လက်ဆောင်ရတဲ့ ထီလက်မှတ်က ထီပေါက်ခဲ့လို့ ပျော်နေတဲ့ဝန်ထမ်းမလေး

102






Barmaid အဖြစ် ဟော်တယ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းမလေးတစ်ယောက်ဟာ ကာစတမ်မာက လက်ဆောင်အဖြစ်ပေးတဲ့ ထီလက်မှတ်မှ ဆုငွေ ဒေါ်လာ(၅၀၀၀၀)အထိ ဆွတ်ခူးနိုင်ခဲ့လို့ အလွန်ပျော်ရွှင်နေကြောင်း DailyStar သတင်းက ဖော်ပြထားပါတယ်။

ဒီအကြောင်းကို AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်တာပါ။ ဝန်ထမ်းမလေးအမည်မှာ Taylor Russey ဖြစ်ပြီး အသက်(၃၃)နှစ်ပါ။ သူမဟာ Missouri မှာတည်ရှိတဲ့ O’Fallon Bar မှာ အလုပ်လုပ်သူဖြစ်ပြီး၊ ဆိုင်ကို အမြဲလာတဲ့ ကာစတမ်မာက သူမကို ထီလက်မှတ် လက်ဆောင်ပေးခဲ့ပါတယ်။

Taylor ဟာ အဲဒီထီလက်မှတ်ကို အောက်တိုဘာ (၁၈)ရက်က လက်ဆောင်ရရှိခဲ့တာဖြစ်ပြီး၊ ထီဖွင့်ချိန်မှာ အဲဒီထီလက်မှတ်က ဒေါ်လာ(၅၀၀၀၀)အထိ ကံထူးခဲ့တာ ဖြစ်ပါတယ်။ ထီလက်မှတ်လက်ဆောင်ပေးသူကိုတော့ သူမအနေနဲ့ အမည်မသိကြောင်း၊ ဆိုင်ကို အမြဲလာနေသူမို့ ရင်းနီးကြောင်းဆိုပါတယ်။

Taylor က ” ထီလက်မှတ်ကို Scan လုပ်ကြည့်တယ် … ကျွန်မ အံ့သြမင်သတ်နေတယ် .. နောက်တော့ ဘာရယ်ကြောင့်မသိ တဟားဟား အော်ရယ်မိတယ် … နောက် ကျွန်မ မျက်ရည်တွေ ကျလာတယ် … “လို့ ပြောပါတယ်။ သူမကတော့ အလုပ်က ထွက်ဖို့မရှိပါဘူးတဲ့။ ဒါပေမယ့် ဒေါ်လာ(၁၀၀၀)လောက် သုံးပြီး သွား ပြင်မယ်လို့ ပြောပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)