အမတေစျခု၊သားတစျခုဘဝမှာ မိခငျ ကားနဲ့တိုကျခံရလို့ ဆုံးသှားတော့ အငိုမတိတျနိုငျခဲ့တဲ့ ကလေးအဖွစျ

119

အမေ တစ်ခု၊သားတစ်ခု နဲ့ အသက်ရှင်ရတဲ့ ဘဝမှာ မမေ မရှိတော့ဘူးဆိုရင်…။ မလေးရှားနိုင်ငံက အသက်ငယ်ငယ်နဲ့ ကလေးတစ်ဦးဟာ သန့်ရှင်းရေးအလုပ်ကို လုပ်တဲ့ မိခင်နဲ့ အတူ နေထိုင်ပါတယ်။ သူ မိခင်နဲ့ အတူ နေရတာမို့ ဆင်းရဲပေမဲ့ အလွန် ပျော်ခဲ့တာပါ။

ဒါပေမဲ့ သူဟာ မိခင် ကားနဲ့ အတိုက် ခံရပြီး သေသွားလို့ တစ်ယောက်တည်း ကျန်ခဲ့တာကို သိတဲ့ အချိန်မှာ မတိတ်နိုင်အောင် ငိုခဲ့တာပါ။ကလေး အမေရဲ့ နာမည်ဟာ Lina ဖြစ်ပြီးTanjung Bunga Metro က၊ သန့်ရှင်းရေး အလုပ်သမား ဖြစ်ပါတယ်။

Lina ဟာ ကားတိုက်ခံရလို့ သေဆုံးသွားခဲ့ပြီး ကားမောင်းသူက ထွက်ပြေးသွားပါတယ်။ Lina ကို ဆေးရုံ ပို့ခဲ့ပြီး သူ့ရဲ့သားကလည်း သူ့ရဲ့အမေ သေဆုံးသွားတာကို သိပြီးနောက် ဆေးရုံကို အပြေးလာခဲ့ပါတယ်။ ကလေးဟာ ဆေးရုံကို ရောက်လာတဲ့ အချိန်မှာ ချွေးတွေ ထွက်နေခဲ့ပါတယ်။

ဆေးရုံကို ရောက်ပြီး ခဏအကြာမှာတော့ ကလေးဟာ သူ့အမေက သူ့ကို ထားသွားခဲ့ပြီ ဆိုတာကို သိပြီးနောက် ဆေးရုံမှာ မတိတ်နိုင်အောင် ငိုကြွေးခဲ့ပါတယ်။ ကလေးရဲ့ ပုံကို မြင်ရတဲ့ သူတိုင်းဟာ ကလေးကို အလွန် စာနာ သနားခဲ့ကြပါတယ်။

ကလေးလေးမှာ ဝမ်းကွဲ တစ်ဦး ရှိပြီး သူတို့ရဲ့ မိခင် သေဆုံးသွားပြီးနောက် သူ နဲ့ သူ့ရဲ့ ဝမ်းကွဲဟာ အားကိုးရာ မရှိတော့ဘဲ မိဘမဲ့ ကလေး ဖြစ်ခဲ့ပါပြီ။သူတို့ရဲ့ အိမ်နီးချင်း ဖြစ်သူက ကလေးလေးဟာ သူ့ရဲ့ အမေ နောက်ကို အမြဲလိုလို လိုက်သွားလေ့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ကလေးဟာ သူ့ရဲ့အမေ သန့်ရှင်းရေး အလုပ်လုပ်နေတဲ့ အချိန်မှာလည်း လမ်းဘေးမှာ ထိုင်ပြီး စောင့်လေ့ ရှိပါတယ်။ ဒီအကြောင်းအပြည့်စုံကို Makassar Info သတင်းက Instagram မှာ တင်ခဲ့ပြီး လူကြည့် အလွန် များခဲ့သလို ဖတ်ရသူတိုင်းကို ကြေကွဲစေခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )