ဖအေနဲ့သမီးလို့ ထင်နေကြပေမယ့်၊ လင်မယားဖြစ်နေလို့ အပြစ်ပြောခံနေရတဲ့စုံတွဲ

227

ဖအေနဲ့သမီးလို့ ထင်မှတ်ခံနေရတဲ့ သက်ကြီးအမျိုးသားနဲ့ အသက်(၂၆)နှစ်သာရှိသေးတဲ့ စုံတွဲဟာ အမှန်တကယ်မှာတော့ လင်မယားဖြစ်နေလို့ ဝေဖန်မှုတွေ အမျိုးမျိုးခံနေရတယ်လို့ သိရပါတယ်။ တကယ်တမ်းက လူတွေဟာ အသက်အရွယ်ကွာခြားချက်ကိုကြည့်ပြီး ဝေဖန်ကြတာပါ။

အချစ်မှာ အသက်အရွယ်ကွာခြားချက်တို့ ဘာတို့ဆိုတာ ကိုယ်တိုင်ချစ်မိသွားရင် မရှိတော့ပါဘူး။ တကယ်ချစ်ရင် ဘာသာစကားကွဲပြားမှုနဲ့ လူမျိုးမတူခြင်း၊ ကိုးကွယ်ရာ မတူခြင်း၊ ဇာတ်အနိမ့်အမြင့် မတူခြင်း စတာတွေကိုပါ ကျော်လွှားနိုင်မှာပါ။ ဒီအကြောင်းကိုတော့ WorldOfBuzz က ဖော်ပြထားပါတယ်။

ဒီသတင်းလေးကိုAlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် ဘာသာပြန်ပေးလိုက်တာပါ။ ခင်ပွန်းမှာ ထိုင်ဝမ်ဖြစ်ပြီး၊ ဇနီးကတော့ ဗီယက်နမ်ကပါတဲ့။ လူမှုကွန်ရက်ပေါ်မှာတော့ ကနဦးတုန်းက သူတို့နှစ်ဦးကို သားအဖလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် လင်မယားပါလို့လည်း ဆိုကော အပြစ်ပြောသူတွေ ရှိလာခဲ့တာပါ။

ခင်ပွန်းဖြစ်သူရဲ့အသက်ကိုတော့ တိတိကျကျ ရေးထားတာ မရှိပေမယ့် အနည်းဆုံးတော့ (၄၅~၅၀)လောက်ထိ ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ သူတို့အမည်တွေကိုလည်း သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါဘူးတဲ့။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Zawgyi ျဖင့္ဖတ္ရန္-

ဖေအနဲ႔သမီးလုိ႔ ထင္မွတ္ခံေနရတဲ့ သက္ႀကီးအမ်ိဳးသားနဲ႔ အသက္(၂၆)ႏွစ္သာရွိေသးတဲ့ စုံတြဲဟာ အမွန္တကယ္မွာေတာ့ လင္မယားျဖစ္ေနလုိ႔ ေဝဖန္မႈေတြ အမ်ိဳးမ်ိဳးခံေနရတယ္လုိ႔ သိရပါတယ္။ တကယ္တမ္းက လူေတြဟာ အသက္အရြယ္ကြာျခားခ်က္ကုိၾကည့္ၿပီး ေဝဖန္ၾကတာပါ။

အခ်စ္မွာ အသက္အရြယ္ကြာျခားခ်က္တုိ႔ ဘာတုိ႔ဆုိတာ ကုိယ္တုိင္ခ်စ္မိသြားရင္ မရွိေတာ့ပါဘူး။ တကယ္ခ်စ္ရင္ ဘာသာစကားကြဲျပားမႈနဲ႔ လူမ်ိဳးမတူျခင္း၊ ကိုးကြယ္ရာ မတူျခင္း၊ ဇာတ္အနိမ့္အျမင့္ မတူျခင္း စတာေတြကုိပါ ေက်ာ္လႊားႏုိင္မွာပါ။ ဒီအေၾကာင္းကိုေတာ့ WorldOfBuzz က ေဖာ္ျပထားပါတယ္။

ဒီသတင္းေလးကို AlinnMyay(အလင္းေျမ) ပရိသတ္ႀကီးအတြက္ ဘာသာျပန္ေပးလုိက္တာပါ။ ခင္ပြန္းမွာ ထုိင္ဝမ္ျဖစ္ၿပီး၊ ဇနီးကေတာ့ ဗီယက္နမ္ကပါတဲ့။ လူမႈကြန္ရက္ေပၚမွာေတာ့ ကနဦးတုန္းက သူတုိ႔ႏွစ္ဦးကို သားအဖလုိ႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ လင္မယားပါလုိ႔လည္း ဆုိေကာ အျပစ္ေျပာသူေတြ ရွိလာခဲ့တာပါ။

ခင္ပြန္းျဖစ္သူရဲ႕အသက္ကိုေတာ့ တိတိက်က် ေရးထားတာ မရွိေပမယ့္ အနည္းဆုံးေတာ့ (၄၅~၅၀)ေလာက္ထိ ရွိမယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။ သူတုိ႔အမည္ေတြကိုလည္း သတင္းမွာ ေဖာ္ျပထားျခင္းမရွိပါဘူး။ ဘာပဲျဖစ္ျဖစ္ သူတုိ႔ကေတာ့ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ပါဘူးတဲ့။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)