သေရမှာ နဲ့ သရဲထက် ပိုးဟပ်ကို ပိုကြောက်တဲ့ စင်ကာပူနိုင်ငံသူ၊သားများ
90
ကြောက်ရွံ့မှုနဲ့ ပက်သက်လာရင် လူတိုင်းမှာ ကြောက်ရွံ့မှု ကိုယ်စီ ရှိကြပါတယ်။ အများစုကတော့ သရဲ နဲ့ သေရမှာကို အလွန် ကြောက်ကြပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်င်သူ၊ သားတွေဟာ သေရမှာ ထက်စာရင် ပိုးဟပ်ကို ပိုကြောက်ကြပါတယ်။
စင်ကာပူနိုင်ငံသူ၊ သားတွေ အကြောက်ဆုံး (၁၅) ခုကို ထုတ်ပြန်တဲ့ အချိန်မှာ ပိုးဟပ်က (၄) နေရာမှာ ရှိပြီး သေဆုံးမှုက (၇) နေရာမှာ ရှိပါတယ်။
စင်ကာပူနိုင်ငံသူ၊ သားတွေရဲ့ ကြောက်ရွံ့မှုကို စစ်တမ်းကောက် လေ့လာခဲ့တာက “YouGov” အဖွဲ့ဖြစ်ပါတယ်။ “YouGov” အဖွဲ့ဟာ စင်ကာပူနိုင်ငံသူ၊ သားတွေရဲ့ ကြောက်ရွံ့မှုကို စစ်တမ်းကောက် လေ့လာပြီးနောက် အကြောက်ဆုံး (၁၅) ခုကို ထုတ်ပြန်ခဲ့ပါတယ်။
လေ့လာမှုမှာ၊ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားတွေဟာ အခြား ကြောက်စရာတွေထက် ပိုးဟပ်ကို ပိုကြောက်ကြတာ တွေ့ရပါတယ်။သူတို့ရဲ့အကြောက်ဆုံး (၁၅) ခုထဲက ထိပ်ဆုံး (၅) ခုမှာ၊ ရေနစ်မှု၊ မီး၊ တွားသွားသတ္တဝါ၊ ပိုးဟပ်၊ ရောဂါပဲ ဖြစ်ပါတယ်။
ကျန်တဲ့ (၆) ကနေ (၁၅) ခုမှာ၊ အမြင့်၊ သေဆုံးမှု၊ သရဲ၊ လူထု စကားပြော၊ ပင့်ကူ၊ တွင်းပေါက်၊ ပိတ်လှောင်ခန်း၊ သွားဆရာဝန်၊ အထီးကျန်မှု၊ အမှောင် စသဖြင့် ဖြစ်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက သေဆုံးမှုက (၇) နေရာ နဲ့ သရဲက (၈) နေရာ ဖြစ်နေတာပါပဲ။
YouGov က အသက် (၁၈-၂၈) နှစ်ကြားက လူငယ်တွေက အသက် (၅၅) နဲ့ အထက် လူကြီးတွေ ထက်စာရင် ပင့်ကူကို ပိုကြောက်ကြတယ်လို့ ဖော်ပြသွားတာပါ။
လူကြီးတွေဟာ လူငယ်တွေထက် ရောဂါကို ပိုကြောက်ကြတယ်လို့ ဖော်ပြပါတယ်။ သူတို့ရဲ့ နောက်ထပ် ထူးခြားမှု တစ်ခုလို့ ပြောနိုင် တာကတော့ သူတို့တွေဟာ အမှောင်ထက်စရာ သွားဆရာဝန်ကို ပိုပြီးတော့ ကြောက်ကြတာပါပဲ။
Ko Khant ( D Nae Khit Media )