အားလုံးကို မျက်ရည်မခိုင် ငိုကျွေးစေခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်

76






မလေးရှားနိုင်ငံ၊ Tanjung Bunga မှာ လူမမယ် ကလေးငယ်တစ်ယောက်ဟာ မိခင်မဲ့ဘဝကို ထင်မှတ်မထားဘဲ ရောက်ခဲ့ရပါတယ်။ ကလေးရဲ့အမေဟာ Tanjung Bunga Metro မှာ စည်ပင်သန်ရှင်းရေးဝန်ထမ်းဖြစ်ပြီး၊ သူမ တာဝန်ကျရာဆီကို သားကို ခေါ်သွားလေ့ရှိပါတယ်။

မိခင်မည်ကတော့ Lina ဖြစ်ပါတယ်။ သူမဟာ စည်ပင်ဝန်ထမ်းဖြစ်ပြီး၊ လမ်းမဘေးတစ်ခုမှာ သန့်ရှင်းရေးတာဝန်တွေ ထမ်းဆောင်နေချိန် ကားသမားတစ်ယောက်က ဝင်တိုက်တာကို ခံခဲ့ရပါတယ်။ ကားသမားဟာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို တာဝန်မယူဘဲ အခင်းဖြစ်နေရာကနေ မောင်းပြေးပါတယ်။

အခင်းဖြစ်ချိန်မှာ Lina နဲ့အတူ သူမရဲ့သားလေးလည်း ရှိနေခဲ့ပြီး၊ ကလေးငိုနေတဲ့ပုံကတော့ မိခင်ဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း ဒေါက်တာရဲ့စကားကို ကြားလျှင်ကြားချင်း အခိုက်အတန့်လေးပါ။ ဒီအကြောင်းကို Lina ရဲ့ အိမ်နီးနားချင်းတစ်ဦးက လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ကလေးမှာ လူမမယ်အစ်ကိုတစ်ယောက်ရှိပြီး၊ သူတို့နှစ်ယောက်စလုံး လူရမ်းကား ကားသမားတစ်ဦးကြောင့် မိခင်မဲ့ဘဝကို ရောက်သွားခဲ့ရပါတယ်။ ကလေးတွေရဲ့ရှေ့ရေးကို ဘယ်လိုဘယ်ပုံဆက်သွားရမလဲဆိုတာ အမျိုးတွေက တိုင်ပင်နေကြပါတယ်။ သူတို့မှာ ဖခင်ရှိမရှိကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

နတ်သူကြီး-AlinnMyay(အလင်းမြေ)