အင်္ဂါ သားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ

408

ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့။စီးပွားတက်အံ့။ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့။အကောင်းပြော ချီးမွမ်းခံရလတ္တံ့။

တရားထူးအသိထူးရအံ့။ရာထူးတိုးလစာတိုးခြင်း၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။ကံတရာ သက်ရှိသက်မဲ့ အားလုံးတို့၏ မျက်နှာသာပေးခြင်း ခံရလတ္တံ့။စိတ်ထဲမှာ ဖြတ်ခနဲပေါ်လာလျှင် ဆတ်ခနဲ ထလုပ်ပါ။

ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်းဉာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများရလတ္တံ့။

ကောင်းသောအကြံအစည်ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။ စိတ်နှစ်ခွဖြစ်စရာများ ရွေးချယ်ရခက်သော အခြေအနေများကြုံရလတ္တံ့။ လူကြီးတစ်ယောက်၏အကူအညီ ကြီးကြီးမားမားရအံ့။

မိတ်ဆွေရင်း ဆရာရင်းများထံမှလည်း အကူအညီကောင်းများရအံ့။

ငွေရေးကြေးရေး – ငွေကြေးကံ အင်မတန်ကောင်းနေအံ့ ။ ရေစီးသလိုငွေဝင်နေအံ့ ။ နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့။

ဝင်သလောက် သုံးဖြုန်းမိနေအံ့ ။ မလိုအပ်သည့်နေရာများတွင် မသုံးမိရန်သတိပြုပါ။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ။

ငွေရေးကြေးရေး အထူးယတြာ – ခြေသည်း လက်သည်း ဆံပင် အမှိုက် ကော်ပစ္စည်းအစုတ်များကို ကော်ဗူးအစုတ်ထဲတွင်ထည့်ပြီး နောက်ဖေးတွင် မကြာခဏစွန့်ရင်း ဆုတောင်းပါ။

( ဝင်လာသမျှငွေတွေကို မလေလွင့်အောင် အထူးဂရုပြုပါ)

ထီထိုးကံစမ်းရန် – စမူဆာနှင့်လက်ဖက်ရည် ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။

ပြီးလျှင် ( စ ဆ ဇ စျ ည ရ ယ လ ၀ ) ပါသောထီဆိုင်တွင် (၃) နှင့် (၄) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ်။ အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရအံ့။

ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေအံ့။ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့။ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။

အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကာင်းများရလတ္တံ့။အိမ်ထောင်ဖက်ကို အကြောင်းပြု၍စီးပွားတက်အံ့။ စိတ်ချမ်းသာ ပျော်ရွှင်ရအံ့။

အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ ၊ နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ ၊ ပညာရေး ၊ ဆရာအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေအထူးလုပ်ရန်မလိုပါ ။ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ။

ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ဆရာကောင်း သမားကောင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရအံ့။

မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်လတ္တံ့။

ပညာရေးကံကောင်းစေရန် – မနက်စောစော လက်ဖက်ရည်(၄)ခွက်၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊

ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ရွှေရည် ငွေရည် ထည့်ပြီး ရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – သောကြာနေ့ည …။ သံပုံး တစ်ခုထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။

အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။

မကောင်းတဲ့အခို်ကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ပန်းအဝါ (၅)ပွင့် နဲ့ရိုက်ပေးပါ …။

ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ (၄၀) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို

မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အည့ံများ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း