ထီပေါက်သည်ဟု ပြောဆိုပြီး ငွေ လိမ်လည် ရယူသွားသူများအား ဖမ်းဆီးရမိ

112

၂၅-၁၀-၂၀၁၉ ရက်နေ့ နေ့လည် (၁)နာရီအချိန်ခန့် ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ စောမူးသာ သည် နေအိမ်တွင်ရှိနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၇)ရပ်ကွက်နေ ကြည်ထွန်း နှင့် အောင်ဝင်းမြင့် တို့ (၂) ဦးရောက်ရှိလာပြီး စောမူးသာနှင့် ယောက္ခမ ဖြစ်သူ ဦးဘော်ဖား နေသူတို့ (၂)ဦးအား (၉) ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်(၁၀)စောင် တွဲ(၁)ကဒ် အား (၂၅၀၀ဝိ/-)ကျပ်ဖြင့် လာရောက် ရောင်းချ သဖြင့် ဝယ်ယူခဲ့ပါသည်။

၂၇-၁၀-၂၀၁၉ ရက်နေ့ နေ့လည် (၃)နာရီအချိန်ခန့်တွင် ကြည်ထွန်း နှင့် အောင်ဝင်းမြင့် တို့ (၂)ဦး ထပ်မံရောက်ရှိလာပြီး ထီလက်မှတ်(၁၀)စောင်တွဲ(၂) ကဒ်အား(၅)ဦးသာ ရောင်းချမည် ဖြစ်ပြီး (၄)ဦးမှာ ငွေကျပ် သိန်း(၁၀၀၀) ပေါက်မည်ဖြစ်ကြောင်းနှင့် ထီပေါက်ပါက ၎င်းတို့အား ပဉ္ဇင်းခံ ပေးရန် ပြောဆိုသဖြင့် ထီလက်မှတ် (၁၀)စောင်တွဲ (၂)ကဒ်အား (၅)သိန်းကျပ်ဖြင့် ရောင်းချသဖြင့် ဝယ်ယူ ထားခဲ့ပါသည်။

၂၉-၁၀-၂၀၁၉ ရက်နေ့ ည (၇)နာရီအချိန်ခန့် ကြည်ထွန်း နှင့် အောင်ဝင်းမြင့် တို့(၂)ဦးတို့ ထပ်မံ ရောက်ရှိလာပြီး ငွေကျပ် သိန်း(၁၀၀၀)ဆုပေါက်သည်ဟု ပြောကာ ငွေကျပ် သိန်း(၁၀၀၀) ဆုကြီးဟု ရေးသား ထားသည့် ငွေစက္ကူစာအိတ်အား ကိုင်စေပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ၎င်းဆုကြီးပေါက် သည့် အတွက် နိုင်ငံတော် အစိုးရအား ငွေကျပ်(၁၅)သိန်းအခွန်ဆောင်ရမည်ဟုပြောသဖြင့် ငွေကျပ် (၁၅)သိန်း ပေး ခဲ့ပါသည်။

၃၀-၁၀-၂၀၁၉ ရက်နေ့ ညနေ (၅)နာရီအချိန်ခန့် စောမူးသာထံသို့ အမည်မသိတစ်ဦးမှ လက်ကိုင်ဖုန်း နံပါတ်ဖြင့် ခေါ်ဆိုလာပြီး ” မင်းယောက္ခမ ဦးဘော်ဖား သိန်း(၁၀၀၀)ထီပေါက်တာ မိဘမဲ့ကလေးများကို လှူရန် အတွက် ငွေကျပ်(၁၀)သိန်းပေးလိုက်အုံး၊ ငါ့တပည့် လွှတ်လိုက်မည် “ဟု ပြောဆိုကာ ဖုန်းချသွားခဲ့ ပြီးနောက် ကြည်ထွန်း ရောက်ရှိလာပြီး ငွေကျပ် (၁၀)သိန်းအား ယူဆောင်သွားခဲ့ပါသည်။

