ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကို ထီရောင်းကျွေးနေသူ

127

ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကိုထီရောင်းကျွေးနေသူအား One to One ကလေးလူနာကူညီရေးအဖွဲ့က ဆိုင်ကယ်လှုဒါန်းကူညီပေးခဲ့ရကြောင်း One to One ကလေးလူနာကူညီရေးအဖွဲ့ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကိုမျိုးထွန်းကအသက်က၃၆နှစ်… လွန်ခဲ့တဲ့၂၀၀၄ခုနှစ်ကသဲကားကကြိတ်သွားလို့ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဖော်ပြထားခဲ့ပါတယ် ။

ဒါပေမယ့်ကိုမျိုးထွန်းကစိတ်အားမလျော့ပဲရှိတဲ့ဆိုင်ကယ်အစုတ်လေးနဲ့ပိုက်ဆံနှစ်သိန်းအတိုးနဲ့ချေးကာထီရောင်းပြီးမိဘကိုလုပ်ကျွေးနေကြောင်း၊

ဒါပေမယ့်စီး တဲ့ဆိုင်ကယ်ကခဏခဏပျက်နေလို့ တစ်ခါတစ်လေအိမ် ပြန်ဖို့တောင်သူ့ညီကိုလာခေါ်ခိုင်းရ​ကြောင်း၊

လားရှိုးလေးရှမ်းထမင်းဆိုင်ကညီလေးသန့်စင်က သူမစီးဖြစ်တော့တဲ့ ၁ယ ဂျပန်ဆိုင်ကယ်လေးကိုလှုချင်တယ်ဆိုလဲ ကိုမျိုးထွန်းကိုခေါ်ပြီးလှုပေးခဲ့ကြောင်း One to One ကလေးလူနာကူညီရေးအဖွဲ့က ဖော်ပြထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

မသန်ပေမယ့်စိတ်အားမလျော့ပဲ မိဘကိုလုပ်ကျွေးနေတဲ့ကိုမျိုးထွန်းကိုဂုဏ်ပြုတဲ့အနေနဲ့ တစ်လကိုထီဆယ်စောင်တွဲလာလာပို့ခိုင်းပြီး အားပေးနေပါ​ကြောင်း One to One က ဖော်ပြလာပါတယ်။

သူ့ထီတွေကိုအားပေးချင်ရင် သူ့ဖုန်းနံပါတ် 09797123989ကို ဆက်ရင် သူလာပို့ပေးပါလိမ့်မယ်၊ လို့ One to One က မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

သတင်းဓာတ်ပုံ-One To One ကလေးလူနာကူညီရေး #AlinnMyay(အလင်းမြေ)

(Zawgyi)

ေျခတစ္ဖက္ျပတ္ေနေပမယ့္ မိဘကို ထီေရာင္းေကၽြးေနသူ

ေအာက္တိုဘာ(၃၁)AlinnMyay(အလင္းေျမ)

ေျခတစ္ဖက္ျပတ္ေနေပမယ့္ မိဘကိုထီေရာင္းေကၽြးေနသူအား One to One ကေလးလူနာကူညီေရးအဖြဲ႕က ဆိုင္ကယ္လႈဒါန္းကူညီေပးခဲ့ရေၾကာင္း One to One ကေလးလူနာကူညီေရးအဖြဲ႕ ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

ကိုမ်ိဳးထြန္းကအသက္က၃၆ႏွစ္… လြန္ခဲ့တဲ့၂၀၀၄ခုႏွစ္ကသဲကားကႀကိတ္သြားလို႔ေျခေထာက္တစ္ဖက္ျဖတ္လိုက္ရတယ္လို႔ ေဖာ္ျပထားခဲ့ပါတယ္ ။

ဒါေပမယ့္ကိုမ်ိဳးထြန္းကစိတ္အားမေလ်ာ့ပဲရွိတဲ့ဆိုင္ကယ္အစုတ္ေလးနဲ႔ပိုက္ဆံႏွစ္သိန္းအတိုးနဲ႔ေခ်းကာထီေရာင္းၿပီးမိဘကိုလုပ္ေကၽြးေနေၾကာင္း၊

ဒါေပမယ့္စီး တဲ့ဆိုင္ကယ္ကခဏခဏပ်က္ေနလို႔ တစ္ခါတစ္ေလအိမ္ ျပန္ဖို႔ေတာင္သူ႔ညီကိုလာေခၚခိုင္းရ​ေၾကာင္း၊

လားရွိုးေလးရွမ္းထမင္းဆိုင္ကညီေလးသန္႔စင္က သူမစီးျဖစ္ေတာ့တဲ့ ၁ယ ဂ်ပန္ဆိုင္ကယ္ေလးကိုလႈခ်င္တယ္ဆိုလဲ ကိုမ်ိဳးထြန္းကိုေခၚၿပီးလႈေပးခဲ့ေၾကာင္း One to One ကေလးလူနာကူညီေရးအဖြဲ႕က ေဖာ္ျပထားခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။

မသန္ေပမယ့္စိတ္အားမေလ်ာ့ပဲ မိဘကိုလုပ္ေကၽြးေနတဲ့ကိုမ်ိဳးထြန္းကိုဂုဏ္ျပဳတဲ့အေနနဲ႔ တစ္လကိုထီဆယ္ေစာင္တြဲလာလာပို႔ခိုင္းၿပီး အားေပးေနပါ​ေၾကာင္း One to One က ေဖာ္ျပလာပါတယ္။

သူ႔ထီေတြကိုအားေပးခ်င္ရင္ သူ႔ဖုန္းနံပါတ္ 09797123989ကို ဆက္ရင္ သူလာပို႔ေပးပါလိမ့္မယ္၊ လို႔ One to One က မၽွေဝထားခဲ့တာကို ေတြ႕ရပါတယ္။

သတင္းဓာတ္ပံု-One To One ကေလးလူနာကူညီေရး #AlinnMyay(အလင္းေျမ)