ကထိန်အလှူမှာ ထမင်းလာစားကြပါလို့ ဖိတ်ခေါ်လိုက်တဲ့ စိုးမြတ်နန္ဒာ

104

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာ ကထိန်အလှူပြုလုပ်မည်

သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနှင့် သူရဲ့ Fan Group တွေက နိုဝင်ဘာလ (၁၁)ရက်နေ့ ကျိုက်ထိုမြို့ က တောင်ရိပ်စံကျောင်း မှာ ကထိန်အလှူ ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ Fan Group သည် ကထိန်အလှူ ပြုလုပ်လာခဲ့သည်မှာ ၅နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယမန်နှစ်ကလည်း တောင်ရိပ်စံကျောင်း၌ပင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ စိုးမြတ်နန္ဒာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ကျိုက်ထိုအနီးတစ်ဝိုက်က ချစ်သောသူများလည်း ကထိန်အလှူမှာ ထမင်းလာစားကြပါလို့ ဖိတ်ခေါ်ထားကြောင်းတွေ့ရပါတယ်။

ဓာတ်ပုံ – SOE MYAT NANDAR

#ကထိန်အလှူ #soemyatnandarsfangroup #Soemyatnandar #AlinnMyay(အလင်းမြေ)


နိုဝင်ဘာ(၆)#AlinnMyay(အလင်းမြေ)



