ကနေဒါ နိုင်ငံအထိ သွားရောက်ဖို့ ကမ်းလှမ်းခံရတဲ့ မြန်မာအိုင်ဒေါက ပြိုင်ပွဲဝင် (၃) ယောက်

145

ကမ်းလှမ်းမှု တစ်ခု ကြောင့် ကနေဒါ နိုင်ငံအထိ သွားရောက်ရတော့မယ့် မြန်မာအိုင်ဒေါက ပြိုင်ပွဲဝင် ၃ ယောက်

မြန်မာနိုင်ငံမှာ ပရိသတ်စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ Myanmar Idol ရုပ်သံအစီအစဉ်ဟာဆိုရင် အခုအချိန်မှာ Season 4 အဖြစ် ပြန်လည်စတင်နေပြီပဲ ဖြစ်ပါတယ်။ အခုဆိုSeason 4 ကတော့ Top 11 Finalist ကို ရွေးချယ်ထားနိုင်ခဲ့ပြီဖြစ်သလို ၊ သူတို့ရဲ့ ၁၁ယောက်ရဲ့ တစ်ဦးချင်း Performance ယှဉ်ပြိုင်သီဆိုမှုကိုလည်း လွန်ခဲ့တဲ့ရက်ကတင်ဆက်ပေးခဲ့တာကိုတွေ့ရပါတယ်။

ဒိုင်တွေရဲ့ လက်ရွေးစင် ၁၁ ယောက်ဟာဆိုရင် ကိုယ်ပိုင်ဟန်ပန်တွေနဲ့ သီဆိုဖျော်ဖြေနိုင်ကြသူတွေဖြစ်သလို ဂီတကိုလည်း ဝါသနာထုံသူတွေဖြစ်တာကို အားလုံးတွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ သူတို့ထဲမှာမှ ထူးထူးခြားခြား ချင်းတိုင်းရင်းသား (၃) ဦးပါဝင်နေတာဟာ ဝမ်းသာစရာဖြစ်ပါတယ်။ သူတို့ကတော့ ဘင်ဂျမင် ဆုမ် ၊ ယောကီး၊အက်စတာ ဒေါ့ချင်းဆုန် တို့ဖြစ်ပါတယ်နော်။

ူသူတို့ (၃) ဦးကတော့ ထူးခြားသလို ပွဲဦးထွက်ကတည်းက အောင်မြင်တယ်လို့ပြောရမလားပဲခင်ဗျ။ သူတို့ကို ကနေဒါနိုင်ငံမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ကျင်းပမယ့် ချင်းအမျိုးသားနေ့ အတွက် ဖျော်ဖြေပေးဖို့ ဖိတ်ကြားခံထားရတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့တော့ သွားရောက်ဖျော်ဖြေကြမလား မသွားဘူးလားဆိုတာတော့ သေချာစွာ မသိရသေးပါဘူး။

အခုလို အောင်မြင်မှုတွေအတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ ပရိသတ်ကြီးလည်း သူတို့(၃) ဦးအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးကြပါဦးနော်။

Writer- SMT(Shwe Yaung Lan)





