နင်လားဟဲ့ ဆင်တုတ်ကွေး.. နင်လားဟဲ့ ညောင်းကိုက်နေတာ
110
ဆင်တုတ်ကွေးဖြစ်လို့ ဆေးထိုးပြီး ဆေးသောက်ပြီး သက်သာသွားလိမ့်မယ်။ ထိုးဆေး သောက်ဆေးနားလိုက်တော့ ညောင်းကိုက်နေမယ်။ အရိုးတွေ အဆစ်တွွေနာလာပြီး လမ်းတောင်း ကောင်းကောင်း မလျှောက်နိုင်အောင် ဖြစ်လာလိမ့်မယ်။
အင်္ဂလိပ်ဆေးက အခန့်မသင့်ရင် အစာအိမ်သမားအတွက်က တစ်ပူပေါ် နှစ်ပူဆင့်သလို ခံရခက်သွားတတ်တဲ့ အဖြစ်မို့ အဖျားပျောက်အောင်သောက်ပြီး ရပ်ထားလိုက်ပါ။ အခု လက်တွေ့ပျောက်ကင်းသွားတဲ့နည်း တစ်ခု ပေးလိုက်ပါရစေ။ အားလည်းရှိမယ် ဘေးလည်းမဖြစ်ဘူး။ သာမန် ဟင်းစားတစ်မျိုးဖြစ်လို့ အထူးတလည် အချိန်ပေးပြီး လုပ်စားရမှာလည်းမဟုတ်ဘူး။ ရုံးပတီသီးကို ကျက်ရုံကလေး ကြော်ချက်စားပေးလိုက်ရုံလေးပါ။ ရက်တစ်ပတ်လုံး ရုံးပတီသီးဟင်းတစ်ခွက်ကို ထမင်းစားတိုင်း စားနိုင်သလောက် စားပေးပါ။ တစ်ပတ်အတွင်း ညောင်းတာတွေ အရိုးအဆစ်ကိုက်တာနာတာတွေ အားလုံး ပျောက်ကင်းသွားပါလိမ့်မယ်။
ဒီနည်းလေးကို ကိုယ်တိုင်ဖြစ်ရင်လည်းသုံး။ မိသားစု ထဲကဖြစ်ရင်လည်း ပြုလုပ်ပြီးကျွေးပါ။ ဒါ့အပြင် အခြားသူများအတွက်လည်း သိနိုင်သလောက် သိအောင် မျှဝေပြီး ကုသိုလ်ယူလိုက်ပါလို့ တောင်းဆိုးလိုက်ပါရစေနော်..။
အားလုံးအားလုံး ရောဂါကင်းစင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အွန်လိုင်းပေးမှ တွေ့လို့ ApannPyay မှ ကိုးကားတင်ပြလိုက်ခြင်းဖြစ်ပါသည်။
(Zawgyi)