ဆင်ရိုင်းနင်းသတ်ခံရသည့် လင်မယား ကံကောင်းလို့ ဘေးကလွှတ်ခဲ့သော်လည်း..

88

ကံေကာင္းလို႔ ဆင္ရိုင္းနင္းသတ္သည့္ ေဘးကလႊတ္ခဲ႔သည့္ ဇနီးေမာင္ႏွံ ေၾကာက္စိတ္ျဖစ္ေန

ေက်ာ္ေခတ္လင္း၊ ႏိုဝင္ဘာ(၁)၊AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး၊ေငြေဆာင္ၿမိဳ႕သဇင္ေက်းရြာအုပ္စုတြင္ ဆင္႐ိုင္း၏ ႏွာေမာင္းျဖင့္ အရိုက္ခံရသည့္ ဇနီးေမာင္ႏွံမွာ ေၾကာက္စိတ္ဝင္ကာ အလုပ္မလုပ္ရဲျဖစ္ေနေၾကာင္း မိသားစုမ်ားထံမွသိရသည္။

”တစ္ခါမွ ဒါမ်ဳိးမႀကံဳဖူးေတာ့ ေၾကာက္လန္႔ၿပီး စိုးရိမ္ေနၾကတာပါ ကံေကာင္းလို႔ အသက္ေဘးကေန လႊတ္ခဲ႔တာပါ မဟုတ္ရင္ ဆင္႐ိုင္းနင္း သတ္လို႔ အခုဆိုေသတာၾကာပါၿပီ ေနာက္လာလိမ္႔ဦးမယ္ ဒါမ်ဳိးေတြ ျဖစ္လိမ္႔ဦးမယ္လို႔ထင္ေနတာပါ”ဟု ဆင္႐ိုင္း ႏွာေမာင္းျဖင့္ အရိုက္ခံရသည္ ဦးဟန္စိန္၏ မိသားစုဝင္ ဦးမ်ဳိးေဇာ္က ေျပာသည္။

ေငြေဆာင္ၿမိဳ႕၊သဇင္ေက်းရြာအုပ္စု ကုန္းစခန္းေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာ(၂၈)ရက္ညေနပိုင္းက ထင္းခုတ္ေနသည့္ ဦးဟန္စိန္ႏွင့္ ေဒၚလွလွေထြးတို႔ဇနီးေမာင္ႏွံကို ေတာ ဆင္႐ိုင္းတစ္ေကာင္မွ ေျပးကာနင္းဖို႔ ႀကိဳးစားၿပီး ႏွာေမာင္းျဖင့္႐ိုက္ျခင္းျဖစ္ ေၾကာင္းသိရသည္။

ထိုသို႔ ဆင္ႏွာေမာင္းျဖင့္အ႐ိုက္ခံရသည့္ ဦးဟန္စိန္မွာ ယာဘက္တင္ပါးပြန္းပဲ ဒဏ္ရာ၊ဝဲဘက္ညွက္႐ိုးက်ဳိးဒဏ္ရာ၊ဇနီး ျဖစ္သူ ေဒၚလွလွေထြးမွာ ယာဘက္လက္ ေမာင္းဒဏ္ရာ၊ေက်ာကုန္းဒဏ္ရာ၊ရင္ဘက္ဒဏ္ရာ၊ဝဲဘက္ေျခေထာက္ဒဏ္ရာ မ်ားရရွိကာ ေငြေဆာင္ၿမိဳ႕ေဆးရုံမွ တစ္ဆင့္ ပုသိမ္ေဆးရုံသို႔ ေျပာင္းလႊဲ ေဆးကုသမႈခံယူခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆင္႐ိုင္းႏွာေမာင္းျဖင့္ အ႐ိုက္ခံ ရကာ ဒဏ္ရာမ်ားရရွိသျဖင့္ ေဆး႐ုံ တက္ေရာက္ေဆးကုသမႈခံယူေနရသည့္ ဦးဟန္စိန္ႏွင့္ ေဒၚလွလွေထြးတို႔ ၂ ဦးမွာ ဒဏ္ရာမ်ားသက္သာလာေသာ္လည္း စိုးရိမ္ေၾကာက္လန္႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဧရာဝတီတိုင္းေဒသႀကီး၊ေငြေဆာင္ၿမိဳ႕ ကို ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ အတြင္း ပထမ တစ္ႀကိမ္ ေတာဆင္႐ိုင္း ၆ ေကာင္ခန္႔ဝင္ရာက္ကာ စပါးခင္မ်ားကို ဖ်က္ဆီးခဲ႔ၿပီး၊ ဒုတိယ တစ္ႀကိမ္ ေတာဆင္႐ိုင္း တစ္ေကာင္ ဝင္ေရာက္လာၿပီး ဦးျပားႀကီးဆိုသူကို နင္းသတ္ခဲ႔ဖူးေသးေၾကာင္းသိရသည္။

