နေ့တိုင်း ကြက်ဥ မကျွေးနိုင်တဲ့ ခင်ပွန်းသည်ကို ထားခဲ့ပြီး၊ အခြားအမျိုးသားနဲ့ ခိုးပြေးခဲ့တဲ့ သူ

85

ၾကက္ဥ တစ္လုံးေလာက္နဲ႔ ရန္ျဖစ္ရသလား၊ ကြာရွင္းရသလားလုိ႔ ေတြးၿပီး ရယ္ေကာင္း ရယ္ေနမွာပါ။ ဒါေပမဲ့ ဘဝမွာ ၾကက္ဥ တစ္လုံးကုိေတာင္ မဝယ္ႏုိင္တဲ့ သူေတြ တကယ္ ရွိေနတာဟာ ျဖစ္ရပ္မွန္ပါပဲ။

အိႏိၵယႏုိင္ငံက ခင္ပြန္းသည္ဟာ ဇနီးသည္ကုိ ေန႔တုိင္း ၾကက္ဥ မေကြ်းႏုိင္တာေၾကာင့္ ခ်စ္ေနလ်က္နဲ႔ဆုံးရႈံးလုိက္ရပါတယ္။ သူဟာ ဇနီးသည္ကုိ ေန႔တုိင္း ၾကက္ဥ ေကြ်းႏုိင္တဲ့ သူဆီ ဆုံးရႈံးလုိက္ရတာပါ။

အိႏၵိယႏုိင္ငံ၊ ေျမာက္ပုိင္း၊ ရြာငယ္ေလး တစ္ရြာက ဇနီးသည္ဟာ ခင္ပြန္းသည္ကုိ အိမ္မွာ ထားပစ္ၿပီး ခ်စ္သူနဲ႔ ထြက္ေျပးခဲ့ပါတယ္။ အိမ္က ထြက္ေျပးၿပီး (၄) လအၾကာ၊ ေအာက္တုိဘာလ (၂၆) ရက္က သူမဟာ ခင္ပြန္းသည္ဆီ ျပန္လာခဲ့ပါတယ္။

ဒါေပမဲ့လည္း သူမဟာ သူ႔ကုိ ေန႔တုိင္း ၾကက္ဥ တစ္လုံး မေကြ်းႏုိင္တဲ့ ခင္ပြန္းသည္နဲ႔ ရန္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ခ်စ္သူနဲ႔ ေနာက္ထပ္ တစ္ႀကိမ္ ထြက္ေျပးခဲ့ပါတယ္။ရြာငယ္ေလးတစ္ရြာ ျဖစ္တာေၾကာင့္ သူမရဲ႕ ခ်စ္သူ ဘယ္မွာ ေနတာလဲ ဆုိတာကုိလည္း သိရပါတယ္။

သူမရဲ႕ ခ်စ္သူကို အိမ္မွာ မေတြ႔ရတာေၾကာင့္ ဒီတစ္ႀကိမ္၊ ဒုတိယအႀကိမ္ ထြက္ေျပးတာကေတာ့ ရုိးရုိးထြက္ေျပးတာ မဟုတ္ဘဲ ခုိးေျပးတာ ျဖစ္ပါတယ္။ ခင္ပြန္းသည္က ရဲေတြကုိ ေန႔စားနဲ႔ လုပ္အားခရလုိ႔ ေန႔တုိင္း ၾကက္ဥ မဝယ္ႏုိင္ဘူးလုိ႔ ေျပာခဲ့ၿပီး သူ႔ရဲ႕ ျဖစ္ရပ္က အလြန္ကုိ သနားစရာ ေကာင္းပါတယ္။

ခင္ပြန္းသည္က ဇနီးသည္ဟာ ၾကက္ဥကုိ အလြန္ ႀကိဳက္ၿပီး ဒါဟာ သူမရဲ႕ အားနည္ခ်က္ ျဖစ္တယ္လုိ႔ ေျပာခဲ့ပါတယ္။ ခင္ပြန္းသည္က အျခား အမ်ဳိးသားဟာ သူ႔ရဲ႕ဇနီးသည္ကုိ ေန႔တုိင္း ၾကက္ဥ ဝယ္ေကြ်း ႏုိင္တာေၾကာင့္ ရရွိသြားခဲ့တာပါလုိ႔ ေျပာခဲ့ပါတယ္။

