ဖုန်းထဲမှာ ဟိုဒင်းဇာတ်ကား (၅၀)ကျော်တွေ့လို့၊ သိန်း(၃၀)လောက် ဒဏ်ရိုက်ခံလိုက်ရသူ

169






ယနေ့မျက်မှောက်ခေတ်မှာ အမျိုးသားတော်တော်များများရဲ့ ဖုန်းထဲမှာ မဖွယ်မရာ ဇာတ်ကားတွေ ရှိနေတတ်တာ သိပ်တော့ အဆန်းမဟုတ်တော့ပါဘူး။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာတော့ ဖုန်းထဲမှာ အပြာဇာတ်ကားတွေရှိနေခြင်းဟာ သင့်ကို အချိန်မရွေး ထောင်ထဲ ပို့ပစ်နိုင်ပါတယ်။

ဥပမာ ယူကေနဲ့ အမေရိကန်မှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေ ကွန်ပျူတာနဲ့ ဖုန်းတွေထဲမှာ ထည့်ထားတာတွေ့ရင် ထောင်ဒဏ်ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။ ဒီလိုပဲ ဘာသာရေးဥပဒေတွေ လွှမ်းမိုးတဲ့နိုင်ငံတွေမှာလည်း ဖုန်းထဲမှာ ဒီလိုဇာတ်ကားရှိနေတာ အပြစ်ကြီးပါဘဲ။

မြန်မာနိုင်ငံမှာတောင် တသီးတခြား ဥပဒေနဲ့ တားဆီးထားတာမျိုး ရှိတယ်လို့ သိရပါတယ်။ အခု မလေးရှားအမျိုးသားတစ်ယောက်ဟာ သူ့ ဖုန်းထဲမှာ အပြာဇာတ်ကား (၅၅)ကားအထိ ရှိနေတာကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သူ့ကို ငွေဒဏ်မြင့်မားစွာ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

သူဟာ မလေးရှားရင်းဂစ် (၈၂၅၀)အထိ ဒဏ်ငွေချမှတ်ခံခဲ့ရပြီး၊ မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်း(၃၀)လောက် ဒဏ်တပ်ခံလိုက်ရတဲ့ သဘောပါ။ သူ့မည်ကတော့ See Foo Hoong ဖြစ်ပြီး၊ အသက်(၃၆)နှစ်ပါတဲ့။ သူ့ကို ရဲက မသင်္ကာလို့စစ်ဆေးစဉ်၊ ဒီဗွီဒိယိုတွေကို တွေ့ခဲ့တာပါ။ ဇာတ်ကားတစ်ကားချင်းဆီအတွက် ရင်းဂစ်(၁၅၀) ပေးခဲ့ရတာပါ။

နေသူရိန်-AlinnMyay(အလင်းမြေ)