ခိုရာမဲ့ကလေးတွေကို ဟင်းချက်ကျွေးတဲ့ နာမည်ကျော် အိန္ဒိယအဖိုးအို သေဆုံးသွားပြီဖြစ်
139
YouTube နဲ့ Facebook လူမှုကွန်ရက်မှာ အလွန်နာမည်ကြီးခဲ့တဲ့ အသက်(၇၃)နှစ်အရွယ်အဖိုးအို Narayana Reddy ဟာ အခုအခါမှာတော့ သူဝါသနာပါတဲ့ ဟင်းချက်ခြင်းအတတ်ပညာကို ကမ္ဘာကသိအောင် ပြသနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
အဖိုး Reddy ဟာ Grandpa’s Kitchen ကို ဦးဆောင်လည်ပတ်သူဖြစ်ပြီး၊ သူဟာ ဟင်းချက်နည်းမျိုးစုံကို အခြားသူတွေသိအောင်လည်း ဗဟုသုတမျှဝေပေးရင်း၊ ခိုကိုးရာမဲ့ကလေးတွေကိုလည်း သူချက်ပြုတ်ထားတဲ့ လက်ရာတွေ ကျွေးရင်းနဲ့ ကမ္ဘာသိအောင် ကျော်ကြားခဲ့သူပါ။
ဒါပေမယ့် သူရဲ့နောက်ဆုံးဗွီဒီယိုဖိုင်ကို စက်တင်ဘာ(၂၀)ရက်က နောက်ဆုံးတင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ YouTube မှာ ပရိသတ် (၆)သန်းအထိ ရှိပြီး၊ အဲဒီကရတဲ့ပိုက်ဆံတွေကို သူက ကလေးတွေနဲ့ ရွာသူရွာသားတွေချက်ပြုတ် ကျွေးမွေးရာမှာ အသုံးပြုပါတယ်။
သူဟာ စက်တင်ဘာ (၂၀)ရက်နောက်ပိိုင်းမှာ ကျန်းမာရေးအရ အခြေအနေပိုဆိုးလာခဲ့ပြီး၊ အိပ်ယာထက်မှာ ဘုန်းဘုန်းလဲပါတော့တယ်။ သူ ဘာရောဂါနဲ့သေဆုံးခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ တိတိကျကျ ဖော်ပြမထားခဲ့သလို၊ ဘယ်ဆေးရုံမှာ ကုသမှုခံယူခဲ့တယ်ဆိုတာကိုလည်း မသိရပါဘူး။ သေဆုံးခဲ့တဲ့နေ့ကတော့ အောက်တိုဘာ (၂၇)ရက်လို့ သိရပါတယ်။
နတ်သူကြီး-AlinnMyay(အလင်းမြေ)