ခင္ပြန္းသည္က “ဇနီးက ၾကက္ဥ သိပ္ ႀကိဳက္တာ။ သူ႔ရဲ႕ ခ်စ္သူက သူ႔ကုိ အၿမဲလုိလုိ ၾကက္ဥ ဝယ္ေကြ်းမွာပါ” လုိ႔ ဝမ္းနည္းစြာနဲ႔ ေျပာဆုိသြားခဲ့ပါတယ္။

Ko Khant – D Nae Khit Media

ကြက်ဥ တစ်လုံးလောက်နဲ့ ရန်ဖြစ်ရသလား၊ ကွာရှင်းရသလားလို့ တွေးပြီး ရယ်ကောင်း ရယ်နေမှာပါ။ ဒါပေမဲ့ ဘဝမှာ ကြက်ဥ တစ်လုံးကိုတောင် မဝယ်နိုင်တဲ့ သူတွေ တကယ် ရှိနေတာဟာ ဖြစ်ရပ်မှန်ပါပဲ။

အိန္ဒိယနိုင်ငံက ခင်ပွန်းသည်ဟာ ဇနီးသည်ကို နေ့တိုင်း ကြက်ဥ မကျွေးနိုင်တာကြောင့် ချစ်နေလျက်နဲ့ဆုံးရှုံးလိုက်ရပါတယ်။ သူဟာ ဇနီးသည်ကို နေ့တိုင်း ကြက်ဥ ကျွေးနိုင်တဲ့ သူဆီ ဆုံးရှုံးလိုက်ရတာပါ။

အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း၊ ရွာငယ်လေး တစ်ရွာက ဇနီးသည်ဟာ ခင်ပွန်းသည်ကို အိမ်မှာ ထားပစ်ပြီး ချစ်သူနဲ့ ထွက်ပြေးခဲ့ပါတယ်။ အိမ်က ထွက်ပြေးပြီး (၄) လအကြာ၊ အောက်တိုဘာလ (၂၆) ရက်က သူမဟာ ခင်ပွန်းသည်ဆီ ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း သူမဟာ သူ့ကို နေ့တိုင်း ကြက်ဥ တစ်လုံး မကျွေးနိုင်တဲ့ ခင်ပွန်းသည်နဲ့ ရန်ဖြစ်ခဲ့ပြီး သူ့ရဲ့ ချစ်သူနဲ့ နောက်ထပ် တစ်ကြိမ် ထွက်ပြေးခဲ့ပါတယ်။ရွာငယ်လေးတစ်ရွာ ဖြစ်တာကြောင့် သူမရဲ့ ချစ်သူ ဘယ်မှာ နေတာလဲ ဆိုတာကိုလည်း သိရပါတယ်။

သူမရဲ့ ချစ်သူကို အိမ်မှာ မတွေ့ရတာကြောင့် ဒီတစ်ကြိမ်၊ ဒုတိယအကြိမ် ထွက်ပြေးတာကတော့ ရိုးရိုးထွက်ပြေးတာ မဟုတ်ဘဲ ခိုးပြေးတာ ဖြစ်ပါတယ်။ ခင်ပွန်းသည်က ရဲတွေကို နေ့စားနဲ့ လုပ်အားခရလို့ နေ့တိုင်း ကြက်ဥ မဝယ်နိုင်ဘူးလို့ ပြောခဲ့ပြီး သူ့ရဲ့ ဖြစ်ရပ်က အလွန်ကို သနားစရာ ကောင်းပါတယ်။

ခင်ပွန်းသည်က ဇနီးသည်ဟာ ကြက်ဥကို အလွန် ကြိုက်ပြီး ဒါဟာ သူမရဲ့ အားနည်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ခင်ပွန်းသည်က အခြား အမျိုးသားဟာ သူ့ရဲ့ဇနီးသည်ကို နေ့တိုင်း ကြက်ဥ ဝယ်ကျွေး နိုင်တာကြောင့် ရရှိသွားခဲ့တာပါလို့ ပြောခဲ့ပါတယ်။

ခင်ပွန်းသည်က “ဇနီးက ကြက်ဥ သိပ် ကြိုက်တာ။ သူ့ရဲ့ ချစ်သူက သူ့ကို အမြဲလိုလို ကြက်ဥ ဝယ်ကျွေးမှာပါ” လို့ ဝမ်းနည်းစွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။

Ko Khant – D Nae Khit Media