သွေးစစ်ရုံနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်မဖြစ်နိုင် (၅)နှစ်စောပြီး ကြိုတင်သိရှိနိုင်တော့မည်

93

အမျိုးသမီးတွေအတွက် သတင်းကောင်းလေးကို AlinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ အမျိုးသမီးတွေ ကြောက်ရွံ့နေရတဲ့ ရင်သားကင်ဆာကို လာမယ့် (၄)နှစ်လောက်အတွင်းမှာ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်တော့မှာလို့ သိရပါတယ်။

ဒီအကြောင်းကို DailyMail က ဖော်ပြထားတာ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်ပြီးမှ ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုတဲ့ စကားအတိုင်း၊ အခုအခါမှာတော့ သွေးစစ်ရုံနဲ့ ရင်သားကင်ဆာ ရောဂါလက္ခဏာတွေ စတင်မပြခင် (၅)နှစ်စောပြီး ကြိုတင်သိရှိရမှာပါ။

ဒီစမ်းသပ်မှုဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် လာမယ့် (၄)နှစ်လောက်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတော့မှာလို့ သိရပါတယ်။ ဒီစမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့အဖွဲ့ကတော့ University of Nottingham မှ Centre of Excellence for Autoimmunity in Cancer (CEAC) ဌာနမှ ဖြစ်ပါတယ်။

ကင်ဆာဖြစ်မယ့်သူတွေဟာ ရောဂါမဖြစ်ခင် နှစ်တော်တော်များများကြိုပြီး ကင်ဆာဆဲလ်တွေက ထုတ်လွှတ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး သွေးထဲကို ထုတ်လွှတ်လေ့ရှိကြောင်း၊ အဲဒီကင်ဆာဆဲလ်တွေကို သွေးထဲမှာ ပင်ကိုယ်သဘာဝကိုယ်ခံအားစနစ်က တိုက်ထုတ်နိုင်ခြင်း ရှိမရှိကို စမ်းသပ်တာဖြစ်ပါတယ်။

မကြာသေးမီကပဲ CEAC အဖွဲ့ဟာ ကင်ဆာခံစားနေရသူ အမျိုးသမီး(၉၀)နဲ့၊ ကင်ဆာကင်းစင်တဲ့ အမျိုးသမီး(၉၀)ကို ဒီစနစ်အတိုင်း စမ်းသပ်ခဲ့ရာ၊ အောင်မြင်ခဲ့ပါတယ်။ ဒီလိုပဲ လောလောဆယ် အမျိုးသမီး ထောင်ဂဏန်းခန့်ကို ဆက်လက် စမ်းသပ်နေပြီး၊ ပိုကောင်းတဲ့ ရလဒ်တွေကို မျှော်လင့်နေပါတယ်။ မကြာမီမှာ အများပြည်သူ အသုံးပြုနိုင်ဖွယ်ရာ ရှိနေပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)

Zawgyi ျဖင့္ဖတ္ရန္-

အမ်ိဳးသမီးေတြအတြက္ သတင္းေကာင္းေလးကို AlinnMyay(အလင္းေျမ) ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးခ်င္ပါတယ္။ အမ်ိဳးသမီးေတြ ေၾကာက္ရြံ႕ေနရတဲ့ ရင္သားကင္ဆာကို လာမယ့္ (၄)ႏွစ္ေလာက္အတြင္းမွာ မျဖစ္ခင္က ႀကိဳတင္ကာကြယ္ႏုိင္ေတာ့မွာလုိ႔ သိရပါတယ္။

ဒီအေၾကာင္းကုိ DailyMail က ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ႀကိဳတင္ကာကြယ္ျခင္းဟာ ျဖစ္ၿပီးမွ ကုသျခင္းထက္ ပုိၿပီးထိေရာက္တယ္ဆုိတဲ့ စကားအတုိင္း၊ အခုအခါမွာေတာ့ ေသြးစစ္႐ုံနဲ႔ ရင္သားကင္ဆာ ေရာဂါလကၡဏာေတြ စတင္မျပခင္ (၅)ႏွစ္ေစာၿပီး ႀကိဳတင္သိရွိရမွာပါ။

ဒီစမ္းသပ္မႈဟာ အျပဳသေဘာေဆာင္တဲ့ လကၡဏာေတြ ေတြ႕ရတာေၾကာင့္ လာမယ့္ (၄)ႏွစ္ေလာက္မွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳေတာ့မွာလုိ႔ သိရပါတယ္။ ဒီစမ္းသပ္မႈကို ဦးေဆာင္ခဲ့တဲ့အဖြဲ႕ကေတာ့ University of Nottingham မွ Centre of Excellence for Autoimmunity in Cancer (CEAC) ဌာနမွ ျဖစ္ပါတယ္။

ကင္ဆာျဖစ္မယ့္သူေတြဟာ ေရာဂါမျဖစ္ခင္ ႏွစ္ေတာ္ေတာ္မ်ားမ်ားႀကိဳၿပီး ကင္ဆာဆဲလ္ေတြက ထုတ္လႊတ္တဲ့ ဓာတ္ပစၥည္းတစ္မ်ိဳး ေသြးထဲကို ထုတ္လႊတ္ေလ့ရွိေၾကာင္း၊ အဲဒီကင္ဆာဆဲလ္ေတြကို ေသြးထဲမွာ ပင္ကိုယ္သဘာဝကိုယ္ခံအားစနစ္က တုိက္ထုတ္ႏုိင္ျခင္း ရွိမရွိကုိ စမ္းသပ္တာျဖစ္ပါတယ္။

မၾကာေသးမီကပဲ CEAC အဖြဲ႕ဟာ ကင္ဆာခံစားေနရသူ အမ်ိဳးသမီး(၉၀)နဲ႔၊ ကင္ဆာကင္းစင္တဲ့ အမ်ိဳးသမီး(၉၀)ကို ဒီစနစ္အတုိင္း စမ္းသပ္ခဲ့ရာ၊ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလုိပဲ ေလာေလာဆယ္ အမ်ိဳးသမီး ေထာင္ဂဏန္းခန္႔ကုိ ဆက္လက္ စမ္းသပ္ေနၿပီး၊ ပုိေကာင္းတဲ့ ရလဒ္ေတြကို ေမွ်ာ္လင့္ေနပါတယ္။ မၾကာမီမွာ အမ်ားျပည္သူ အသုံးျပဳနုိင္ဖြယ္ရာ ရွိေနပါတယ္။

နတ္သူႀကီး-AlinnMyay(အလင္းေျမ)