၁-၁၁-၂၀၁၉ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့် ထိုဖုန်းဖြင့် ထပ်မံဆက်သွယ်လာပြီး ကျပ်သိန်း (၂၀၀၀)ဆု ပေါက်သည်ဟုပြော၍ နိုင်ငံတော်အား အခွန်ပေးဆောင်ရန်ပြောသဖြင့် စောမူးသာနှင့် ဦးဘော်ဖား တို့မှ ငွေကျပ် သိန်း (၂၀)အား သွားရောက်ပေးအပ်ခဲ့ရာ ကြည်ထွန်းနှင့် ကျော်စွာ တို့မှ လာရောက် ယူဆောင် သွားခဲ့ပါသည်။ ည (၇)နာရီအချိန်ခန့် ထိုဖုန်းဖြင့် ထပ်မံ ဆက်သွယ်လာပြီး

ကျပ်သိန်း (၂၀၀၀)ဆု ပေါက်သည့် အတွက် နိုင်ငံတော် အစိုးရအား ငွေကျပ်သိန်း (၅၀)သွင်းပြီးမှ ယခုပေါက်သည့် ကျပ် သိန်း(၂၀၀၀)ဆုကို ၇-၁၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် စောမူးသာ သည် “ငွေရှာအုံးမယ်”ဟု ပြန်လည်ပြော ဆိုခဲ့ပြီးနောက် ၂-၁၁-၂၀၁၉ ရက်နေ့ ၀၇၀၀ အချိန် စောမူးသာသည် သိန်း (၁၀၀၀)ဆု စာတမ်းပါ စာအိတ်အား ဖွင့်ကြည့်ရာ (၉)ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်(၁) စောင် အားတွေ့ရပြီး

ထီပေါက်စဉ်ဖြင့် တိုက်ကြည့် ရာ ကျပ်သိန်း(၁၀၀၀) ဆုပေါက်သည့် ထီလက်မှတ် မဟုတ် ကြောင်း သိရှိခဲ့ရ၍ ၃-၁၁-၂၀၁၉ ရက်နေ့တွင် ကျောက်ကြီးမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ရဲတပ်ဖွဲ့မှ သိန်း (၅၀)အား ပေးမည်ဟု ပြောဆိုစေပြီး နေရာအား ချိန်းဆိုခိုင်းသဖြင့် စောမူးသာ မှ ကျောက်ကြီးမြို့၊ တြိဂံလမ်းဆုံ၊ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့သို့ ချိန်းဆိုခဲ့ပြီးနောက်

ကျောက်ကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့မှ သွားရောက် စောင့်ဆိုင်းခဲ့ရာ ကြည်ထွန်း တစ်ဦးတည်းသာ ရောက်ရှိလာသဖြင့် ဖမ်းဆီး စစ်ဆေးနေစဉ် ကျော်စွာ မှ ကြည်ထွန်း ထံသို့ ဖုန်းဖြင့် ဆက်သွယ်လာခဲ့ပြီး ၎င်းမှာ ကျောက်ကြီးမြို့၊ သိန်တန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ရောက်ရှိနေသည်ကို ပြောပြသိရှိရ၍

ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ နေရာသို့ ထပ်မံ သွားရောက် ဖမ်းဆီးရမိခဲ့ပါသည်။ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ကျန်ရှိ တရားခံ အောင်ဝင်းမြင့် အား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းမှာ ခေတ္တ တည်းခိုနေထိုင်ရာ ငှားယမ်းထားသည့် ဆိပ်ကြီးရပ်ကွက်ရှိ နေအိမ်တွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိကြောင်း သိရှိရသဖြင့်

ကျောက်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သွားရောက် ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်း (ပ)၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု/ လိမ် လည်အတုပြုမှု)ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံ(၃)ဦးအား ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည် ။

Bago Regional Police Force

၂၅-၁၀-၂၀၁၉ ရက္ေန႔ ေန႔လည္ (၁)နာရီအခ်ိန္ခန႔္ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ကၽြန္းကုန္းေက်းရြာေန ေစာမူးသာ သည္ ေနအိမ္တြင္ရွိေနစဥ္ ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၊(၇)ရပ္ကြက္ေန ၾကည္ထြန္း ႏွင့္ ေအာင္ဝင္းျမင့္ တို႔ (၂) ဦးေရာက္ရွိလာၿပီး ေစာမူးသာႏွင့္ ေယာကၡမ ျဖစ္သူ ဦးေဘာ္ဖား ေနသူတို႔ (၂)ဦးအား (၉) ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီလက္မွတ္(၁၀)ေစာင္ တြဲ(၁)ကဒ္ အား (၂၅၀၀ဝိ/-)က်ပ္ျဖင့္ လာေရာက္ ေရာင္းခ် သျဖင့္ ဝယ္ယူခဲ့ပါသည္။

