အမြန်လမ်းပေါ်ကားပျက်နေ၍ ကားရပ်ထားချိန် ကားမှန်ကိုရိုက်ခွဲ လူကိုပါရိုက်ပြီး ရွှေငွေများလုယက်မှုဖြစ်

461

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ၀၅၃၀ အချိန် ဥတ္တရသီရိမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၁၂/၇)နှင့် (၂၁၃/၀)ကြား လမ်းဘေးမြေသားလမ်း၌ ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ မောင်ဝင်းချို(၂၃)နှစ် မောင်းနှင်ပြီး မဇင်မာဝေ(၃၂)နှစ် လိုက်ပါလာသော YGN 9Q/×××× HIJET ယာဉ်မှာ ပန့်ပျက်၍ ညအိပ်ရပ်နားထားစဉ် အမျိုးသား ၃ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး အသင့် ပါလာသော သစ်သားချောင်းဖြင့် ကားမှန်တံခါးများအား ရိုက်ခွဲခဲ့ပါသည်။

၎င်းနောက် မောင်ဝင်းချို အား ရိုက်နှက်၍ ယာဉ်ရှေ့ခန်းရှိ ငွေကျပ် ၇ သိန်းခန့်ပါ ပိုက်ဆံအိတ် ၁ လုံး၊ ရွှေဆွဲကြိုး ၁ ကုံးနှင့် ဖုန်း ၁ လုံးတို့အား ယူဆောင်ကာ လမ်းမကြီးဘေး တောအတွင်းသို့ ထွက်ပြေးသွားခဲ့ပါသည်။

သစ်သားချောင်းဖြင့် ရိုက်နှက်မှုကြောင့် မောင်ဝင်းချိုတွင် ယာလက်ခုံပေါက်ပြဲဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အမျိုးသား ၃ ဦး(စိစစ်ဆဲ) အား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း (ပ)၉၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၄၂၇ (လုယက်စဉ် နာကျင်စေမှု/အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း ဓာတ်ပုံ – ပြည်ထဲရေး #AlinnMyay(အလင်းမြေ)

(Zawgyi)

အျမန္လမ္းေပၚကားပ်က္ေန၍ ကားရပ္ထားခ်ိန္ ကားမွန္ကိုရိုက္ခြဲ လူကိုပါရိုက္ၿပီး ေရႊေငြမ်ားလုယက္မႈျဖစ္

နိုဝင္ဘာလ (၅) AlinnMyay(အလင္းေျမ)

၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၃ ရက္ေန႔ ၀၅၃၀ အခ်ိန္ ဥတၱရသီရိၿမိဳ႕နယ္၊ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္(၂၁၂/၇)ႏွင့္ (၂၁၃/၀)ၾကား လမ္းေဘးေျမသားလမ္း၌ ရန္ကုန္ဘက္မွ မႏၲေလး ဘက္သို႔ ေမာင္ဝင္းခ်ိဳ(၂၃)ႏွစ္ ေမာင္းႏွင္ၿပီး မဇင္မာေဝ(၃၂)ႏွစ္ လိုက္ပါလာေသာ YGN 9Q/×××× HIJET ယာဥ္မွာ ပန႔္ပ်က္၍ ညအိပ္ရပ္နားထားစဥ္ အမ်ိဳးသား ၃ ဦး(စိစစ္ဆဲ) ေရာက္ရွိလာၿပီး အသင့္ ပါလာေသာ သစ္သားေခ်ာင္းျဖင့္ ကားမွန္တံခါးမ်ားအား ႐ိုက္ခြဲခဲ့ပါသည္။

၎ေနာက္ ေမာင္ဝင္းခ်ိဳ အား ႐ိုက္ႏွက္၍ ယာဥ္ေရွ႕ခန္းရွိ ေငြက်ပ္ ၇ သိန္းခန္႔ပါ ပိုက္ဆံအိတ္ ၁ လုံး၊ ေ႐ႊဆြဲႀကိဳး ၁ ကုံးႏွင့္ ဖုန္း ၁ လုံးတို႔အား ယူေဆာင္ကာ လမ္းမႀကီးေဘး ေတာအတြင္းသို႔ ထြက္ေျပးသြားခဲ့ပါသည္။

သစ္သားေခ်ာင္းျဖင့္ ႐ိုက္ႏွက္မႈေၾကာင့္ ေမာင္ဝင္းခ်ိဳတြင္ ယာလက္ခုံေပါက္ၿပဲဒဏ္ရာ ၁ ခ်က္ (မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၿပီး အမ်ိဳးသား ၃ ဦး(စိစစ္ဆဲ) အား ပန္းတင္အျမန္လမ္းမႀကီးရဲစခန္း (ပ)၉၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၄၂၇ (လုယက္စဥ္ နာက်င္ေစမႈ/အက်ိဳးဖ်က္ဆီးမႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

သတင္း ဓာတ္ပံု – ျပည္ထဲေရး #AlinnMyay(အလင္းေျမ)