နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်

118

လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး ရေပြင်/ မြေပြင်လေ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၈ ပေမှ ၁၂ ပေလောက်ရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျှောက်မှာတော့ ၄ ပေမှ ၇ ပေလောက် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

This news is published with the permission of DVB TV News.

ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ပိုမိုအားေကာင္းလာၿပီး ၄၈ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

ဒီေန႔မနက္ ၆ နာရီခြဲ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ အေနာက္-အေနာက္ေျမာက္ဘက္ကို ေ႐ြ႕လ်ားကာ ပိုမိုအားေကာင္းလာႏိုင္ၿပီး ေနာက္ ၄၈ နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းမွာ မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိလာႏိုင္တယ္လို႔ ဆိုပါတယ္။

တနသၤာရီတိုင္း၊ ကရင္နဲ႔မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္းနဲ႔ ဧရာဝတီတိုင္းတို႔မွာ ေနရာက်ဲက်ဲႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ရွမ္း၊ ရခိုင္နဲ႔ ကယားျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာၿပီး က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းမယ္လို႔ ခန႔္မွန္းထားပါတယ္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ၿပီး ေရျပင္/ ေျမျပင္ေလ တစ္နာရီလွ်င္ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ပါတယ္။

ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္- တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ လႈိင္းအျမင့္ ၈ ေပမွ ၁၂ ေပေလာက္ရွိႏိုင္ၿပီး ရခိုင္ကမ္း႐ိုးတန္းတေလွ်ာက္မွာေတာ့ ၄ ေပမွ ၇ ေပေလာက္ ရွိႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြင္းမွာလည္း ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

This news is published with the permission of DVB TV News.