၂၇-၁၀-၂၀၁၉ ရက္ေန႔ ေန႔လည္ (၃)နာရီအခ်ိန္ခန္႔တြင္ ၾကည္ထြန္း ႏွင့္ ေအာင္ဝင္းျမင့္ တို႔ (၂)ဦး ထပ္မံေရာက္ရွိလာၿပီး ထီလက္မွတ္(၁၀)ေစာင္တြဲ(၂) ကဒ္အား(၅)ဦးသာ ေရာင္းခ်မည္ ျဖစ္ၿပီး (၄)ဦးမွာ ေငြက်ပ္ သိန္း(၁၀၀၀) ေပါက္မည္ျဖစ္ေၾကာင္းႏွင့္ ထီေပါက္ပါက ၎တို႔အား ပဥၨင္းခံ ေပးရန္ ေျပာဆိုသျဖင့္ ထီလက္မွတ္ (၁၀)ေစာင္တြဲ (၂)ကဒ္အား (၅)သိန္းက်ပ္ျဖင့္ ေရာင္းခ်သျဖင့္ ဝယ္ယူ ထားခဲ့ပါသည္။

၂၉-၁၀-၂၀၁၉ ရက္ေန႔ ည (၇)နာရီအခ်ိန္ခန႔္ ၾကည္ထြန္း ႏွင့္ ေအာင္ဝင္းျမင့္ တို႔(၂)ဦးတို႔ ထပ္မံ ေရာက္ရွိလာၿပီး ေငြက်ပ္ သိန္း(၁၀၀၀)ဆုေပါက္သည္ဟု ေျပာကာ ေငြက်ပ္ သိန္း(၁၀၀၀) ဆုႀကီးဟု ေရးသား ထားသည့္ ေငြစကၠဴစာအိတ္အား ကိုင္ေစၿပီး မွတ္တမ္းဓါတ္ပုံရိုက္ကာ ၎ဆုႀကီးေပါက္ သည့္ အတြက္ နိုင္ငံေတာ္ အစိုးရအား ေငြက်ပ္(၁၅)သိန္းအခြန္ေဆာင္ရမည္ဟုေျပာသျဖင့္ ေငြက်ပ္ (၁၅)သိန္း ေပး ခဲ့ပါသည္။

၃၀-၁၀-၂၀၁၉ ရက္ေန႔ ညေန (၅)နာရီအခ်ိန္ခန႔္ ေစာမူးသာထံသို႔ အမည္မသိတစ္ဦးမွ လက္ကိုင္ဖုန္း နံပါတ္ျဖင့္ ေခၚဆိုလာၿပီး ” မင္းေယာကၡမ ဦးေဘာ္ဖား သိန္း(၁၀၀၀)ထီေပါက္တာ မိဘမဲ့ကေလးမ်ားကို လႉရန္ အတြက္ ေငြက်ပ္(၁၀)သိန္းေပးလိုက္အုံး၊ ငါ့တပည့္ လႊတ္လိုက္မည္ “ဟု ေျပာဆိုကာ ဖုန္းခ်သြားခဲ့ ၿပီးေနာက္ ၾကည္ထြန္း ေရာက္ရွိလာၿပီး ေငြက်ပ္ (၁၀)သိန္းအား ယူေဆာင္သြားခဲ့ပါသည္။

၁-၁၁-၂၀၁၉ ရက္ေန႔ နံနက္ (၉)နာရီအခ်ိန္ခန႔္ ထိုဖုန္းျဖင့္ ထပ္မံဆက္သြယ္လာၿပီး က်ပ္သိန္း (၂၀၀၀)ဆု ေပါက္သည္ဟုေျပာ၍ နိုင္ငံေတာ္အား အခြန္ေပးေဆာင္ရန္ေျပာသျဖင့္ ေစာမူးသာႏွင့္ ဦးေဘာ္ဖား တို႔မွ ေငြက်ပ္ သိန္း (၂၀)အား သြားေရာက္ေပးအပ္ခဲ့ရာ ၾကည္ထြန္းႏွင့္ ေက်ာ္စြာ တို႔မွ လာေရာက္ ယူေဆာင္ သြားခဲ့ပါသည္။ ည (၇)နာရီအခ်ိန္ခန႔္ ထိုဖုန္းျဖင့္ ထပ္မံ ဆက္သြယ္လာၿပီး

