လှိုင်သာယာမြို့နယ် ၌ ခဲအိုမှ အသက်မပြည့်သေးသည့် ခယ်မ အား…

227

ဒုတိယတန်း ကျောင်းသူ ခယ်မ အား ခဲအို မှ “နင့်အမကို ပြန်ပြောရင် သတ်ပြစ်မည်” ပြောကာ သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့်

နိုဝင်ဘာ ၂(၂၀၁၉)

လှိုင်သာယာမြို့နယ် ၌ ခဲအိုမှ အသက်မပြည့်သေးသည့် ခယ်မ အား သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့် ခဲ့သဖြင့် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့၌ အမှုဖွင့်တိုင်တန်းခဲကြောင်း သိရသည်။

ဖြစ်စဉ်မှာ နို၀င်ဘာ ၁ရက်နေည ၉နာရီခန့်က တရားလိုသည် လှိုင်သာယာမြို့နယ် အမှတ် ၂၀ရပ်ကွက်အ‌‌ေဆာင် ၌မိသားစာနှင့်အတူရှိနေစဉ် အဆောင်အတူနေသူများသည် လမ်းမပေါ်မှနေ၍ ခင်ပွန်းဖြစ်သူ ကိုကိုလွင်မှ တရားလို၏ ညီမဖြစ်သူအား မ——–အား “ကလေးကိုညှဉ်းပန်းနှိပ့်စက်တယ် ကလေးကိုတံခါးပိတ်ပြီးရိုက်တယ် ကလေးကိုအဓမ္မကျင့်တယ် တံခါးဖွင့်ပေးဟု” ဝိုင်းဝန်းအော်ဟစ်ကာ တံခါးဖွင့်ခိုင်ရာ တံခါးမဖွင့်ပဲနေစဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းသဖြင့် ကိုကိုလွင်မှ တံခါးဖွင့်ပေးခဲ့‌ကြောင်း တာဝန်ရှိသူများမှ ၎င်းတို့မိသားစုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခေါ် ၍မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌ တာ၀န်ရှိသူများမှ မ——-၈နှစ် ၁၁ လသမီး အားမေးမြန်းခဲ့ရာ လွန်ခဲ့သော ၂ပတ်ခန့် အောက်တိုဘာ ၁၈ရက်နေ့ နံနက်ပိုင်းကတရားလိုစက်ရုံဆင်းနေစဉ်နေ့များနှင့် ၎င်းကျောင်းမတက်ရသည့်နေများတွင် ကိုကိုလွင်မှ ၎င်း၏ ဖုန်းအတွင်းရှိ ညစ်ညမ်းဗီဒီယိုဖိုင်များပြသ၍ ၎င်းပုံစံအတိုင်း ပါးစပ်ဖြင့် စုပ်ခိုင်းခြင်း များ ၃ကြိမ်ပြုလုပ်ခဲ့ပြီး “နင်အမကိုပြန်မပြောနဲ့ ပြန်ပြောလျှင်သတ်ပြစ်မည် ဟုပြောခဲ့ ၍ အခန်းခြင်းကပ်လျှက်နေသူအား ပြောပြထားကြောင်း ယခင် ဇူလိုင်/ဩဂုတ်လ ပိုင်းကလည်း ၃ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောပြ သိရှိခဲ့ရသဖြင့် အသက်မပြည့်သေးသည့် ညီမဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကိုကိုလွင် အားဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုကိုလွင် ၃၁နှစ် အမှတ် ၂၀ရပ်ကွက် ဝေပုလ္လ (၇)လမ်းနေသူအား လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၃၀၂၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ညီညီ(လှိုင်သာယာ)


နိုဝင်ဘာ ၂(၂၀၁၉)


ဖြစ်စဉ်မှာ နိုဝင်ဘာ ၁ရက်နေည ၉နာရီခန့်က တရားလိုသည် လှိုင်သာယာမြို့နယ် အမှတ် ၂၀ရပ်ကွက်အ‌‌ဆောင် ၌မိသားစာနှင့်အတူရှိနေစဉ် အဆောင်အတူနေသူများသည် လမ်းမပေါ်မှနေ၍ ခင်ပွန်းဖြစ်သူ ကိုကိုလွင်မှ တရားလို၏ ညီမဖြစ်သူအား မ——–အား “ကလေးကိုညှဉ်းပန်းနှိပ့်စက်တယ် ကလေးကိုတံခါးပိတ်ပြီးရိုက်တယ် ကလေးကိုအဓမ္မကျင့်တယ် တံခါးဖွင့်ပေးဟု” ဝိုင်းဝန်းအော်ဟစ်ကာ တံခါးဖွင့်ခိုင်ရာ တံခါးမဖွင့်ပဲနေစဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းသဖြင့် ကိုကိုလွင်မှ တံခါးဖွင့်ပေးခဲ့‌ကြောင်း တာဝန်ရှိသူများမှ ၎င်းတို့မိသားစုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခေါ် ၍မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။



ညီညီ(လှိုင်သာယာ)