ရေအိပ်သဖွယ်အလုံးကြီး အပိုပါသည့် သမီးလေးဆေးကုသဖို့ အကူအညီလို့အပ်နေ

155

ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ် သူဌေးကုန်းကျေးရွာတွင် နေထိုင်သည့် အသက်(၁)နှစ်ကျော်မွေးရာပါခေါင်းမှလုံးကြီး ရေအိတ်သဖွယ်အပိုပါသည့် ဝေဒနာကိုခံစားနေရသဖြင့် မိဘများမှ ဆင်းရဲသည့်အတွက် ဆေးကုသရန်အခက်အခဲဖြစ်နေသဖြင့် အကူအညီလိုအပ်နေကြောင်း မိဘများထံမှသိရသည်။

အဆိုပါ(၁)နှစ်ကျော်ကျော်မွေးရာပါ ရေအိတ်သဖွယ်အပိုပါသည့် ကလေးငယ်သည် မိန်းကလေးဖြစ်ပြီး ဦးမြင့်မောင်နှင့်ဒေါ်သန်းအေးတို့၏ သမီးဖြစ်ကာအသက်(၁)နှင့်(၁)လခန့်ရှိကြောင်း သိရသည်။

ဦးမြင့်မောင် ဒေါ်သန်းအေးတို့သည် ဓနုဖြူမြို့နယ် သူဌေးကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဝေဒနာခံစားနေရသည့် သမီးလေးကို ဆေးကုသချင်သော်လည်း တစ်ရက်လုပ် တစ်ရက်စားသမားများ ဖြစ်သည့်အတွက် ငွေကြေးအခက်အခဲကြောင့် ကုသဖို့ အခက်တွေ့နေခြင်းဖြစ်ကြောင်း သိရသည်။

ခေါင်းတွင် အလုံးကြီးထွက်ကာ ဝေဒနာခံစားနေရသည့် ကလေးဆေးကုသရန်အတွက် ကူညီပေးလိုသည့် မိဘပြည်သူများအနေဖြင့် အလင်းမြေ မီဒီယာမှ သတင်းတာဝန်ခံ ဦးအောင်ကျော်ကျော်ထံ ဆက်သွယ်နိုင်ပြီး ၎င်း မှ ပူးပေါင်းကူညီလုပ်ဆောင်ပေးမှာဖြစ်ပြီး ဆက်သွယ်ရန် ဖုန်း-09681122497 သို့ ချိတ်ဆက်နိုင်ကြောင်း သိရသည်။

သတင်းတာဝန်ခံ၊ အောင်ကျော်ကျော်၊#AlinnMyay(အလင်းမြေ)

(Zawgyi)

ရေအိပ်သဖွယ်အလုံးကြီး အပိုပါသည့် သမီးလေးဆေးကုသဖို့ အကူအညီလို့အပ် သဖြင့်ကူညီပေးကြပါလို့ မိဘများကမေတ္တာရပ်ခံ

အောင်ကျော်ကျော်၊ နိုင်ဝင်ဘာ(၁)၊#AlinnMyay(အလင်းမြေ)




