ရွှေပေါ်ကျွန်း နဂါးရုံဘုရားအတွင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ပုံတူရုပ်တု ထားရှိ

133

မႏၲေလးတိုင္းေဒသႀကီး၊ မလွိုင္ၿမိဳ႕နယ္၊ ေရငံအုပ္စု၊ ေရႊေပၚကၽြန္းရြာအနီး နဂါး႐ုံကပ္ေက်ာ္ ေစတီေတာ္ထဲမွာ အျမင့္ ၁ ေပခြဲခန႔္ရွိတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံရဲ့ ပုံတူ႐ုပ္တုငယ္တခု အဂၤေတနဲ႔ ျပဳလုပ္ထားတာ ေတြ႕ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေရငံအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က “ဘိလပ္ေျမအဂၤေတနဲ႔ လုပ္ထားတာပါ။ နိုင္ငံေတာ္အတိုင္ပင္ခံ ႐ုပ္တုပါ။ အျမင့္ ၁ ေပခြဲ၊ အနံ ၁ ေပခြဲ ေလာက္ပဲရွိမယ္။ ေရႊေပၚကၽြန္းရြာထဲ ကပန္းရံဆရာနဲ႔ လုပ္တာပါ။ နိုင္ငံေတာ္အတိုင္ပင္ခံ႐ုပ္တုကို ေရႊပၚကၽြန္းဆရာေတာ္ဘုရား႐ုပ္တု ေနာက္မွာ ေတြ႕ရတယ္။ အမ်ိဳးသမီးႀကီးတဦး လုပ္သြားတယ္ သိရတယ္။ သူယုံၾကည္အားကိုးရာကို သူလုပ္သြားတယ္ ယူဆတယ္။ ယၾတာေတြ ဓာတ္ေတြေတာ့ မဟုတ္ေလာက္ပါဘူး”လို႔ ေျပာပါတယ္။

နိုင္ငံေတာ္အတိုင္ပင္ခံ႐ုပ္တုဟာ အနီေရာင္ရင္ဖုံးအကၤ်ီ၊ အနီေရာင္လုံခ်ည္ ဝတ္ဆင္ထားၿပီး အဝါေရာင္ပဝါသိုင္းလ်က္ ျပဳလုပ္ထားပါတယ္။ ထိုင္ခုံမွာေတာ့ နိုင္ငံေတာ္အလံေအာက္ခံမွာ အျဖဴေရာင္ၿငိမ္းခ်မ္းေရး ခ်ိဳးငွက္႐ုပ္ ပါရွိပါတယ္။

လြန္ခဲ့တဲ့ ၂ လေလာက္က ပခုကၠဴၿမိဳ႕နယ္ကေန ေရႊေပၚကၽြန္းသာသနာျပဳစခန္းကို လာေရာက္ၿပီး ထီခ်ိဳင့္အေဆာင္မွာေနသြားတဲ့ ေဒၚေပါမယ္က ေဒသခံပန္းရံဆရာကို က်ပ္ ၁၈၀၀၀၀ အခေၾကးေငြေပးကာ ႐ုပ္တုထုခိုင္းခဲ့တာ ျဖစ္ၿပီး ၇ ရက္ေလာက္ ၾကာေအာင္ျပဳလုပ္ေပးရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

သတင္း-ေမာင္ေမာင္လင္း – burmese.dvb

ရွှေပေါ်ကျွန်း နဂါးရုံဘုရားအတွင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ပုံတူရုပ်တု ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေငံအုပ်စု၊ ရွှေပေါ်ကျွန်းရွာအနီး နဂါးရုံကပ်ကျော် စေတီတော်ထဲမှာ အမြင့် ၁ ပေခွဲခန့်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ပုံတူရုပ်တုငယ်တခု အင်္ဂတေနဲ့ ပြုလုပ်ထားတာ တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေငံအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ဘိလပ်မြေအင်္ဂတေနဲ့ လုပ်ထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံ ရုပ်တုပါ။ အမြင့် ၁ ပေခွဲ၊ အနံ ၁ ပေခွဲ လောက်ပဲရှိမယ်။ ရွှေပေါ်ကျွန်းရွာထဲ ကပန်းရံဆရာနဲ့ လုပ်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုပ်တုကို ရွှေပါ်ကျွန်းဆရာတော်ဘုရားရုပ်တု နောက်မှာ တွေ့ရတယ်။ အမျိုးသမီးကြီးတဦး လုပ်သွားတယ် သိရတယ်။ သူယုံကြည်အားကိုးရာကို သူလုပ်သွားတယ် ယူဆတယ်။ ယတြာတွေ ဓာတ်တွေတော့ မဟုတ်လောက်ပါဘူး”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုပ်တုဟာ အနီရောင်ရင်ဖုံးအင်္ကျီ၊ အနီရောင်လုံချည် ဝတ်ဆင်ထားပြီး အဝါရောင်ပဝါသိုင်းလျက် ပြုလုပ်ထားပါတယ်။ ထိုင်ခုံမှာတော့ နိုင်ငံတော်အလံအောက်ခံမှာ အဖြူရောင်ငြိမ်းချမ်းရေး ချိုးငှက်ရုပ် ပါရှိပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်က ပခုက္ကူမြို့နယ်ကနေ ရွှေပေါ်ကျွန်းသာသနာပြုစခန်းကို လာရောက်ပြီး ထီချိုင့်အဆောင်မှာနေသွားတဲ့ ဒေါ်ပေါမယ်က ဒေသခံပန်းရံဆရာကို ကျပ် ၁၈၀၀၀၀ အခကြေးငွေပေးကာ ရုပ်တုထုခိုင်းခဲ့တာ ဖြစ်ပြီး ၇ ရက်လောက် ကြာအောင်ပြုလုပ်ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း-မောင်မောင်လင်း – burmese.dvb