငန္းထဲမွာပဲ (၅)ႏွစ္ၾကာ ျပန္ထည့္ဝင္ခဲ့ၿပီး၊ ေနာက္ဆုံးေတာ့ ကမာၻ႕အႀကီးဆုံးစာရင္းဝင္ အေဖ်ာ္ယမကာစက္႐ုံႀကီးကို ပုိင္ဆုိင္ခဲ့ပါတယ္။

နတ္သူႀကီး ApannPyay

တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးသူဌေးကြီး Zong Qinghou ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာလည်း ဝင်ရောက်နိုင်နေသူ ဖြစ်ပေမယ့် သူဟာ တစ်လကို ဒေါ်လာ (၅၇၀)ထက် ပိုမသုံးပါဘူးတဲ့။ သူဟာ တရုတ်ယွမ်အားဖြင့် တစ်လကို ယွမ်(၄၀၀၀)လောက်သာ သုံးပါတယ်။

သူဌေးကြီး Zong ဟာ မိမိကိုယ်ပိုင်အစွမ်းနဲ့ ချမ်းသာလာတဲ့ ဘီလျှံနာကြီးဖြစ်ပြီး၊ ဒေါ်လာ (၁၁.၄)သန်းအထိ ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။ သူဟာ (၂၀၁၀)(၂၀၁၂)(၂၀၁၃)မှာ တရုတ်နိုင်ငံရဲ့ နံပတ်(၁)အချမ်းသာဆုံးသူဌေးကြီးအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။

Zong ဟာ အလှူအတန်းပိုင်းနဲ့ ပရဟိတပိုင်းမှာ အလွန်ရက်ရောသလောက်၊ သူကိုယ်ပိုင်သုံးတဲ့ ငွေကိုတော့ ယွမ်(၄၀၀၀)အတိအကျ သုံးတယ်လို့ သိရပါတယ်။ သူကတော့ ဒါကို ကပ်စေးနည်းတာလို့ မမြင်ကြောင်း၊ ငွေဆိုတာ လူက စည်းကမ်းမရှိရင် စုထားတဲ့ပိုက်ဆံကို မနက်ပြန်မှာ ပြောင်အောင်သုံးမယ်ဆိုလည်းရကြောင်း ထောက်ပြပါတယ်။

Zong ဟာ Hangzhou Wahaha Group ကုမ္ပဏီကြီးကို တည်ထောင်သူဖြစ်ပြီး၊ အဲဒီကုမ္ပဏီကနေ အဖျော်ယမကာမျိုးစုံထုတ်လုပ်ကြောင်း သိရပါတယ်။ သူဟာ လက်ရှိအချိန်မှာ (၇၄)နှစ်ရှိပြီဖြစ်ပြီး ဒီကုမ္ပဏီကို (၁၉၈၇)ခုနှစ် သူ့အသက် (၄၂)အရွယ်မှာ အောင်မြင်စွာစတင်လည်ပတ်ခဲ့တာပါ။

Zong ဟာ အလွန်ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာသူပါ။ သူရဲ့မိခင်ဟာ မိသားစုတာဝန်ကို မနိုင်မနင်းထမ်းခဲ့ရပြီး၊ ကျောင်းဆရာမ ဝင်ငွေနဲ့ မလောက်ငခဲ့ပါဘူး။ ဒီအတွက် သားကြီးဖြစ်တဲ့ Zong က အသက်(၁၇)နှစ်အရွယ်မှာ ကျောင်းဆက်မတက်တော့ဘဲ ဆားချက်လုပ်ငန်းမှာ ဝင်လုပ်ပါတယ်။

ပညာရေး ဆုံးခန်းမတိုင်ခဲ့လို့ Zong ဟာ အလွန်ကြမ်းတမ်းတဲ့ အလုပ်ခွင်မှာ ကျင်လည်ခဲ့ရပါတယ်။ သူဟာ ပန်းရံလက်သမားလည်း လုပ်ဖူးပြီး၊ နွားနို့လည်း ပို့ဖူးပါတယ်။ (၃)နှစ်အကြာမှာ မိခင်ရွာကိုပြန်လာခဲ့ပြီး စတိုးဆိုင်မှာ တစ်လ ယွမ်(၃၀)နဲ့ အလုပ်လုပ်ပါတယ်။

သူဌေးဖြစ်ချင်တော့ အသက်(၄၂)နှစ်မှာ သူ စုဆောင်းထားတဲ့ ငွေလေးနဲ့ အသေးစားစက်ရုံတစ်ခုကို လက်ပြောင်းရယူခဲ့ပါတယ်။ အချိုရည်ထုတ်လုပ်တဲ့ လုပ်ငန်းပါ။ အဲဒီနောက်မှာတော့ လုပ်ငန်းက ရလာတဲ့အမြတ်တွေကို လုပ်ငန်းထဲမှာပဲ (၅)နှစ်ကြာ ပြန်ထည့်ဝင်ခဲ့ပြီး၊ နောက်ဆုံးတော့ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် အဖျော်ယမကာစက်ရုံကြီးကို ပိုင်ဆိုင်ခဲ့ပါတယ်။

နတ်သူကြီး ApannPyay