သတင္းတာဝန္ခံ-ေက်ာ္ေခတ္လင္း#AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင်မြို့သဇင်ကျေးရွာအုပ်စုတွင် ဆင်ရိုင်း၏ နှာမောင်းဖြင့် အရိုက်ခံရသည့် ဇနီးမောင်နှံမှာ ကြောက်စိတ်ဝင်ကာ အလုပ်မလုပ်ရဲဖြစ်နေကြောင်း မိသားစုများထံမှသိရသည်။

”တစ်ခါမှ ဒါမျိုးမကြုံဖူးတော့ ကြောက်လန့်ပြီး စိုးရိမ်နေကြတာပါ ကံကောင်းလို့ အသက်ဘေးကနေ လွှတ်ခဲ့တာပါ မဟုတ်ရင် ဆင်ရိုင်းနင်း သတ်လို့ အခုဆိုသေတာကြာပါပြီ နောက်လာလိမ့်ဦးမယ် ဒါမျိုးတွေ ဖြစ်လိမ့်ဦးမယ်လို့ထင်နေတာပါ”ဟု ဆင်ရိုင်း နှာမောင်းဖြင့် အရိုက်ခံရသည် ဦးဟန်စိန်၏ မိသားစုဝင် ဦးမျိုးဇော်က ပြောသည်။

ငွေဆောင်မြို့၊သဇင်ကျေးရွာအုပ်စု ကုန်းစခန်းကျေးရွာတွင် ၂၀၁၉ခုနှစ် အောက်တိုဘာ(၂၈)ရက်ညနေပိုင်းက ထင်းခုတ်နေသည့် ဦးဟန်စိန်နှင့် ဒေါ်လှလှထွေးတို့ဇနီးမောင်နှံကို တော ဆင်ရိုင်းတစ်ကောင်မှ ပြေးကာနင်းဖို့ ကြိုးစားပြီး နှာမောင်းဖြင့်ရိုက်ခြင်းဖြစ် ကြောင်းသိရသည်။

ထိုသို့ ဆင်နှာမောင်းဖြင့်အရိုက်ခံရသည့် ဦးဟန်စိန်မှာ ယာဘက်တင်ပါးပွန်းပဲ ဒဏ်ရာ၊ဝဲဘက်ညှက်ရိုးကျိုးဒဏ်ရာ၊ဇနီး ဖြစ်သူ ဒေါ်လှလှထွေးမှာ ယာဘက်လက် မောင်းဒဏ်ရာ၊ကျောကုန်းဒဏ်ရာ၊ရင်ဘက်ဒဏ်ရာ၊ဝဲဘက်ခြေထောက်ဒဏ်ရာ များရရှိကာ ငွေဆောင်မြို့ဆေးရုံမှ တစ်ဆင့် ပုသိမ်ဆေးရုံသို့ ပြောင်းလွှဲ ဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်ရိုင်းနှာမောင်းဖြင့် အရိုက်ခံ ရကာ ဒဏ်ရာများရရှိသဖြင့် ဆေးရုံ တက်ရောက်ဆေးကုသမှုခံယူနေရသည့် ဦးဟန်စိန်နှင့် ဒေါ်လှလှထွေးတို့ ၂ ဦးမှာ ဒဏ်ရာများသက်သာလာသော်လည်း စိုးရိမ်ကြောက်လန့်နေခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင်မြို့ ကို ၂၀၁၉ခုနှစ် အောက်တိုဘာလ အတွင်း ပထမ တစ်ကြိမ် တောဆင်ရိုင်း ၆ ကောင်ခန့်ဝင်ရာက်ကာ စပါးခင်များကို ဖျက်ဆီးခဲ့ပြီး၊ ဒုတိယ တစ်ကြိမ် တောဆင်ရိုင်း တစ်ကောင် ဝင်ရောက်လာပြီး ဦးပြားကြီးဆိုသူကို နင်းသတ်ခဲ့ဖူးသေးကြောင်းသိရသည်။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း#AlinnMyay(အလင်းမြေ)