က်ပ္သိန္း (၂၀၀၀)ဆု ေပါက္သည့္ အတြက္ နိုင္ငံေတာ္ အစိုးရအား ေငြက်ပ္သိန္း (၅၀)သြင္းၿပီးမွ ယခုေပါက္သည့္ က်ပ္ သိန္း(၂၀၀၀)ဆုကို ၇-၁၁-၂၀၁၉ ရက္ေန႔တြင္ ထုတ္ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ ေစာမူးသာ သည္ “ေငြရွာအုံးမယ္”ဟု ျပန္လည္ေျပာ ဆိုခဲ့ၿပီးေနာက္ ၂-၁၁-၂၀၁၉ ရက္ေန႔ ၀၇၀၀ အခ်ိန္ ေစာမူးသာသည္ သိန္း (၁၀၀၀)ဆု စာတမ္းပါ စာအိတ္အား ဖြင့္ၾကည့္ရာ (၉)ႀကိမ္ေျမာက္ ေအာင္ဘာေလ ထီလက္မွတ္(၁) ေစာင္ အားေတြ႕ရၿပီး

ထီေပါက္စဥ္ျဖင့္ တိုက္ၾကည့္ ရာ က်ပ္သိန္း(၁၀၀၀) ဆုေပါက္သည့္ ထီလက္မွတ္ မဟုတ္ ေၾကာင္း သိရွိခဲ့ရ၍ ၃-၁၁-၂၀၁၉ ရက္ေန႔တြင္ ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းသို႔ ဆက္သြယ္အေၾကာင္းၾကားခဲ့ပါသည္။ ရဲတပ္ဖြဲ႕မွ သိန္း (၅၀)အား ေပးမည္ဟု ေျပာဆိုေစၿပီး ေနရာအား ခ်ိန္းဆိုခိုင္းသျဖင့္ ေစာမူးသာ မွ ေက်ာက္ႀကီးၿမိဳ႕၊ ႀတိဂံလမ္းဆုံ၊ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္ထုေရွ႕သို႔ ခ်ိန္းဆိုခဲ့ၿပီးေနာက္

ေက်ာက္ႀကီး ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တို႔မွ သြားေရာက္ ေစာင့္ဆိုင္းခဲ့ရာ ၾကည္ထြန္း တစ္ဦးတည္းသာ ေရာက္ရွိလာသျဖင့္ ဖမ္းဆီး စစ္ေဆးေနစဥ္ ေက်ာ္စြာ မွ ၾကည္ထြန္း ထံသို႔ ဖုန္းျဖင့္ ဆက္သြယ္လာခဲ့ၿပီး ၎မွာ ေက်ာက္ႀကီးၿမိဳ႕၊ သိန္တန္းရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္တြင္ ေရာက္ရွိေနသည္ကို ေျပာျပသိရွိရ၍

ရဲတပ္ဖြဲ႕ဝင္မ်ားမွ အဆိုပါ ေနရာသို႔ ထပ္မံ သြားေရာက္ ဖမ္းဆီးရမိခဲ့ပါသည္။ ၅-၁၁-၂၀၁၉ ရက္ေန႔တြင္ က်န္ရွိ တရားခံ ေအာင္ဝင္းျမင့္ အား ဖမ္းဆီးရမိေရး ဆက္လက္စုံစမ္းေဆာင္ရြက္ခဲ့ရာ ၎မွာ ေခတၱ တည္းခိုေနထိုင္ရာ ငွားယမ္းထားသည့္ ဆိပ္ႀကီးရပ္ကြက္ရွိ ေနအိမ္တြင္ ေခတၱတည္းခိုေနထိုင္လ်က္ရွိေၾကာင္း သိရွိရသျဖင့္

ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သြားေရာက္ ဖမ္းဆီးရမိခဲ့ပါသည္။ အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ေက်ာက္ႀကီးၿမိဳ႕မရဲစခန္း (ပ)၈၀/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၄၂၀/၄၆၈ (လိမ္လည္မႈ/ လိမ္ လည္အတုျပဳမႈ)ျဖင့္ အမႈဖြင့္ထားရွိၿပီး တရားခံ(၃)ဦးအား ဥပေဒႏွင့္အညီ တရားစြဲတင္နိုင္ေရး ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရွိရပါသည္ ။

Bago Regional Police Force