သတို့သမီးချောချောလေးကို ဘေးမှာထားပြီး၊ မင်္ဂလာပွဲမှာ ငိုခဲ့ရတဲ့သတို့သား

158

တ႐ုတ္ႏုိင္ငံက အသက္(၃၀)အရြယ္ သတုိ႔သားတစ္ဦးဟာ မဂၤလာပြဲမွာ အသစ္စက္စက္သတုိ႔သမီးေလးကို ေရွ႕မွာထားၿပီး ေအာ္ႀကီးဟဟ္က်ယ္ ငုိယုိခဲ့တဲ့အျဖစ္ဟာ တရုတ္လူမႈကြန္ရက္မွာ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။ ဒီအေၾကာင္းကို mustsharenews ကေန ေဖာ္ျပထားၿပီး-

AlinnMyay(အလင္းေျမ) ကေန ဘာသာျပန္တင္ဆက္လုိက္တာပါ။ သတုိ႔သားဟာ သူရဲ႕မဂၤလာပြဲမွာ မုိက္ခရုိဖုန္းကိုကိုင္ၿပီး ငိုႀကီးခ်က္မ ျဖစ္ေနခဲ့တာပါ။ ဒီဗြီဒီယုိဖုိင္ဟာ ေအာက္တုိဘာ(၂၉)ရက္ကတကည္းက တ႐ုတ္လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔ေနၿပီး၊ အမ်ားစိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

သတုိ႔သား သတုိသမီးေတြရဲ႕အမည္ကုိ ေဖာ္ျပထားျခင္းမရွိဘဲ၊ Fuyang ေဒသမွာ က်င္းပခဲ့တဲ့ မဂၤလာပြဲလုိ႔ သိရပါတယ္။ သတုိ႕သားဟာ ေပ်ာ္လြန္းလုိ႔ ငုိခဲ့တာပါ။ သူဟာ မဂၤလာပြဲအမွတ္တရစကား ေျပာရာမွာ သူ ေသခ်ာေပါက္ မိန္းမရၿပီျဖစ္လုိ႔ အလြန္ေပ်ာ္ရႊင္ၿပီး ငိုတာပါလုိ႔ ေျပာခဲ့ပါတယ္။

သူက ” ကၽြန္ေတာ္ ဒီထက္ပုိၿပီး မေစာင့္နုိင္ေတာ့ဘူး … မဂၤလာေဆာင္ရတာ အေတာ္ ခက္ခဲပါတယ္ … ကၽြန္ေတာ္ သတုိ႔သားအရံအျဖစ္ (၇)ႀကိမ္ေလာက္ လုပ္ခဲ့ေပမယ့္ အခုမွ ကၽြန္ေတာ့္အလွည့္က်တာပါ … သူငယ္ခ်င္းေတြ မဂၤလာေဆာင္တုိင္း ကၽြန္ေတာ္ သူတုိ႔ကုိ စေလ့ရွိတယ္ … အခု သူတုိ႔အလွည္ေပ့ါ … “လုိ႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” ကၽြန္ေတာ္ မဂၤလာေဆာင္ဖုိ႔ အၿမဲအိပ္မက္မက္တယ္ … ကၽြန္ေတာ့္သတုိ႔သမီးကို ကၽြန္ေတာ္ အရမ္းခ်စ္ပါတယ္ … သူမက ကၽြန္ေတာ့္အေပၚ အလြန္ေကာင္းသူပါ … ေယာကၡမေတြကလည္း ဒီအတုိင္းပါဘဲ “လုိ႔ ငုိႀကီးခ်က္မနဲ႔ ေျပာခဲ့တာပါ။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)

တရုတ်နိုင်ငံက အသက်(၃၀)အရွယ် သတို့သားတစ်ဦးဟာ မင်္ဂလာပွဲမှာ အသစ်စက်စက်သတို့သမီးလေးကို ရှေ့မှာထားပြီး အော်ကြီးဟဟ်ကျယ် ငိုယိုခဲ့တဲ့အဖြစ်ဟာ တရုတ်လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ဒီအကြောင်းကို mustsharenews ကနေ ဖော်ပြထားပြီး-

AlinnMyay(အလင်းမြေ) ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ သတို့သားဟာ သူရဲ့မင်္ဂလာပွဲမှာ မိုက်ခရိုဖုန်းကိုကိုင်ပြီး ငိုကြီးချက်မ ဖြစ်နေခဲ့တာပါ။ ဒီဗွီဒီယိုဖိုင်ဟာ အောက်တိုဘာ(၂၉)ရက်ကတကည်းက တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး၊ အများစိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

သတို့သား သတိုသမီးတွေရဲ့အမည်ကို ဖော်ပြထားခြင်းမရှိဘဲ၊ Fuyang ဒေသမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲလို့ သိရပါတယ်။ သတို့သားဟာ ပျော်လွန်းလို့ ငိုခဲ့တာပါ။ သူဟာ မင်္ဂလာပွဲအမှတ်တရစကား ပြောရာမှာ သူ သေချာပေါက် မိန်းမရပြီဖြစ်လို့ အလွန်ပျော်ရွှင်ပြီး ငိုတာပါလို့ ပြောခဲ့ပါတယ်။

သူက ” ကျွန်တော် ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး … မင်္ဂလာဆောင်ရတာ အတော် ခက်ခဲပါတယ် … ကျွန်တော် သတို့သားအရံအဖြစ် (၇)ကြိမ်လောက် လုပ်ခဲ့ပေမယ့် အခုမှ ကျွန်တော့်အလှည့်ကျတာပါ … သူငယ်ချင်းတွေ မင်္ဂလာဆောင်တိုင်း ကျွန်တော် သူတို့ကို စလေ့ရှိတယ် … အခု သူတို့အလှည်ပေ့ါ … “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” ကျွန်တော် မင်္ဂလာဆောင်ဖို့ အမြဲအိပ်မက်မက်တယ် … ကျွန်တော့်သတို့သမီးကို ကျွန်တော် အရမ်းချစ်ပါတယ် … သူမက ကျွန်တော့်အပေါ် အလွန်ကောင်းသူပါ … ယောက္ခမတွေကလည်း ဒီအတိုင်းပါဘဲ “လို့ ငိုကြီးချက်မနဲ့ ပြောခဲ့တာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)